သာမိုန်ဴကလီယာထိပ္ဖူးတပ္ တိုက္ခ်င္းပစ္ေတာ္ပီဒိုႀကီး ႐ု႐ွားတို႔ပိုင္ဆိုင္ေနျပီလား…

သာမိုန်ဴကလီယာထိပ္ဖူးတပ္ တိုက္ခ်င္းပစ္ေတာ္ပီဒိုႀကီး ႐ု႐ွားတို႔ပိုင္ဆိုင္ေနျပီလား…

အေမရိကန္ရဲ႕ ပင္တဂြန္စစ္႒ာနခ်ဳပ္ဟာ ႐ု႐ွားမွာ မီဂါတန္၁၀၀ျပင္းအား႐ွိ ကမၻာဖ်က္လက္နက္ျဖစ္ တဲ့ သာမိုန်ဴကလီယာထိပ္ဖူးတပ္ ေတာ္ပီဒိုႀကီး (Doomsday Torpedo) အမွန္တကယ္ ႐ွိေန ေၾကာင္း အတည္ျပဳေဖာ္ျပခဲ့ေၾကာင္းသိရပါတယ္။

မၾကာေသးခင္က ထုတ္ျပန္ခဲ့တဲ့ပင္တဂြန္ရဲ႕ စာမ်က္ႏွာ၇၂မ်က္ႏွာပါဝင္တဲ့(NUCLEAR POSTURE REVIEW,FEBRUARY 2018)ရဲ႕ စာမ်က္ႏွာ၈မွာ Status-6 AUV (Kanyon) လို႔အမည္ေပးထားတဲ့

ပင္လယ္ေရေအာက္ေရငုတ္ သေဘၤာကပစ္ခတ္တဲ့ တိုက္ခ်င္းပစ္ေတာ္ပီဒိုႀကီး ႐ု႐ွားတို႔ပိုင္ဆိုင္ေနေၾကာင္း ေဖာ္ျပထားပါတယ္။ ႐ု႐ွားရဲ႕Kanyonေတာ္ပီဒိုႀကီးရဲ႕ေပါက္ကြဲမႈျပင္းအား ၁၀၀မီဂါတန္ဆိုတာဟာ

100,000,000 tons of TNT(ယမ္းဘီလူး တန္ခ်ိန္သန္း၁၀၀ေပါက္ကြဲမႈ ျပင္းအား)နဲ႔ညီမ်ွပါတယ္။ ဂ်ပန္ႏိုင္ငံဟီ႐ုိ႐ွီးမားၿမိဳ႕ မွာေဖာက္ခြဲခဲ့တဲ့န်ဴကလီယာဗံုးဟာ 16 kilotons(16,000 tons of TNT) ျပင္းအား႐ွိၿပီးလူ၈၀၀၀၀ကိုတစ္မုဟုတ္ခ်င္း ေသဆံုးေစခဲ့ပါတယ္။

ယခုKanyonေတာ္ပီဒိုႀကီးနဲ႔ နယူးေယာက္ၿမိဳ႕ ကို တိုက္ခိုက္ခဲ့ပါက လူ၈သန္း႐ုတ္တရက္ေသဆံုးၿပီး လူ၆သန္းဒဏ္ရာျပင္းထန္စြာရ႐ွိသြားႏိုင္တယ္လို႔ ဆိုပါတယ္။ ေနာက္တဖန္ ဒီေတာ္ပီဒိုနဲ႔အေမရိကန္ကမ္း႐ိုးတန္း ေဒသေတြကိုတိုက္ခိုက္ခဲ့ပါက

ပင္လယ္ကမ္းစပ္တ ေလ်ွာက္႐ွိၿမိဳ႕ႀကီးေတြကို ဆူနာမီေရလိႈင္းႀကီး (Mega Tsunami) ေတြကဖံုးလႊမ္းသြားေစ႐ုံမ်ွမက ပင္လယ္ေရမွာပါဝင္လာတဲ့ေရဒီယိုသတၱိႂကြအိုင္ဆို တုပ္(Radioactive isotope Cobalt-60)ေတြရဲ႕ အႏၲရာယ္ေၾကာင့္

လူေပါင္းသန္းခ်ီေသဆံုးပ်က္စီး ၿပီးေနာက္ႏွစ္တစ္ရာေက်ာ္အထိ မ်ိဳးဆက္ေတြပါ ပ်က္သုဥ္းသြားေစႏိုင္ေၾကာင္း န်ဴကလီယာသိပၸံ ပညာ႐ွင္ေတြက ခန္႔မွန္းထားၾကပါတယ္။

႐ု႐ွားႏိုင္ငံထံမွာ Doomsday Torpedo ႀကီး႐ွိေန ႏိုင္ေၾကာင္း အေမရိကန္ရဲ႕ ေထာက္လွမ္းေရး အဖြဲ႔ေတြႏွစ္အတန္ၾကာကတည္းက ခန္႔မွန္းတြက္ ဆခဲ့ၾကတာျဖစ္ၿပီး ယခုႏွစ္မၾကာေသးခင္ကမွ ပင္တဂြန္စစ္႒ာနခ်ဳပ္က ရ႐ွိထားတဲ့အေထာက္အထားေတြကို သံုးသပ္ၿပီး အတည္ျပဳခဲ့တာျဖစ္ ေၾကာင္းသိရပါတယ္ဗ်ာ။

Crd..Y Aung

Unicode

သာမိုနျူကလီယာထိပ်ဖူးတပ် တိုက်ချင်းပစ်တော်ပီဒိုကြီး ရုရှားတို့ပိုင်ဆိုင်နေပြီလား…

အမေရိကန်ရဲ့ ပင်တဂွန်စစ်ဋ္ဌာနချုပ်ဟာ ရုရှားမှာ မီဂါတန်၁၀၀ပြင်းအားရှိ ကမ္ဘာဖျက်လက်နက်ဖြစ် တဲ့ သာမိုနျူကလီယာထိပ်ဖူးတပ် တော်ပီဒိုကြီး (Doomsday Torpedo) အမှန်တကယ် ရှိနေ ကြောင်း အတည်ပြုဖော်ပြခဲ့ကြောင်းသိရပါတယ်။

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ပင်တဂွန်ရဲ့ စာမျက်နှာ၇၂မျက်နှာပါဝင်တဲ့(NUCLEAR POSTURE REVIEW,FEBRUARY 2018)ရဲ့ စာမျက်နှာ၈မှာ Status-6 AUV (Kanyon) လို့အမည်ပေးထားတဲ့

ပင်လယ်ရေအောက်ရေငုတ် သင်္ဘောကပစ်ခတ်တဲ့ တိုက်ချင်းပစ်တော်ပီဒိုကြီး ရုရှားတို့ပိုင်ဆိုင်နေကြောင်း ဖော်ပြထားပါတယ်။ ရုရှားရဲ့Kanyonတော်ပီဒိုကြီးရဲ့ပေါက်ကွဲမှုပြင်းအား ၁၀၀မီဂါတန်ဆိုတာဟာ

100,000,000 tons of TNT(ယမ်းဘီလူး တန်ချိန်သန်း၁၀၀ပေါက်ကွဲမှု ပြင်းအား)နဲ့ညီမျှပါတယ်။ ဂျပန်နိုင်ငံဟီရိုရှီးမားမြို့ မှာဖောက်ခွဲခဲ့တဲ့နျူကလီယာဗုံးဟာ 16 kilotons(16,000 tons of TNT) ပြင်းအားရှိပြီးလူ၈၀၀၀၀ကိုတစ်မုဟုတ်ချင်း သေဆုံးစေခဲ့ပါတယ်။

ယခုKanyonတော်ပီဒိုကြီးနဲ့ နယူးယောက်မြို့ ကို တိုက်ခိုက်ခဲ့ပါက လူ၈သန်းရုတ်တရက်သေဆုံးပြီး လူ၆သန်းဒဏ်ရာပြင်းထန်စွာရရှိသွားနိုင်တယ်လို့ ဆိုပါတယ်။ နောက်တဖန် ဒီတော်ပီဒိုနဲ့အမေရိကန်ကမ်းရိုးတန်း ဒေသတွေကိုတိုက်ခိုက်ခဲ့ပါက

ပင်လယ်ကမ်းစပ်တ လျှောက်ရှိမြို့ကြီးတွေကို ဆူနာမီရေလှိုင်းကြီး (Mega Tsunami) တွေကဖုံးလွှမ်းသွားစေရုံမျှမက ပင်လယ်ရေမှာပါဝင်လာတဲ့ရေဒီယိုသတ္တိကြွအိုင်ဆို တုပ်(Radioactive isotope Cobalt-60)တွေရဲ့ အန္တရာယ်ကြောင့်

လူပေါင်းသန်းချီသေဆုံးပျက်စီး ပြီးနောက်နှစ်တစ်ရာကျော်အထိ မျိုးဆက်တွေပါ ပျက်သုဉ်းသွားစေနိုင်ကြောင်း နျူကလီယာသိပ္ပံ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

ရုရှားနိုင်ငံထံမှာ Doomsday Torpedo ကြီးရှိနေ နိုင်ကြောင်း အမေရိကန်ရဲ့ ထောက်လှမ်းရေး အဖွဲ့တွေနှစ်အတန်ကြာကတည်းက ခန့်မှန်းတွက် ဆခဲ့ကြတာဖြစ်ပြီး ယခုနှစ်မကြာသေးခင်ကမှ ပင်တဂွန်စစ်ဋ္ဌာနချုပ်က ရရှိထားတဲ့အထောက်အထားတွေကို သုံးသပ်ပြီး အတည်ပြုခဲ့တာဖြစ် ကြောင်းသိရပါတယ်ဗျာ။

Crd..Y Aung

Crd

Crd

arkarta