ဟစ်တလာရဲ့ လျှို့ဝှက် UFO ကို အမေရိကန်တို့ ခိုးယူခဲ့သလား

Post Views:
9
ဟစ်တလာရဲ့ လျှို့ဝှက် UFO ကို အမေရိကန်တို့ ခိုးယူခဲ့သလား
နာဇီသိပ္ပံပညာရှင်တို့ဟာ မဟာမိတ်တွေကိုအောင်နိုင်ဖို့ အချိန်ခရီးသွားနိုင်တဲ့ UFO ကိုပြုလုပ်ခဲ့သလားဆိုတာ ခုထိ ပဟေဠိတစ်ခု ဖြစ်နေပါတယ်။
Die Glocke ( the bell ) ဆိုတဲ့ vedio ကိုကြည့်ပြီးရင် UFO ဒဏ္ဍာရီဟာ ဆက်လက်တည်ရှိနေအုံးမှာဖြစ်ပါတယ်။
စစ်သမိုင်းသုတေသီတဦးဖြစ်သူ Mark Felton တင်ပြလိုက်တဲ့ ဟစ်တလာရဲ့ ခေါင်းလောင်းပုံစံယာဉ်ဟာ အချိန်ခရီးသွားစက်လား ခေတ်ရှေ့ပြေး စစ်ဖက်ယာဉ်တစ်ခုလားဆိုတာ ဒွိဟဖြစ်ကြဆဲပါ။
ဒုတိယကမ္ဘာစစ်အပြီးမှာ စိတ်ကူးယဉ်သိပ္ပံ ဝတ္ထုရေးသူတွေ လုပ်ကြံဇာတ်လမ်းဆင်ပြီး ရေးသားခဲ့ကြတာတွေကြောင့် ဂျာမန်နာဇီ အရာရှိများဟာ ခေတ်ရှေ့ပြေးနည်းပညာတွေ တတ်မြောက်နေကြပြီလို့ ယုံကြည်ကြပါတယ်။
စစ်ပွဲရှုံးခဲ့ပေမယ့် ဂျာမန်တို့ရဲ့ ထူးဆန်းဒဏ္ဍာရီဆန်တဲ့ တီထွင်မှုတွေဟာ သတင်းကြီးလာခဲ့ပါတယ်။ သူတို့ရဲ့ စစ်လက်နက်ပစ္စည်းတွေဟာ နည်းပညာပိုင်းမှာ မဟာမိတ်တို့ထက် သာလွန်နေတာတွေ့ရပါတယ်။
တင့်ကားတွေ V I VII ဒုံးပျံတွေ ကိုကြည့်ရင်သိနိုင်ပါတယ်။ V II ဟာဆိုရင် ယခုခေတ် Ballistic Missile များရဲ့ရှေပြေးပုံစံပါ။
မဟာမိတ်တွေဟာ နာဇီသိပ္ပံပညာရှင် အင်ဂျင်နီယာများရဲ့ ခေတ်ရှေ့ပြေးနေမှုတွေကို ဂရုထားမိခဲ့ကြပါတယ်။ ဒါ့ကြောင့်လဲ အမေရိကန်ဟာ သူ့ရဲ့စူးစမ်းရှာဖွေရေးကင်းထောက်အဖွဲ့ကို စစ်အပြီးမှာ ဂျာမဏီကိုစေလွှတ်ခဲ့ပါတယ်။
အခြားမဟာမိတ်တွေ သတိမထားမိစဉ်မှာပဲ အမေရိကန်ဟာ သိပ္ပံပညာရှင်တော်တော်များများကို စီမံကိန်းရေးပြီး ဖမ်းဆီးခေါ်ဆောင်နိုင်ခဲ့ပါတယ်။ စီမံကိန်းကို Paper Clip လို့အမည်ပေးထားပါတယ်။
ဒီထဲမှာ VI VII ဒုံးပျံများတီထွင်သူဖြစ်တဲ့ Wernher von- Braun လဲပါဝင်ပါတယ်။သူ့ဟာ နောက်ပိုင်းမှာ အမေရိကန် နာဆာရဲ့ Saturn V project နဲ့ အပိုလို စီမံကိန်းများမှာ ပါဝင်ခဲ့ပါတယ်။
အမေရိကန်တို့ရရှိခဲ့တဲ့ Die Glocke (The Bell) ဟာလဲ ဒဏ္ဌာရီဆန်ဆန်ထင်မြင်ကြတဲ့ အချိန်ခရီးသွားစက် မဟုတ်ပဲ ဂျာမန်ရဲ့ အံ့ဖွယ် စစ်လက်နက်ယာဉ်တစ်ခုဖြစ်ကြောင်း သိရှိခဲ့ကြပါတယ်။
ဒီအကြောင်း လူအများစသတိထားမိစေတာကတော့ ၁၉၆၀ ခုနှစ် ထုတ်မျက်လှည့်ဆရာရဲ့ မနက်ခင်း ( Morning of the Magician ) ဆိုတဲ့ စိတ်ကူးယဉ် သိပ္ပံ ဝတ္ထုစာအုပ်ကြောင့်ပါ။
တိုက်ဆိုင်စွာပဲ ပင်ဆယ်ဗေးနီးယားပြည်နယ် ကက်စ်ဘတ်ရှ် မြို့အနီးမှာ အမည်မသိယာဉ်တစ်စီး ၁၉၆၀ ခုနှစ်မှာ ပျက်ကျခဲ့ပါတယ်။ ထိုဒေသက လူအများဟာ ယာဉ်ပုံစံကို သတိပြုမိကြပါတယ်။
ပျက်ကျပြီးမကြာခင်မှာပဲ စစ်တပ်က ယာဉ်ပျံနဲ့အပျက်အဆီးများကို သိမ်းယူသွားပါတယ်။ ဒါပေမဲ့ ဒေသခံတွေက ဒီယာဉ်ပုံစံတူပြုလုပ်ပြီး အထိမ်းအမှတ်အနေနဲ့ ပြသရာမှာတော့ Die Glocke နဲ့ တပုံစံထဲ ဖြစ်နေခဲ့ပါတယ်။
အာဏာပိုင်တို့ကတော့ ဒါဟာ ဆိုဗီယက်တို့ရဲ့ Cosmos 96 ဂြိုလ်တု ပျက်ကြတာလို့ ဖြေရှင်းခဲ့ပါတယ်။၊
၂၀၂၀ ခုနှစ်မှာ ဒီအကြောင်းအရာဟာ တဖန်ပြန်ပြီး ပေါ်လာခဲ့ပါတယ်။ဒါကလဲစာအုပ်တစ်အုပ်ကြောင့်ပါဘဲ။ အမည်က ( Prawda o Wunderwaffe ) ပါ ။
The True About Wonder Weapon လို့အဓိပ္ပါယ်ရပါတယ်။ ရေးသူက Igor Witkowski ပါ။ သူ့နောက်မှာ Nick Cook’s ရဲ့ Hunt for Zero Point စာအုပ်ထွက်ရှိပြီး လူတွေအကြား စိတ်ဝင်စားမှု မြင့်တက်လာပါတယ်။
စာအုပ်မှာ စိတ်ဝင်စားဖွယ်လည်ပါတ်နေတဲ့ ယာဉ်အကြောင်းနဲ့ antigravity အကြောင်းပါဝင်ပါတယ်။ antigravity ဟာ အချိန်ကိုပါ တုံ့ပြန်နိုင်တယ်ဆိုတဲ့ အယူအဆကြောင့် ဂျာမန်တွေဟာ time machine ကိုပါ တီထွင်နိုင်ခဲ့သလားဆိုတာ စဉ်းစားစရာ ဖြစ်ခဲ့ပါတယ်။
သိမ်းဆည်းရမိတဲ့ စာရွက်စာတမ်းအထောက်အထားတွေကလဲ ဂျာမန်တွေဟာ UFO ခေါ် ပန်းကန်ပြားပျံ ကိုထုပ်လုပ်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ်။
Cook’s ရဲ့စာအုပ်မှာ ဂျာမန်ဗိုလ်ချုပ် Hans Kammler ကိုယ်တိုင် ဒီခေါင်လောင်းပုံ ယာဉ်ကို အမေရိကန် အရောက်သယ်ယူ ရောင်းချခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။
အပြန်အလှန်အနေနဲ့ သူ့ကို ကာကွယ်ပေးဖို့ အမေရိကန်ကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ဆိုင်စွာပဲ စစ်ကြီးရဲ့ နောက်ဆုံးရက်များမှာ Kammler ဟာပျောက်ကွယ်းသွားခဲ့ပြီး ခုထိသူ့ကို ဘယ်သူမှ မတွေ့တော့ပါဘူး။
ယခုခေတ် အမေရိကန်ရဲ့ လေယာဉ်ပုံစံများနဲ့ ဂျာမန်တို့ရဲ့ ပုံစံများကိုယှဉ်ကြည့်ရင် သိသိသာသာ တူညီနေတာ တွေ့ရမှာပါ။
စဉ်းစားစရာက ဟစ်တလာနဲ့ သူ့ရဲ့အင်ဂျင်နီယာများဟာ ဒီနည်းပညာတွေကို ဘယ်လိုရရှိခဲ့တာလဲ ဘယ်ကရရှိခဲ့တာလဲဆိုတာပါပဲ။ တချို့စိတ်ကူးယဉ်ဝတ္ထုထဲကလို ဟစ်တလာဟာ ဂြိုလ်သားများနဲ့ အဆက်အသွယ် ရှိခဲ့သလားဆိုတာ။
ထပ်မံဖေါ်ပြပါအုံးမည်။
Knight News Team
Crd
Crd