သဲနဲ့ကျောက်စရစ်တွေကို နှစ်ပေါင်း(၆၀)ကျော်လောက် စားလာခဲ့တဲ့ အိန္ဒိယအဖွားအို – HtooHtooSanSan


Post Views:
23

အိန္ဒိယနိုင်ငံ Varanasi မြို့မှ အသက်(၇၈)နှစ်အရွယ် အဖွားအို Kusma Vati က (၁၅)နှစ်သမီးအရွယ်လောက်တည်းက သဲနဲ့ကျောက်စရစ်ကို စားလာခဲ့ တာဖြစ် ပြီး၊နှစ်နဲ့ဆိုရင်နှစ်ပေါင်း(၆၀)ကျော်လောက်ရှိပြီဖြစ်ပါတယ်။အဖွားအိုကတော့ယနေ့အထိသူမကျန်းမာအသက်ရှည်နေရတဲ့ အဓိကလျှို့ဝှက်ချက်ဟာသဲစားလို့လို့ပြောခဲ့ပါတယ်။အဖွားအိုဟာသဲတင်မကကျောက်စရစ်ခဲတွေကိုပါစားပြီး၊သူမအတွက်ကျန်းမာရေးနဲ့အညီစားသောက်တဲ့ Diet plan အတွက် ဘာကို စားရင်ကောင်း မလဲ စဉ်းစားရင်း နောက်ဆုံးအိမ်နံရံကို နည်းနည်း ချင်းစီ ကိုက်ဝါး စားရင်းနဲ့ သဲနဲ့ကျောက်စရစ်ကို အကြိုက်တွေ့သွားခဲ့တာဖြစ်ပါတယ်။

သဲနဲ့ကျောက်စရစ်တွေကို စားနေပေမယ့် အဖွားအိုဟာ ဘယ်တုန်းကမှ နာမ ကျန်းမဖြစ်ဖူးတာကြောင့် တစ်မြို့တည်းနေသူတွေက ထူးဆန်း အံ့သြခဲ့ရပါတယ်။”သဲနဲ့ကျောက်စရစ်တွေကိုစားလာတာ(၆၃)နှစ်လောက်ရှိနေပြီ။စားရတာကိုကြိုက်တယ်။ဒါတွေကအန္တရာယ်ဖြစ်စေလိမ့်မယ်လို့ မထင်ဘူး” လို့အဖွား အို ကပြောပါတယ်။ထူးဆန်းတာကတော့ အဲ့ဒီလိုတွေစားနေပေမယ့်လည်းအဖွားအိုရဲ့အစာအိမ်၊သွားနဲ့ပါးစပ်တွေ ဟာ အခုထိပြသာနာတစ်စုံ တစ်ရာမှ မဖြစ်ပဲ အကောင်းတိုင်းရှိနေပါတယ်။

ကျန်းမာရေးကောင်းတဲ့အဖွားအိုကအသက်(၈၀)နားနီးနေပေမယ့်လယ်ယာအလုပ်သမတစ်ယောက်အဖြစ်အလုပ်လုပ်နေစဲဖြစ်ကာအနားယူဖို့ အစီအစဉ်မ ရှိသေးဘူးလို့ ဆိုပါတယ်။ ဒီအသက်အရွယ်ထိ ဆေးရုံ၊ဆေးခန်းကိုတောင် မရောက်ဘူးသေးဘူးလို့ အဖွားအိုကပြောပါတယ်။ မြေးတွေက ဆက်မစားဖို့တောင်းပန်ကြပြီးဆေးပြဖို့တိုက်တွန်းကြပေမယ့်ခေါင်းမာလွန်းတဲ့အဖွားအိုကတော့သူ့အတွက်ဒါတွေမလိုပဲ၊အခုလို ကျန်းမာနေတဲ့အတွက် သဲရဲ့ကျေး ဇူး ကြောင့်လို့ တစ်ထစ်ချ လက်ခံယုံကြည် ထားတယ်လို့ သိရပါတယ်။

အိႏၵိယႏိုင္ငံ Varanasi ၿမိဳ႕မွ အသက္(၇၈)ႏွစ္အ႐ြယ္ အဖြားအို Kusma Vati က (၁၅)ႏွစ္သမီးအ႐ြယ္ေလာက္တည္းကသဲနဲ႔ေက်ာက္စရစ္ကို စားလာခဲ့တာျဖစ္ၿပီး၊ႏွစ္နဲ႔ဆိုရင္ႏွစ္ေပါင္း(၆၀)ေက်ာ္ေလာက္ရွိၿပီျဖစ္ပါတယ္။အဖြားအိုကေတာ့ယေန႔အထိသူမက်န္းမာအက္ရွည္ေနရတဲ့ အဓိကလွ်ိဳ႕ဝွက္ခ်က္ဟာ သဲစားလို႔ လို႔ ေျပာခဲ့ပါတယ္။အဖြားအိုဟာ သဲတင္မကေက်ာက္စရစ္ခဲေတြကိုပါစားၿပီး၊သူမအတြက္ က်န္းမာေရးနဲ႔အညီစားေသာက္တဲ့ Diet plan အတြက္ ဘာကို စားရင္ေကာင္း မလဲ စဥ္းစားရင္း ေနာက္ဆုံးအိမ္နံရံကို နည္းနည္း ခ်င္းစီ ကိုက္ဝါး စားရင္းနဲ႔ သဲနဲ႔ေက်ာက္စရစ္ကို အႀကိဳက္ေတြ႕သြားခဲ့တာျဖစ္ပါတယ္။

သဲနဲ႔ေက်ာက္စရစ္ေတြကို စားေနေပမယ့္ အဖြားအိုဟာဘယ္တုန္းကမွနာမက်န္းမျဖစ္ဖူးတာေၾကာင့္တစ္ၿမိဳ႕တည္းေနသူေတြက ထူးဆန္း အံ့ၾသခဲ့ရ ပါ တယ္။”သဲနဲ႔ေက်ာက္စရစ္ေတြကိုစား လာတာ(၆၃)ႏွစ္ေလာက္ ရွိေနၿပီ။စားရတာကိုႀကိဳက္တယ္။ဒါေတြက အႏၲရာယ္ျဖစ္ေစလိမ့္မယ္လို႔ မထင္ဘူး” လို႔အဖြား အို ကေျပာပါတယ္။ထူးဆန္းတာကေတာ့ အဲ့ဒီလိုေတြစားေနေပမယ့္လည္း အဖြားအိုရဲ႕ အစာအိမ္၊ သြားနဲ႔ပါးစပ္ေတြ ဟာ အခုထိျပသာနာတစ္စုံ တစ္ရာမွ မျဖစ္ပဲ အေကာင္းတိုင္းရွိေနပါတယ္။

က်န္းမာေရးေကာင္းတဲ့အဖြား အိုက အသက္(၈၀)နားနီးေနေပမယ့္ လယ္ယာအ လုပ္သမတစ္ေယာက္အျဖစ္ အလုပ္လုပ္ေနစဲျဖစ္ကာ အနားယူဖို႔အစီအစဥ္မရွိေသးဘူးလို႔ဆိုပါတယ္။ဒီအသက္အ႐ြယ္ထိေဆး႐ုံ၊ေဆးခန္းကိုေတာင္မေရာက္ဘူးေသးဘူးလို႔အဖြားအိုကေျပာပါတယ္။ေျမးေတြကဆက္မစားဖို႔ေတာင္းပန္ၾကၿပီး၊ေဆးျပဖို႔တိုက္တြန္းၾကေပမယ့္ေခါင္းမာလြန္းတဲ့အဖြားအိုကေတာ့ သူ႔အတြက္ ဒါေတြမလိုပဲ၊အခုလို က်န္းမာေနတဲ့အတြက္ သဲရဲ႕ေက်း ဇူး ေၾကာင့္လို႔ တစ္ထစ္ခ် လက္ခံယုံၾကည္ ထားတယ္လို႔ သိရပါတယ္။

crd