သာကောကြီးရဲ့လေတပ်ကိုနောက်ကောက်ချချန်ခဲ့တော့မည့် အိန္ဒိယလေတပ်၏အကြံအစည်

သာကောကြီးရဲ့လေတပ်ကိုနောက်ကောက်ချချန်ခဲ့တော့မည့် အိန္ဒိယလေတပ်၏အကြံအစည်

အိန္ဒိယနာမည်ကျော် HAL ကုမ္ပဏီတစ်ခုဖြစ်တဲ့ လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီက အိန္ဒိယတပ်မတော်အတွက် အပေါ့စားတိုက်လေယာဉ်တွေကို တည်ဆောက်ပေးနေတာဖြစ်ပါတယ်။

ယခုအခါမှာတော့ အဆိုပါကုမ္ပဏီက ၎င်းတိုက်လေယာဉ် ၉၉ စီးစာအတွက် အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ GE Aviation ကနေ F404-GE-IN20 အင်ဂျင် ၉၉ လုံးကို

အိန္ဒိယရူပီးငွေ ၅၃၇၅ ကုဋေဖိုး ဝယ်ယူမှုပြုခဲ့တယ်လို့ သိရှိရပါတယ်။ ဒီလိုဝယ်ယူမှုဟာ အကြီးမားဆုံး ဝယ်ယူမှုလည်းဖြစ်ပါတယ်။

F404-GE-IN20 အင်ဂျင်အမျိုးအစားဟာ မြင့်မားတဲ့တွန်းကန်အားစနစ်ကို ထုတ်လုပ်ပေးနိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

စွမ်းအင်အတွက် Full Authority Digital Engine Control (FADEC) စနစ်ကို အသုံးပြုထားတာကြောင့် ယုံကြည်စိတ်ချရမှုအပြည့်အဝရှိပါတယ်။

အဆိုပါအင်ဂျင်စနစ်ဟာ အသုံးပြုမှုနာရီပေါင်း ၁၄ သန်းကျော်ရှိပြီးလည်း ဖြစ်တယ်လို့သိရှိရပါတယ်။
Crd..Gone LIN
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi






Crd..Gone LIN