သူေဌးႀကီး အီလြန္မတ္စ္ “ကမာၻ႔မုသာဝါဒျဖန႔္စက္” ကို ဝယ္ယူလိုက္ၿပီဟု သမၼတဘိုင္ဒင္ေဝဖန္

သူေဌးႀကီး အီလြန္မတ္စ္ “ကမာၻ႔မုသာဝါဒျဖန႔္စက္” ကို ဝယ္ယူလိုက္ၿပီဟု သမၼတဘိုင္ဒင္ေဝဖန္

သူေဌးႀကီး အီလြန္မတ္စ္ “ကမာၻ႔မုသာဝါဒျဖန႔္စက္” ကို ဝယ္ယူလိုက္ၿပီဟု သမၼတဘိုင္ဒင္ေဝဖန္

သူေဌးႀကီး အီလြန္မတ္စ္ “ကမာၻ႔မုသာဝါဒျဖန႔္စက္” ကို ဝယ္ယူလိုက္ၿပီဟု သမၼတဘိုင္ဒင္ေဝဖန္
ဝါရွင္တန္ – ႏိုဝင္ဘာ ၅အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္က ဘီလ်ံနာသူေဌး အီလြန္မတ္စ္သည္ “ကမာၻအႏွံ႔ မုသာဝါဒျဖန႔္သည့္” ဆိုရွယ္မီဒီယာ ပလက္ေဖာင္းတစ္ခုကို ဝယ္ယူလိုက္ၿပီျဖစ္ ေၾကာင္း ယခုသတင္းပတ္ ေသာၾကာေန႔က ေဝဖန္ ေျပာ ဆိုလိုက္သည္။
အေမရိကန္သမၼတက “အီလြန္မတ္စ္ဟာ ‌ကမာၻအႏွံ႔ အလိမ္အညာေတြျဖန႔္ေဝတဲ့ ကိရိယာတစ္ခုကို ေကာက္ ကာငင္ကာ ဝယ္ယူလိုက္ပါတယ္။ အေမရိကမွာ စာေတြကို တည္းျဖတ္မယ့္သူ တစ္ေယာက္မွမရွိေတာ့ပါဘူး” ဟု အီလီႏြိဳက္စ္ျပည္နယ္၊ ႐ိုဆင္ေမာင့္တြင္ က်င္းပသည့္ ဒီမိုကရက္တစ္ပါတီ ရန္ပုံေငြရွာေဖြပြဲတြင္ ေျပာၾကားခဲ့သည္။သမၼတဘိုင္ဒင္၏ ‌ေျပာဆိုခ်က္သည္ မတ္စ္က တြစ္တာကိုဝယ္ယူၿပီး ရက္ပိုင္းအတြင္း အလုပ္သမားအမ်ားအ ျပား ေလွ်ာ့ခ်ၿပီးေနာက္ ထြက္ေပၚလာျခင္းျဖစ္သည္။

အီလြန္မတ္စ္ ဝယ္ယူၿပီးေနာက္ပိုင္း တြစ္တာေပၚတြင္ လူမ်ိဳးေရးခြဲျခားမွတ္ခ်က္မ်ားႏွင့္ အမုန္းစကားေျပာဆိုမႈ ျမင့္တက္လာသကဲ့သို႔ မၾကာေသးမီရက္ပိုင္းအတြင္း အဓိ ကေၾကာ္ျငာသူအမ်ားအျပားကလည္း ၎င္တို႔၏ တြစ္တာေပၚရွိ လႈပ္ရွား‌မႈမ်ားကို ေခတၱရပ္နားထားခဲ့ၾကသည္။
သမၼတ၏ ေျပာဆိုမႈႏွင့္ပတ္သက္၍ ဘိုင္ဒင္အေနျဖင့္ အမုန္းစကားႏွင့္ သတင္းမွားျပန႔္ပြားမႈ ေလွ်ာ့ခ်ေရး ဆက္ လက္လုပ္ေဆာင္ေနသည့္ ဆိုရွယ္မီဒီယာ ပလက္ေဖာင္းမ်ား၏ အေရးပါမႈႏွင့္ ပတ္သက္၍ ဟုတ္တိုင္းမွန္ရာ ေျပာ ဆိုတတ္ေၾကာင္း အိမ္ျဖဴေတာ္သတင္းေထာက္ ကရီးဂ်န္းပီရဲယာ (Karine Jean-Pierre) က ေသာၾကာေန႔အေစာပိုင္းတြင္ သတင္းေထာက္မ်ားအား ေျပာၾကားခဲ့သည္။

“သမၼတက တြစ္တာတစ္ခုတည္းတင္ အဲဒီလိုဆိုၿပီး ယုံ ၾကည္တာမဟုတ္ဘူး၊ ေဖာ့စ္ဘြတ္လည္း အတူတူပဲ။ အ သုံးျပဳသူေတြက သတင္းမွားျဖန႔္ေဝခြင့္ရွိတဲ့ တျခားေသာ ဆိုရွယ္မီဒီယာ ဘယ္ပလက္ေဖာင္းကိုမဆို ဆိုလိုျခင္းျဖစ္ပါတယ္” ဟု အိမ္ျဖဴေတာ္သတင္းေထာက္က ဆက္လက္ေျပာၾကားခဲ့သည္။
crdBurma Associated PressSource – CNNပုံစာ – အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္
Unicodeသူဌေးကြီး အီလွန်မတ်စ် “ကမ္ဘာ့မုသာဝါဒဖြန့်စက်” ကို ဝယ်ယူလိုက်ပြီဟု သမ္မတဘိုင်ဒင်ဝေဖန်
ဝါရှင်တန် – နိုဝင်ဘာ ၅အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဘီလျံနာသူဌေး အီလွန်မတ်စ်သည် “ကမ္ဘာအနှံ့ မုသာဝါဒဖြန့်သည့်” ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုကို ဝယ်ယူလိုက်ပြီဖြစ် ကြောင်း ယခုသတင်းပတ် သောကြာနေ့က ဝေဖန် ပြော ဆိုလိုက်သည်။
အမေရိကန်သမ္မတက “အီလွန်မတ်စ်ဟာ ‌ကမ္ဘာအနှံ့ အလိမ်အညာတွေဖြန့်ဝေတဲ့ ကိရိယာတစ်ခုကို ကောက် ကာငင်ကာ ဝယ်ယူလိုက်ပါတယ်။ အမေရိကမှာ စာတွေကို တည်းဖြတ်မယ့်သူ တစ်ယောက်မှမရှိတော့ပါဘူး” ဟု အီလီနွိုက်စ်ပြည်နယ်၊ ရိုဆင်မောင့်တွင် ကျင်းပသည့် ဒီမိုကရက်တစ်ပါတီ ရန်ပုံငွေရှာဖွေပွဲတွင် ပြောကြားခဲ့သည်။သမ္မတဘိုင်ဒင်၏ ‌ပြောဆိုချက်သည် မတ်စ်က တွစ်တာကိုဝယ်ယူပြီး ရက်ပိုင်းအတွင်း အလုပ်သမားအများအ ပြား လျှော့ချပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အီလွန်မတ်စ် ဝယ်ယူပြီးနောက်ပိုင်း တွစ်တာပေါ်တွင် လူမျိုးရေးခွဲခြားမှတ်ချက်များနှင့် အမုန်းစကားပြောဆိုမှု မြင့်တက်လာသကဲ့သို့ မကြာသေးမီရက်ပိုင်းအတွင်း အဓိ ကကြော်ငြာသူအများအပြားကလည်း ၎င်တို့၏ တွစ်တာပေါ်ရှိ လှုပ်ရှား‌မှုများကို ခေတ္တရပ်နားထားခဲ့ကြသည်။
သမ္မတ၏ ပြောဆိုမှုနှင့်ပတ်သက်၍ ဘိုင်ဒင်အနေဖြင့် အမုန်းစကားနှင့် သတင်းမှားပြန့်ပွားမှု လျှော့ချရေး ဆက် လက်လုပ်ဆောင်နေသည့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ၏ အရေးပါမှုနှင့် ပတ်သက်၍ ဟုတ်တိုင်းမှန်ရာ ပြော ဆိုတတ်ကြောင်း အိမ်ဖြူတော်သတင်းထောက် ကရီးဂျန်းပီရဲယာ (Karine Jean-Pierre) က သောကြာနေ့အစောပိုင်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
“သမ္မတက တွစ်တာတစ်ခုတည်းတင် အဲဒီလိုဆိုပြီး ယုံ ကြည်တာမဟုတ်ဘူး၊ ဖော့စ်ဘွတ်လည်း အတူတူပဲ။ အ သုံးပြုသူတွေက သတင်းမှားဖြန့်ဝေခွင့်ရှိတဲ့ တခြားသော ဆိုရှယ်မီဒီယာ ဘယ်ပလက်ဖောင်းကိုမဆို ဆိုလိုခြင်းဖြစ်ပါတယ်” ဟု အိမ်ဖြူတော်သတင်းထောက်က ဆက်လက်ပြောကြားခဲ့သည်။
crdBurma Associated PressSource – CNNပုံစာ – အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်

Crd




12

Crd

arkarta