သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီ ဂါလန် ၆သန်းကျော်ရောက်ရှိ…..

ရန်ကုန်တိုင်း၊ သီလဝါဆိပ်ကမ်းက Terminal တွေမှာ စက်သုံးဆီ တင်ဆောင်လာတဲ့ သင်္ဘောတွေက စက်သုံးဆီ ဂါလန် ၆ သန်းကျော် ဆီချခဲ့တယ်လို့ စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီက သိရပါတယ်။
စက်သုံးဆီ အမျိုးအစားအလိုက် ဖူလုံမှု ရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်နေရာ စက်သုံးဆီတင်သွင်းမှု အနေနဲ့ စက်တင်ဘာ ၂၅ ရက်က စတင်ပြီး သီလဝါဆိပ်ကမ်းက Terminal တွေကို စက်သုံးဆီသင်္ဘော နှစ်စင်းက ဒီဇယ်ဆီ ဂါလန် ၄ သန်းကျော် နဲ့ ဓာတ်ဆီ ဂါလန် ၂ သန်းကျော် ဆီချခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် သီလဝါဆီလှောင်ကန်၊ စက်သုံးဆီအရောင်းဆိုင်တွေ နဲ့ ဖြန့်ဖြူးမှု လက်ကျန်အခြေအနေအရ စက်သုံးဆီ ဖူလုံမှု ရှိတာကို စိစစ်တွေ့ရှိရတယ်လို့လည်း သိရပါတယ်။
စက်သုံးဆီ ဖြန့်ဖြူးပေးမှုအနေနဲ့ မြန်မာတစ်နိုင်ငံလုံးက စက်သုံးဆီအရောင်းဆိုင်တွေကို ဆီတင်ဘောက်ဆာတွေ၊ ဆီတွဲရေယာဉ်တွေ၊ ရထားတွေနဲ့ အချိန်မီ ပို့ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အခုစက်တင်ဘာလအတွင်း စက်သုံးဆီ တန်ချိန် နှစ်သိန်းကျော် တင်သွင်းခွင့်ပြုပြီး ဖြစ်တဲ့အတွက် ပြည်တွင်း စက်သုံးဆီ ဖူလုံမှု ရှိနေတယ်လို့ စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။
Crd..One News Myanmar
Unicode
Crd..One News Myanmar
Crd
Crd