■တရုတ်နိုင်ငံ ကမ္ဘာ့စစ်အင်အားအကြီးဆုံး ဖြစ်လာမယ်လို့ ကန်ဗိုလ်ချုပ်ကြီးသတိပေး

■တရုတ်နိုင်ငံ ကမ္ဘာ့စစ်အင်အားအကြီးဆုံး ဖြစ်လာမယ်လို့ ကန်ဗိုလ်ချုပ်ကြီးသတိပေး

အမေရိကန်ကိုကျော်ပြီး ကမ္ဘာ့ စစ်အင်အားအကြီးဆုံးနိုင်ငံဖြစ်လာရေး တရုတ်နိုင်ငံရဲ့အစီအစဉ်ဟာ အမှန်တကယ်ဖြစ်လာလိမ့်မယ်လို့ အမေရိကန် ထ်ိပ်တန်းစစ်ဗိုလ်ချုပ်တဦးက သတိပေးလိုက်ပါတယ်။
ဒါကြောင့် တရုတ်ရဲ့လွှမ်းမိုးမှုကို တန်ပြန်ရေး အရှိန်မြှင့်လုပ်ဆောင်ဖို့ အမေရိကန်အပါအဝင် မဟာမိတ်နိုင်ငံတွေကို နှိုးဆော်ထားပါတယ်။
တရုတ်စစ်ဘက် အလျင်အမြန် တိုးတက်လာမှုဟာ “အံ့မခန်း” ပဲလို့ အမေရိကန်မှာ ဒုတိယ အဆင့်အမြင့်ဆုံး စစ်ဘက်အရာရှိဖြစ်တဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး John Hyten ကပြောပါတယ်။

“သူတို့သွားနေတဲ့နှုန်းနဲ့ လမ်းကြောင်းကို ပြောင်းလဲဖို့ ကျနော်တို့ တခုခုမလုပ်ဘူးဆိုရင်တော့ ရုရှားနဲ့ အမေရိကန်ကို ကျော်လွန်သွားပါလိမ့်မယ်” လို့ ကာကွယ်ရေးဆိုင်ရာ သတင်းထောက်များအဖွဲ့မှာ ဗွီအိုအေကမေးတာကို ဗိုလ်ချုပ်ကြီး Hyten က မနေ့က ဖြေဆိုခဲ့့ပါတယ်။
“ကျနော်တို့ တခုခုလုပ်ရမယ်” လို့လည်း သူကဆိုပါတယ်။

တရုတ်နိုင်ငံဟာ အသံထက်ငါးဆမြန်တဲ့ လက်နက်တခုကို ဇူလိုင်လက စမ်းသပ်ခဲ့တယ်လို့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley ကပြောခဲ့အပြီး တရက်အကြာမှာ ဗိုလ်ချုပ်ကြီး Hyten ရဲ့ သတိပေးချက် ထွက်လာတာပါ။ သူဟာ နောက်လမှာ အငြိမ်းစားယူတော့မှာဖြစ်ပါတယ်။

တရုတ်ရဲ့ အဲဒီ လက်နက်စမ်းသပ်မှုက “သိပ်ကို စိတ်ပူစရာပဲ” လို့ ဗိုလ်ချုပ်ကြီး Mark Milley က Bloomberg ရုပ်သံသတင်းဌာနကို ဗုဒ္ဓဟူးနေ့ကပြောခဲ့ပါတယ်။
၁၉၅၀ ပြည့်နှစ်တွေမှာ ရုရှားက ကမ္ဘာ့ပထမဆုံး လူလုပ်ဂြိုဟ်တု လွှတ်တင်ခဲ့တာကို ရည်ညွှန်းပြီး ဗိုလ်ချုပ်ကြီး Milley က “ဒါဟာ Sputnik ကာလလိုမျိုးလားဆိုတာ ကျနော် မသိပါဘူး၊ ဒါပေမယ့် အဲဒီအခြေအနေနဲ့ သိပ်ကိုနီးစပ်တယ်လို့ ထင်ပါတယ်” ဆိုပြီးပြောပါတယ်။ အဲဒီကာလမှာ ရုရှားတို့က Sputnik ဂြိုဟ်တုကို လွှတ်တင်ခဲ့ပြီးတဲ့နောက် ဆယ်စုနှစ်ပေါင်းများစွာကြာတဲ့ အာကာသပြိုင်ပွဲ စဖြစ်ခဲ့တာပါ။

ဗိုလ်ချုပ်ကြီး Milley လိုပဲ ဗိုလ်ချုပ်ကြီး Hyten ကလည်း တရုတ်ရဲ့ အသံထက်မြန်တဲ့ လက်နက်စမ်းသပ်မှုဆိုင်ရာ အသေးစိတ်တွေကို ပြောဖို့ငြင်းဆန်ပြီး လျှို့ဝှက်သတင်းအချက်အလက်အဖြစ် ရှိနေဆဲပဲလို့ ပြောခဲ့ပါတယ်။

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

■တ႐ုတ္နိုင္ငံ ကမၻာ့စစ္အင္အားအႀကီးဆုံး ျဖစ္လာမယ္လို႔ ကန္ဗိုလ္ခ်ဳပ္ႀကီးသတိေပး

29-October-2021
အေမရိကန္ကိုေက်ာ္ၿပီး ကမၻာ့ စစ္အင္အားအႀကီးဆုံးနိုင္ငံျဖစ္လာေရး တ႐ုတ္နိုင္ငံရဲ့အစီအစဥ္ဟာ အမွန္တကယ္ျဖစ္လာလိမ့္မယ္လို႔ အေမရိကန္ ထ္ိပ္တန္းစစ္ဗိုလ္ခ်ဳပ္တဦးက သတိေပးလိုက္ပါတယ္။
ဒါေၾကာင့္ တ႐ုတ္ရဲ့လႊမ္းမိုးမႈကို တန္ျပန္ေရး အရွိန္ျမႇင့္လုပ္ေဆာင္ဖို႔ အေမရိကန္အပါအဝင္ မဟာမိတ္နိုင္ငံေတြကို ႏွိုးေဆာ္ထားပါတယ္။
တ႐ုတ္စစ္ဘက္ အလ်င္အျမန္ တိုးတက္လာမႈဟာ “အံ့မခန္း” ပဲလို႔ အေမရိကန္မွာ ဒုတိယ အဆင့္အျမင့္ဆုံး စစ္ဘက္အရာရွိျဖစ္တဲ့ ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႕ ဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး John Hyten ကေျပာပါတယ္။

“သူတို႔သြားေနတဲ့ႏႈန္းနဲ႔ လမ္းေၾကာင္းကို ေျပာင္းလဲဖို႔ က်ေနာ္တို႔ တခုခုမလုပ္ဘူးဆိုရင္ေတာ့ ႐ုရွားနဲ႔ အေမရိကန္ကို ေက်ာ္လြန္သြားပါလိမ့္မယ္” လို႔ ကာကြယ္ေရးဆိုင္ရာ သတင္းေထာက္မ်ားအဖြဲ႕မွာ ဗြီအိုေအကေမးတာကို ဗိုလ္ခ်ဳပ္ႀကီး Hyten က မေန႔က ေျဖဆိုခဲ့့ပါတယ္။
“က်ေနာ္တို႔ တခုခုလုပ္ရမယ္” လို႔လည္း သူကဆိုပါတယ္။

တ႐ုတ္နိုင္ငံဟာ အသံထက္ငါးဆျမန္တဲ့ လက္နက္တခုကို ဇူလိုင္လက စမ္းသပ္ခဲ့တယ္လို႔ ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႕ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး Mark Milley ကေျပာခဲ့အၿပီး တရက္အၾကာမွာ ဗိုလ္ခ်ဳပ္ႀကီး Hyten ရဲ့ သတိေပးခ်က္ ထြက္လာတာပါ။ သူဟာ ေနာက္လမွာ အၿငိမ္းစားယူေတာ့မွာျဖစ္ပါတယ္။

တ႐ုတ္ရဲ့ အဲဒီ လက္နက္စမ္းသပ္မႈက “သိပ္ကို စိတ္ပူစရာပဲ” လို႔ ဗိုလ္ခ်ဳပ္ႀကီး Mark Milley က Bloomberg ႐ုပ္သံသတင္းဌာနကို ဗုဒၶဟူးေန႔ကေျပာခဲ့ပါတယ္။
၁၉၅၀ ျပည့္ႏွစ္ေတြမွာ ႐ုရွားက ကမၻာ့ပထမဆုံး လူလုပ္ၿဂိဳဟ္တု လႊတ္တင္ခဲ့တာကို ရည္ညႊန္းၿပီး ဗိုလ္ခ်ဳပ္ႀကီး Milley က “ဒါဟာ Sputnik ကာလလိုမ်ိဳးလားဆိုတာ က်ေနာ္ မသိပါဘူး၊ ဒါေပမယ့္ အဲဒီအေျခအေနနဲ႔ သိပ္ကိုနီးစပ္တယ္လို႔ ထင္ပါတယ္” ဆိုၿပီးေျပာပါတယ္။ အဲဒီကာလမွာ ႐ုရွားတို႔က Sputnik ၿဂိဳဟ္တုကို လႊတ္တင္ခဲ့ၿပီးတဲ့ေနာက္ ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာတဲ့ အာကာသၿပိဳင္ပြဲ စျဖစ္ခဲ့တာပါ။

ဗိုလ္ခ်ဳပ္ႀကီး Milley လိုပဲ ဗိုလ္ခ်ဳပ္ႀကီး Hyten ကလည္း တ႐ုတ္ရဲ့ အသံထက္ျမန္တဲ့ လက္နက္စမ္းသပ္မႈဆိုင္ရာ အေသးစိတ္ေတြကို ေျပာဖို႔ျငင္းဆန္ၿပီး လၽွို႔ဝွက္သတင္းအခ်က္အလက္အျဖစ္ ရွိေနဆဲပဲလို႔ ေျပာခဲ့ပါတယ္။

crd
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။