သီချင်းတွေနဲ့ အမြဲတမ်းရှင်သန်နေတဲ့ အဆိုတော်ကြီး ဦးငှက် (သို့) ထူးအိမ်သင်ရဲ့ ဘဝအကြောင်း

သီခ်င္းေတြနဲ႔ အၿမဲတမ္းရွင္သန္ေနတဲ့ အဆိုေတာ္ႀကီး ဦးငွက္ (သို႔) ထူးအိမ္သင္ ဘဝအေၾကာင္း
ဒီကေန႔မွာေတာ့ နာမည္ႀကီး အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ အျပင္ကို သီခ်င္းေကာင္းမ်ားစြာကို ေရးသားသီကုံးခဲ့ၿပီး
စတင္ေက်ာ္ၾကားကတည္းက အခုအခ်ိန္အထိ ပရိတ္သတ္ေတြရဲ႕ လူငယ္ လူ႐ြယ္ လူႀကီး ပရိတ္သတ္ အစုံအလင္ရဲ႕ အသည္းႏွလုံးကို
ကိုင္စြဲလႈပ္ကိုင္ထားေနႏိုင္တဲ့ အဆိုရွင္ ထူးအိမ္သင္ အေၾကာင္းကို တင္ဆက္ေပးေတာ့မွာပဲ ျဖစ္ပါတယ္။
ထူးအိမ္သင္လို႔ေျပာလိုက္ရင္ ဂီတေလာကမွာ အႏုပညာ အစစ္အမွန္ေတြကို ပရိတ္သတ္ေတြကို ထိေတြ႕ခံစားခြင့္ေပးခဲ့ၿပီး ၁၉၈၀ ခုႏွစ္လယ္မ်ားတြင္
ျမန္မာ့ဂီတေလာက၌ ေပါ့ဂီတကို အသြင္တမ်ိဳးျဖင့္ ယူေဆာင္ေပးသည့္ ေက်ာ္ၾကားေသာ အဆိုေတာ္ ေတးေရးဆရာတစ္ေယာက္ျဖစ္တယ္ ဆိုရင္ မမွားပါဘူး ။
အသံခ်ိဳခ်ိဳနဲ႔သီခ်င္းေကာင္းမ်ားစြာကို ကိုယ္ပိုင္ဟန္နဲ႔ ေရးစပ္ခံစားသီဆိုႏိုင္သူအျဖစ္ ပရိတ္သတ္ႀကီးတို႔ ရင္ထဲမွာ စြဲၿမဲသိရွိၾကပါလိမ့္မယ္။
ဒီေန႔မွာေတာ့ ေတးေရးဆရာလဲျဖစ္ ေတးဆို လဲျဖစ္တဲ့ ထူးအိမ္သင္ရဲ႕ အႏုပညာသက္တမ္း ၁၈ ႏွစ္တာကာလ တစ္ေလ်ာက္ျဖတ္သန္းခဲ့တဲ့ ဘဝ အေၾကာင္းကို တင္ဆက္ေပးမွာပဲျဖစ္ပါတယ္။
အဆိုေတာ္ထူးအိမ္သင္ ကို အဘဦးထြန္းျမင့္ႏွင့္ အမိေဒၚျမရင္တို႔မွ ၁၉၆၃ခုႏွစ္ ဇူလိုင္လ(၁)ရက္ေန႔တြင္ ပုသိမ္ၿမိဳ႕၌ ေမြးဖြားခဲ့ပါတယ္။
အေဖ ဗမာ၊ အေမ မြန္ျဖစ္ၿပီး ေမြးခ်င္းေမာင္ႏွမ ေျခာက္ေယာက္ရွိတဲ့ အနက္မွာ အကိုအႀကီးဆုံးျဖစ္ပါတယ္ ။
ထူးအိမ္သင္ရဲ႕ အမည္ရင္းမွာ ေက်ာ္ျမင့္လြင္ျဖစ္ပါတယ္။ကိုသွ်ပ္၊ ဘဲဥ၊ ငွက္ႀကီးစသည္ျဖင့္ ခ်စ္စႏိုးေခၚေဝၚၾကပါတယ္။
ကိုငွက္ဆိုတဲ့ နာမည္ကို အရက္ႀကိဳက္လြန္းတဲ့ အတြက္ အမည္ေျပာင္ ရခဲ့တာျဖစ္ပါတယ္။
ငယ္စဥ္က အ.မ.က (၂၀) ပုသိမ္တြင္ မူလတန္းပညာကို သင္ၾကားခဲ့ၿပီး အ.ထ.က (၃) ပုသိမ္မွ အထက္တန္းေအာင္ျမင္ခဲ့ပါတယ္။
၁၉၇၉-၈၀ တြင္ ဧရာဝတီတိုင္း ရွိ ပုသိမ္ေဒသေကာလိပ္ သို႔တက္ေရာက္ခဲ့ပါတယ္။ငယ္ငယ္ကေလးထဲက ေပ်ာ္ပြဲ႐ြင္ပြဲကို ဝါသနာပါၿပီး အႏုပညာပိုးပါလာခဲ့တယ္လို႔ ဆိုပါတယ္။
ငယ္ငယ္ေလးထဲက တူရိယာေတြ စမ္းမႈတ္ၾကည့္ တီးၾကည့္ၿပီး ေက်ာင္းပြဲေတြမွာလည္းပါဝင္ခဲ့ပါတယ္။
အဆိုေတာ္ ဒီမြန္ ၊ ဦးမင္းဆုမြန္တို႔ ဟာလည္း ထူးအိမ္သင္ရဲ႕ ညီေတြျဖစ္ပါတယ္။ ေမာင္ႏွမေတြအေပၚ
အကိုႀကီး အဖရာဆိုသလိုမ်ိဳး ဖခင္နဲ႔ မိခင္ မအားလပ္တဲ့ အခ်ိန္မ်ိဳးမွာ ညီငယ္ ညီမငယ္ေတြကို ထိန္းေက်ာင္းတဲ့ အျပင္
ေက်ာင္းစာေတြကို လည္း သင္ျပေပးခဲ့တယ္လို႔ ညီျဖစ္သူ အဆိုေတာ္ ဒီမြန္က ဆိုပါတယ္။
႐ိုးပြဲေတြကို အေဖမသိေအာင္ ခိုးဆိုခဲ့ၿပီး သူငယ္ခ်င္းေတြနဲ႔ ဝိုင္းဖြဲ႕ကာ သိဆိုခဲ့ပါတယ္။ ၁၉၈၁ ခုႏွစ္တြင္ မိသားစုႏွင့္အတူ
ေမာ္လၿမိဳင္သို႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ၁၉၈၄ ခုႏွစ္တြင္ေမာ္လၿမိဳင္တကၠသိုလ္ မွ ႐ုကၡေဗဒ အထူးျပဳျဖင့္ သိပၸံဘြဲ႕ရရွိခဲ့တယ္လို႔ ဆိုပါတယ္။
ထူးအိမ္သင္၏ဇနီးမွာ မသြယ္သြယ္ေထြးျဖစ္ၿပီး သူ၏တစ္ဦးတည္းေသာ သမီးအမည္မွာ မိကြန္ေထာ ျဖစ္ပါတယ္။
ဂီတာ၊ ပီယာႏို၊ ၊ ဂ်က္စ္၊ drums စတဲ့ တူရိယာအမ်ိဳးမ်ိဳးကို တီးခတ္ႏိုင္ၿပီးေတာ့ သီခ်င္းမ်ားကို လည္း အဓိပၸာယ္အျပည့္ ခံစားမႈအျပည့္ ေရးဖြဲ႕ႏိုင္တာေၾကာင့္
ပရိတ္သတ္ၾကား ေရပန္းစားၿပီး အယ္လ္ဘမ္ ၁၄ ခုအထိ ထုတ္လုပ္ႏိုင္ခဲ့ပါတယ္။ေမာ္လၿမိဳင္ၿမိဳ႕တြင္ ဂီတဆရာ ဦးေအာင္စိုး (KC Francis) ထံမွ
ဂီတ သေကၤတႏွင့္ ဂီတပညာ သင္ယူခဲ့ပါတယ္။၁၉၈၇ ခုႏွစ္တြင္ နာရီေပၚမွမ်က္ရည္စက္မ်ား စီးရီးျဖင့္ ဂီတေလာကသို႔ စတင္ဝင္ေရာက္ခဲ့ပါတယ္။
oasis စတီဒီယို မွာ အသံသြင္းခဲ့ၿပီး ဂႏၶမာေတးသံသြင္း ကေန ထုတ္လုတ္ျဖန႔္ခ်ီခဲ့ပါတယ္ ။
ထူးအိမ္သင္သည္ ကိုယ္ပိုင္သံစဥ္သီခ်င္းအမ်ားစုကို ေရးသားသီကုံးခဲ့ၿပီး ဂီတပညာရွင္တစ္ဦး ျဖစ္ရန္ ႀကိဳးပမ္းအားထုတ္ခဲ့ပါတယ္။
ထူးအိမ္သင္၏ အျခားတစ္ကိုယ္ေတာ္ ေတးစီးရီးမ်ားမွာ ေမွာ္ဆရာအိပ္မက္၊ သက္ၿငိမ္၊ အတၱပုံေဆာင္ခဲမ်ား၊ အရင္အတိုင္း၊
စကားလုံးမရွိတဲ့ေကာင္းကင္၊ ၿမိဳ႕ျပလေရာင္တမ္းခ်င္း၊ ဝင္႐ိုးစြန္းမီး၊ အေမ (သို႔မဟုတ္) ေမတၱာေတာ္ဘြဲ႕၊ အစိမ္းေရာင္ရက္စြဲမ်ား၊
တစ္ေန႔စာအလြဲမ်ား၊ ခ်စ္ျခင္းအားျဖင့္ စသည္တို႔ျဖစ္ပါတယ္။ ခ်စ္သူ႔လက္ေဆာင္၊ မင္းမရွိတဲ့ေနာက္၊ ဂ်ပ္ဆင္ထိပ္က၊ လရိပ္ျပာ၊ ၾကယ္ေတြစုံတဲ့ည ၊ေႏြဦးကံ့ေကာ္ ၊
ပထမအသဲကြဲဇာတ္လမ္း လြမ္းသူ႔အိမ္မက္ ၊အခ်စ္ဆိုသည္မွာ စတဲ့ ေတးသီခ်င္းေတြဟာ နာမည္ႀကီး လူႀကိဳက္မ်ားၿပီး အခုခ်ိန္ထိတိုင္ ပရီတ္သတ္ေတြရင္ထဲမွာ အသဲစြဲေနဆဲ သီခ်င္းမ်ားျဖစ္ပါတယ္ ။
ေတးေရးေတးဆို တစ္ေယာက္ျဖစ္ၿပီး အရင္ေခတ္က နာမည္ႀကီး ခဲ့ေသာ သီခ်င္းဆိုၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ melody world သီခ်င္းဆိုၿပိဳင္ပြဲကို ဦးေဆာင္ခဲ့သူ ဆရာ ျမင့္မိုးေအာင္ရဲ႕ ဆရာျဖစ္ၿပီး
ဆရာျမင့္မိုးေအာင္ဟာ ထူးအိမ္သင္လိုမ်ိဳးအႏုပညာရွင္တစ္ေယာက္ ေပၚထြက္လာဖို႔ မလြယ္ေတာ့ဘူးလို႔ ဆိုပါတယ္။
စိုးလြင္လြင္၊ ကိုင္ဇာ စသည့္နာမည္ႀကီး ေတးသံရွင္မ်ားနဲ႔ အတူတူ ေက်ာ္ၾကားခဲ့ၿပီး ဂီတမ်ိဳးဆက္ အဆက္ဆက္တိုင္ ထူးအိမ္သင္ရဲ႕ သီခ်င္းမ်ား ဆိုဟန္မ်ားကို ယွဥ္တုႏိုင္ေအာင္ မရွိေလာက္ေအာင္ ကိုယ္ပိုင္ဟန္နဲ႔ သီဆိုႏိုင္သူျဖစ္ပါတယ္။
အေမနဲ႔ သား ၾကားက ေမတၱာဖြဲ႕သီခ်င္းေတြကို သီဆိုခဲ့ၿပီး အေမ ဆိုတဲ့ ေခါင္းစဥ္နဲ႔ ေတးစီးရီး album ကို ၁၉၉၇ ခုႏွစ္မွာ ထြက္ရွိခဲ့ပါတယ္။
အေမအိမ္၊ အေမ့ရဲ႕ ဒုကၡအိုးေလး ၊ေမ့ေမခ်စ္တဲ့ သားႀကီး စတဲ့ ေတးသီခ်င္းေတြဟာ နာမည္ႀကီးခဲ့ေသာ မိခင္ေမတၱာဖြဲ႕ ေတးသီခ်င္းမ်ားျဖစ္ပါတယ္။
ပထမဆုံး တကိုယ္ေတာ္ one man show ေျဖာ္ေျဖမႈကို ေအာင္ရင္ တာရာ ၊မင္းေခါင္၊ ေဟမာေနဝင္း ပိုးဒါလီသိန္းတန္ တို႔ႏွင့္အတူ ရန္ကုန္ၿမိဳ႕ အမ်ိဳးသားကဇာတ္႐ုံမွာ က်င္းပခဲ့ၿပီးေတာ့
ထူးအိမ္သင္ရဲ႕ ၃၀ ႏွစ္ေျမာက္ ေမြးေန႔ ျဖစ္တဲ့ ၁ရက္ ၇ လ ၁၉၉၃ ခုႏွစ္မွာ ျပဳလုပ္ခဲ့ပါတယ္။ထူးအိမ္သင္သည္ ကဗ်ာမ်ားကိုလည္း ေရးသားခဲ့ပါတယ္။
ကေလာင္ အမည္မွာ လင္းထက္ ၊ သွ်ပ္မႉးေက်ာ္ စတဲ့ ကေလာင္နာမည္ေတြနဲ႔ ကဗ်ာ စာ ေတြ ေရးသားခဲ့ပါတယ္။
၁၉၉၁ခုႏွစ္တြင္ထြက္ရွိခဲ့သည့္ ရာဇဝင္မ်ားရဲ႕ သတို႔သမီးသီခ်င္းေၾကာင့္ ပရိတ္သက္မ်ားမ်က္ခုံးလႈပ္ခဲ့ရပါတယ္။
သီခ်င္းသည္ ျမန္မာႏိုင္ငံ၏ အဓိက ေရစီးေၾကာင္းျဖစ္သည့္ ဧရာဝတီျမစ္ကို ေဖာ္က်ဴးထားေသာ္လည္း ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ရည္စူး၍ ေရးသားထားသည္ဟု အမ်ားက ထင္ၾကပါတယ္။
ထို႔ေၾကာင့္ သူ၏ ေဖ်ာ္ေျဖတင္ဆက္ေရးပြဲမ်ားကို စစ္အစိုးရမွ ပိတ္ပင္ခဲ့တယ္လို႔ ဆိုပါတယ္။ ၁၉၈၈ အေရးအခင္းအၿပီးတြင္
ျမန္မာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး(ABSDF)၌ ျပန္ၾကားေရးတာဝန္ခံအျဖစ္ အဆိုေတာ္ မြန္းေအာင္ ႏွင့္ အတူ ေခတၱမွ် တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။
“အေရးႀကီးၿပီ” ဆိုေသာတိုက္ပြဲဝင္သီခ်င္းကို ထိုစဥ္ကေရးစပ္ခဲ့ျခင္းျဖစ္ပါတယ္။ ထို႔ေနာက္ ၿမိဳ႕ေပၚသို႔ျပန္လာၿပီး အႏုပညာလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ခဲ့ပါတယ္။
ထူးအိမ္သင္သည္ ေတးသီခ်င္းေပါင္းမ်ားစြာကို ဆက္ဆိုခဲ့ၿပီး နာမည္ႀကီး အဆိုေတာ္ ေအာင္ရင္ ရဲ႕ ဆရာျဖစ္ၿပီး
နာမည္ႀကီး အဆိုေတာ္ တစ္ေယာက္ျဖစ္သူ ေဟမာေနဝင္းဟာလည္း ထူးအိမ္သင္ရဲ႕ သီခ်င္းမ်ားကို အမွတ္တရအေနနဲ႔ ျပန္လည္သီဆိုခဲ့ပါေသးတယ္။
ထူးအိမ္သင္သည္ စိတ္ဓာတ္ျပင္းထန္လြန္းၿပီး ပိုက္ဆံစကားမေျပာတတ္သူလို႔ ထူးအိမ္သင္ရဲ႕ အေမ ေဒၚျမရင္က ေျပာပါတယ္။
ထူးအိမ္သင္သည္ ေနာက္ဆုံးသီခ်င္းေခြအတြက္ Oasis ေတးသံသြင္းတြင္ အသံသြင္းမႈမ်ား ျပဳလုပ္ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက္ ၁၁:၄၀ ႏွလုံးေရာဂါျဖင့္ ကြယ္လြန္ခဲ့ပါတယ္။
ကြယ္လြန္စဥ္မွာ အသက္ ၄၂ ႏွစ္ပဲရွီပါေသးတယ္။ အဆိုေတာ့ ထူးအိမ္သင္ ဆုံးပါးသြားမႈအတြက္ ဂီတအႏုပညာ အသိုင္းအဝိုင္းကေကာ ပရိတ္သတ္မ်ားကပါ ယူက်ဳံးမရျဖစ္ခဲ့ပါတယ္။
အဆိုေတာ္ ထူးအိမ္သင္ ဆုံးပါးသြားစဥ္မွာ ေဝးသြားတဲ့ အခါ သီခ်င္းရဲ႕ note ေတြ စာသားေတြကို သူရဲ႕ အုတ္ဂူမွာ ထိုးေပးထားဖို႔ ေတာင္းဆိုခဲ့ဖူးတယ္လို႔ ဆိုပါတယ္။
ထူးအိမ္သင္ ဆုံးပါးသြားစဥ္က သမီးျဖစ္သူ မိကြန္ေထာဟာ ငယ္ငယ္ေလးပဲရွိေသးၿပီး ထူးအိမ္သင္ သီဆိုသြားတဲ့ ခ်စ္သမီးေလးအတြက္ သီခ်င္းကို နားေထာင္တိုင္း မ်က္ရည္က် ဝမ္းနည္းရတယ္လို႔ ဆိုပါတယ္။
ငယ္စဥ္က အရက္ႀကိဳက္ခဲ့ၿပီး လက္ရွိမွာလည္း နာမည္ႀကီး ေနဆဲ စြဲထင္ေနဆဲျဖစ္တဲ့ ေဝးသြားတဲ့အခါ ၊ အခါလြန္မိုး စတဲ့ ေတးသီခ်င္းေတြကို
တကၠသိုလ္ေက်ာင္းသား ပထမႏွစ္ ဒုတိယႏွစ္ ေလာက္ ကတည္းက ေရးေနခဲ့တာလို႔ ထူးအိမ္သင္ရဲ႕ သူငယ္ခ်င္းမ်ားျဖစ္သူက ေျပာပါတယ္။
ထိုေခတ္အခါက ေပါလစီသီခ်င္းမ်ားကို သီဆိုခဲ့ေပမယ့္လည္း ထူးအိမ္သင္ကေတာ့ တစ္ပုဒ္မွာ မသီဆိုခဲ့ပဲ ယုံၾကည္ရာကို သာ ေလွ်ာက္လွမ္းခဲ့တယ္လို႔ ဆိုပါတယ္။
သူ႔ကိုခ်စ္ခင္ေလးစားေသာ ပရိသတ္မ်ားက သူ႔အတြက္အမွတ္တရအျဖစ္ ဝက္ဆိုဒ္တစ္ခု ေထာင္ေပးထားၾကသည္။ ထူးအိမ္သင္ ၁၀ ႏွစ္တာလြမ္းျခင္းအားျဖင့္
ဂီတပြဲေတာ္ကို ၂၃ ရက္ ၈ လ ၂၀၀၄ တြင္ ျမန္မာ event park မွာ က်င္းပခဲ့ၿပီး ေဇာ္ဝင္းထြဋ့္ ေဂ်ေမာင္ေမာင္ စည္သူလြင္ အာဇာနည္ စတဲ့ အႏုပညာရွင္မ်ားက ပါဝင္သီဆိုခဲ့ပါတယ္။
ထူးအိမ္သင္ဟာ အရင္ေခတ္ပရိတ္သတ္ေတြၾကားထဲမွာေကာ အခုေခတ္ ပရိတ္သတ္ေတြရဲ႕ ရင္ထဲမွာပါ သူခ်န္ရစ္ခဲ့တဲ့ အႏုပညာေတြ စြဲထင္ေနဆဲျဖစ္တဲ့ ေတးသံရွင္ တစ္ေယာက္ျဖစ္ပါတယ္။
ပရိတ္သတ္မ်ားကလည္း သူရဲ႕ သီခ်င္းမ်ားကို တစ္ျခားသူ cover ျပန္ဆိုတာမ်ိဳး မႀကိဳက္ၾကဘဲ ေဝဖန္ၾကတဲ့ အထိ သူရဲ႕ ေတးသီခ်င္းေတြကို ႀကိဳက္ႏွစ္သက္ၾကပါတယ္။
ထူးအိမ္သင္ ဟာ လူေသသြားေပမယ့္လည္း နာမည္မေသခဲ့တဲ့ ေက်ာ္ၾကားတဲ့ အႏုပညာရွင္စစ္စစ္ႀကီးပဲျဖစ္ပါေတာ့တယ္ရွင့္ ။
ပရိတ္သတ္ႀကီးတို႔ေရ အခုကြၽန္မတို႔ တင္ဆက္သြားတာကေတာ့ ေတးသံရွင္ အဆိုေတာ္ ထူးအိမ္သင္ရဲ႕ အေၾကာင္းပဲျဖစ္ပါတယ္။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။
Unicode
သီချင်းတွေနဲ့ အမြဲတမ်းရှင်သန်နေတဲ့ အဆိုတော်ကြီး ဦးငှက် (သို့) ထူးအိမ်သင် ဘဝအကြောင်း
ဒီကနေ့မှာတော့ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်တဲ့ အပြင်ကို သီချင်းကောင်းများစွာကို ရေးသားသီကုံးခဲ့ပြီး
စတင်ကျော်ကြားကတည်းက အခုအချိန်အထိ ပရိတ်သတ်တွေရဲ့ လူငယ် လူရွယ် လူကြီး ပရိတ်သတ် အစုံအလင်ရဲ့ အသည်းနှလုံးကို
ကိုင်စွဲလှုပ်ကိုင်ထားနေနိုင်တဲ့ အဆိုရှင် ထူးအိမ်သင် အကြောင်းကို တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။
ထူးအိမ်သင်လို့ပြောလိုက်ရင် ဂီတလောကမှာ အနုပညာ အစစ်အမှန်တွေကို ပရိတ်သတ်တွေကို ထိတွေ့ခံစားခွင့်ပေးခဲ့ပြီး ၁၉၈၀ ခုနှစ်လယ်များတွင်
မြန်မာ့ဂီတလောက၌ ပေါ့ဂီတကို အသွင်တမျိုးဖြင့် ယူဆောင်ပေးသည့် ကျော်ကြားသော အဆိုတော် တေးရေးဆရာတစ်ယောက်ဖြစ်တယ် ဆိုရင် မမှားပါဘူး ။
အသံချိုချိုနဲ့သီချင်းကောင်းများစွာကို ကိုယ်ပိုင်ဟန်နဲ့ ရေးစပ်ခံစားသီဆိုနိုင်သူအဖြစ် ပရိတ်သတ်ကြီးတို့ ရင်ထဲမှာ စွဲမြဲသိရှိကြပါလိမ့်မယ်။
ဒီနေ့မှာတော့ တေးရေးဆရာလဲဖြစ် တေးဆို လဲဖြစ်တဲ့ ထူးအိမ်သင်ရဲ့ အနုပညာသက်တမ်း ၁၈ နှစ်တာကာလ တစ်လျောက်ဖြတ်သန်းခဲ့တဲ့ ဘဝ အကြောင်းကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
အဆိုတော်ထူးအိမ်သင် ကို အဘဦးထွန်းမြင့်နှင့် အမိဒေါ်မြရင်တို့မှ ၁၉၆၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့ပါတယ်။
အဖေ ဗမာ၊ အမေ မွန်ဖြစ်ပြီး မွေးချင်းမောင်နှမ ခြောက်ယောက်ရှိတဲ့ အနက်မှာ အကိုအကြီးဆုံးဖြစ်ပါတယ် ။
ထူးအိမ်သင်ရဲ့ အမည်ရင်းမှာ ကျော်မြင့်လွင်ဖြစ်ပါတယ်။ကိုသျှပ်၊ ဘဲဥ၊ ငှက်ကြီးစသည်ဖြင့် ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။
ကိုငှက်ဆိုတဲ့ နာမည်ကို အရက်ကြိုက်လွန်းတဲ့ အတွက် အမည်ပြောင် ရခဲ့တာဖြစ်ပါတယ်။
ငယ်စဉ်က အ.မ.က (၂၀) ပုသိမ်တွင် မူလတန်းပညာကို သင်ကြားခဲ့ပြီး အ.ထ.က (၃) ပုသိမ်မှ အထက်တန်းအောင်မြင်ခဲ့ပါတယ်။
၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်း ရှိ ပုသိမ်ဒေသကောလိပ် သို့တက်ရောက်ခဲ့ပါတယ်။ငယ်ငယ်ကလေးထဲက ပျော်ပွဲရွင်ပွဲကို ဝါသနာပါပြီး အနုပညာပိုးပါလာခဲ့တယ်လို့ ဆိုပါတယ်။
ငယ်ငယ်လေးထဲက တူရိယာတွေ စမ်းမှုတ်ကြည့် တီးကြည့်ပြီး ကျောင်းပွဲတွေမှာလည်းပါဝင်ခဲ့ပါတယ်။
အဆိုတော် ဒီမွန် ၊ ဦးမင်းဆုမွန်တို့ ဟာလည်း ထူးအိမ်သင်ရဲ့ ညီတွေဖြစ်ပါတယ်။ မောင်နှမတွေအပေါ်
အကိုကြီး အဖရာဆိုသလိုမျိုး ဖခင်နဲ့ မိခင် မအားလပ်တဲ့ အချိန်မျိုးမှာ ညီငယ် ညီမငယ်တွေကို ထိန်းကျောင်းတဲ့ အပြင်
ကျောင်းစာတွေကို လည်း သင်ပြပေးခဲ့တယ်လို့ ညီဖြစ်သူ အဆိုတော် ဒီမွန်က ဆိုပါတယ်။
ရိုးပွဲတွေကို အဖေမသိအောင် ခိုးဆိုခဲ့ပြီး သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ကာ သိဆိုခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်တွင် မိသားစုနှင့်အတူ
မော်လမြိုင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၉၈၄ ခုနှစ်တွင်မော်လမြိုင်တက္ကသိုလ် မှ ရုက္ခဗေဒ အထူးပြုဖြင့် သိပ္ပံဘွဲ့ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထူးအိမ်သင်၏ဇနီးမှာ မသွယ်သွယ်ထွေးဖြစ်ပြီး သူ၏တစ်ဦးတည်းသော သမီးအမည်မှာ မိကွန်ထော ဖြစ်ပါတယ်။
ဂီတာ၊ ပီယာနို၊ ၊ ဂျက်စ်၊ drums စတဲ့ တူရိယာအမျိုးမျိုးကို တီးခတ်နိုင်ပြီးတော့ သီချင်းများကို လည်း အဓိပ္ပာယ်အပြည့် ခံစားမှုအပြည့် ရေးဖွဲ့နိုင်တာကြောင့်
ပရိတ်သတ်ကြား ရေပန်းစားပြီး အယ်လ်ဘမ် ၁၄ ခုအထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ
ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့ပါတယ်။၁၉၈၇ ခုနှစ်တွင် နာရီပေါ်မှမျက်ရည်စက်များ စီးရီးဖြင့် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့ပါတယ်။
oasis စတီဒီယို မှာ အသံသွင်းခဲ့ပြီး ဂန္ဓမာတေးသံသွင်း ကနေ ထုတ်လုတ်ဖြန့်ချီခဲ့ပါတယ် ။
ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ်သီချင်းအများစုကို ရေးသားသီကုံးခဲ့ပြီး ဂီတပညာရှင်တစ်ဦး ဖြစ်ရန် ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။
ထူးအိမ်သင်၏ အခြားတစ်ကိုယ်တော် တေးစီးရီးများမှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အရင်အတိုင်း၊
စကားလုံးမရှိတဲ့ကောင်းကင်၊ မြို့ပြလရောင်တမ်းချင်း၊ ဝင်ရိုးစွန်းမီး၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင်ရက်စွဲများ၊
တစ်နေ့စာအလွဲများ၊ ချစ်ခြင်းအားဖြင့် စသည်တို့ဖြစ်ပါတယ်။ ချစ်သူ့လက်ဆောင်၊ မင်းမရှိတဲ့နောက်၊ ဂျပ်ဆင်ထိပ်က၊ လရိပ်ပြာ၊ ကြယ်တွေစုံတဲ့ည ၊နွေဦးကံ့ကော် ၊
ပထမအသဲကွဲဇာတ်လမ်း လွမ်းသူ့အိမ်မက် ၊အချစ်ဆိုသည်မှာ စတဲ့ တေးသီချင်းတွေဟာ နာမည်ကြီး လူကြိုက်များပြီး အခုချိန်ထိတိုင် ပရီတ်သတ်တွေရင်ထဲမှာ အသဲစွဲနေဆဲ သီချင်းများဖြစ်ပါတယ် ။
တေးရေးတေးဆို တစ်ယောက်ဖြစ်ပြီး အရင်ခေတ်က နာမည်ကြီး ခဲ့သော သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ melody world သီချင်းဆိုပြိုင်ပွဲကို ဦးဆောင်ခဲ့သူ ဆရာ မြင့်မိုးအောင်ရဲ့ ဆရာဖြစ်ပြီး
ဆရာမြင့်မိုးအောင်ဟာ ထူးအိမ်သင်လိုမျိုးအနုပညာရှင်တစ်ယောက် ပေါ်ထွက်လာဖို့ မလွယ်တော့ဘူးလို့ ဆိုပါတယ်။
စိုးလွင်လွင်၊ ကိုင်ဇာ စသည့်နာမည်ကြီး တေးသံရှင်များနဲ့ အတူတူ ကျော်ကြားခဲ့ပြီး ဂီတမျိုးဆက် အဆက်ဆက်တိုင် ထူးအိမ်သင်ရဲ့ သီချင်းများ ဆိုဟန်များကို ယှဉ်တုနိုင်အောင် မရှိလောက်အောင် ကိုယ်ပိုင်ဟန်နဲ့ သီဆိုနိုင်သူဖြစ်ပါတယ်။
အမေနဲ့ သား ကြားက မေတ္တာဖွဲ့သီချင်းတွေကို သီဆိုခဲ့ပြီး အမေ ဆိုတဲ့ ခေါင်းစဉ်နဲ့ တေးစီးရီး album ကို ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။
အမေအိမ်၊ အမေ့ရဲ့ ဒုက္ခအိုးလေး ၊မေ့မေချစ်တဲ့ သားကြီး စတဲ့ တေးသီချင်းတွေဟာ နာမည်ကြီးခဲ့သော မိခင်မေတ္တာဖွဲ့ တေးသီချင်းများဖြစ်ပါတယ်။
ပထမဆုံး တကိုယ်တော် one man show ဖြော်ဖြေမှုကို အောင်ရင် တာရာ ၊မင်းခေါင်၊ ဟေမာနေဝင်း ပိုးဒါလီသိန်းတန် တို့နှင့်အတူ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပြီးတော့
ထူးအိမ်သင်ရဲ့ ၃၀ နှစ်မြောက် မွေးနေ့ ဖြစ်တဲ့ ၁ရက် ၇ လ ၁၉၉၃ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။ထူးအိမ်သင်သည် ကဗျာများကိုလည်း ရေးသားခဲ့ပါတယ်။
ကလောင် အမည်မှာ လင်းထက် ၊ သျှပ်မှူးကျော် စတဲ့ ကလောင်နာမည်တွေနဲ့ ကဗျာ စာ တွေ ရေးသားခဲ့ပါတယ်။
၁၉၉၁ခုနှစ်တွင်ထွက်ရှိခဲ့သည့် ရာဇဝင်များရဲ့ သတို့သမီးသီချင်းကြောင့် ပရိတ်သက်များမျက်ခုံးလှုပ်ခဲ့ရပါတယ်။
သီချင်းသည် မြန်မာနိုင်ငံ၏ အဓိက ရေစီးကြောင်းဖြစ်သည့် ဧရာဝတီမြစ်ကို ဖော်ကျူးထားသော်လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်စူး၍ ရေးသားထားသည်ဟု အများက ထင်ကြပါတယ်။
ထို့ကြောင့် သူ၏ ဖျော်ဖြေတင်ဆက်ရေးပွဲများကို စစ်အစိုးရမှ ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၈၈ အရေးအခင်းအပြီးတွင်
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၌ ပြန်ကြားရေးတာဝန်ခံအဖြစ် အဆိုတော် မွန်းအောင် နှင့် အတူ ခေတ္တမျှ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
“အရေးကြီးပြီ” ဆိုသောတိုက်ပွဲဝင်သီချင်းကို ထိုစဉ်ကရေးစပ်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့နောက် မြို့ပေါ်သို့ပြန်လာပြီး အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
ထူးအိမ်သင်သည် တေးသီချင်းပေါင်းများစွာကို ဆက်ဆိုခဲ့ပြီး နာမည်ကြီး အဆိုတော် အောင်ရင် ရဲ့ ဆရာဖြစ်ပြီး
နာမည်ကြီး အဆိုတော် တစ်ယောက်ဖြစ်သူ ဟေမာနေဝင်းဟာလည်း ထူးအိမ်သင်ရဲ့ သီချင်းများကို အမှတ်တရအနေနဲ့ ပြန်လည်သီဆိုခဲ့ပါသေးတယ်။
ထူးအိမ်သင်သည် စိတ်ဓာတ်ပြင်းထန်လွန်းပြီး ပိုက်ဆံစကားမပြောတတ်သူလို့ ထူးအိမ်သင်ရဲ့ အမေ ဒေါ်မြရင်က ပြောပါတယ်။
ထူးအိမ်သင်သည် နောက်ဆုံးသီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက် ၁၁:၄၀ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ်။
ကွယ်လွန်စဉ်မှာ အသက် ၄၂ နှစ်ပဲရှီပါသေးတယ်။ အဆိုတော့ ထူးအိမ်သင် ဆုံးပါးသွားမှုအတွက် ဂီတအနုပညာ အသိုင်းအဝိုင်းကကော ပရိတ်သတ်များကပါ ယူကျုံးမရဖြစ်ခဲ့ပါတယ်။
အဆိုတော် ထူးအိမ်သင် ဆုံးပါးသွားစဉ်မှာ ဝေးသွားတဲ့ အခါ သီချင်းရဲ့ note တွေ စာသားတွေကို သူရဲ့ အုတ်ဂူမှာ ထိုးပေးထားဖို့ တောင်းဆိုခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ထူးအိမ်သင် ဆုံးပါးသွားစဉ်က သမီးဖြစ်သူ မိကွန်ထောဟာ ငယ်ငယ်လေးပဲရှိသေးပြီး ထူးအိမ်သင် သီဆိုသွားတဲ့ ချစ်သမီးလေးအတွက် သီချင်းကို နားထောင်တိုင်း မျက်ရည်ကျ ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။
ငယ်စဉ်က အရက်ကြိုက်ခဲ့ပြီး လက်ရှိမှာလည်း နာမည်ကြီး နေဆဲ စွဲထင်နေဆဲဖြစ်တဲ့ ဝေးသွားတဲ့အခါ ၊ အခါလွန်မိုး စတဲ့ တေးသီချင်းတွေကို
တက္ကသိုလ်ကျောင်းသား ပထမနှစ် ဒုတိယနှစ် လောက် ကတည်းက ရေးနေခဲ့တာလို့ ထူးအိမ်သင်ရဲ့ သူငယ်ချင်းများဖြစ်သူက ပြောပါတယ်။
ထိုခေတ်အခါက ပေါလစီသီချင်းများကို သီဆိုခဲ့ပေမယ့်လည်း ထူးအိမ်သင်ကတော့ တစ်ပုဒ်မှာ မသီဆိုခဲ့ပဲ ယုံကြည်ရာကို သာ လျှောက်လှမ်းခဲ့တယ်လို့ ဆိုပါတယ်။
သူ့ကိုချစ်ခင်လေးစားသော ပရိသတ်များက သူ့အတွက်အမှတ်တရအဖြစ် ဝက်ဆိုဒ်တစ်ခု ထောင်ပေးထားကြသည်။ ထူးအိမ်သင် ၁၀ နှစ်တာလွမ်းခြင်းအားဖြင့်
ဂီတပွဲတော်ကို ၂၃ ရက် ၈ လ ၂၀၀၄ တွင် မြန်မာ event park မှာ ကျင်းပခဲ့ပြီး ဇော်ဝင်းထွဋ့် ဂျေမောင်မောင် စည်သူလွင် အာဇာနည် စတဲ့ အနုပညာရှင်များက ပါဝင်သီဆိုခဲ့ပါတယ်။
ထူးအိမ်သင်ဟာ အရင်ခေတ်ပရိတ်သတ်တွေကြားထဲမှာကော အခုခေတ် ပရိတ်သတ်တွေရဲ့ ရင်ထဲမှာပါ သူချန်ရစ်ခဲ့တဲ့ အနုပညာတွေ စွဲထင်နေဆဲဖြစ်တဲ့ တေးသံရှင် တစ်ယောက်ဖြစ်ပါတယ်။
ပရိတ်သတ်များကလည်း သူရဲ့ သီချင်းများကို တစ်ခြားသူ cover ပြန်ဆိုတာမျိုး မကြိုက်ကြဘဲ ဝေဖန်ကြတဲ့ အထိ သူရဲ့ တေးသီချင်းတွေကို ကြိုက်နှစ်သက်ကြပါတယ်။
ထူးအိမ်သင် ဟာ လူသေသွားပေမယ့်လည်း နာမည်မသေခဲ့တဲ့ ကျော်ကြားတဲ့ အနုပညာရှင်စစ်စစ်ကြီးပဲဖြစ်ပါတော့တယ်ရှင့် ။
ပရိတ်သတ်ကြီးတို့ရေ အခုကျွန်မတို့ တင်ဆက်သွားတာကတော့ တေးသံရှင် အဆိုတော် ထူးအိမ်သင်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Crd
Crd