သမီးလေးအရမ်းလိုချင်တာကြောင့် ၃မွှာပူးမွေးလာသော သားလေးတွေကို မိန်းကလေးလို ဆံပင်အရှည်ထားခိုင်းခဲ့သော မိဘနှစ်ပါး – 1


.


.


.


Zawgyi

သမီးလေးအရမ်းလိုချင်တာကြောင့် ၃မွှာပူးမွေးလာသော သားလေးတွေကို မိန်းကလေးလို ဆံပင်အရှည်ထားခိုင်းခဲ့သော မိဘနှစ်ပါး

ဂျပန်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် လက်ထပ်ပြီးမကြာခင် ကိုယ်ဝန်ရခဲ့ရာ အမွှာသားလေးနှစ်ယောက်ဖြစ်နေသည့်အတွက် အလွန်အမင်း ဝမ်းသာပျော်ရွှင်ခဲ့ကြသည်။

ထို့နောက် သူတို့ဇနီးမောင်နှံနှစ်ဦးသည် သားလေးရှိပြီဖြစ်တဲ့အတွက် သုံးနှစ်အကြာတွင် ကိုယ်ဝန်ထပ်ရခဲ့ကာ သမီးလေးတစ်ယောက်လိုချင်ကြောင်း ဆုတောင်းခဲ့သော်လည်း သုံးမွှာပူးသာ ဖြစ်နေခဲ့သည်။

သူတို့နှစ်ဦးမှာလည်း အံ့အားသင့်ခဲ့ရပြီး မိန်းကလေးမွေးမည်ဟု ယုံကြည်ထားခဲ့ရာ ကံမကောင်းစွာပဲ သားယောကျ်ားလေးတွေသာ ဖြစ်နေခဲ့ပြီး စိတ်ဓာတ်ကျခဲ့ရသော်လည်း အကောင်းဆုံး ဂရုတစိုက်နှင့် ပြုစုစောင့်ရှောက်ပေးခဲ့သည်။

နောက်ဆုံး သမီးလေးတအားလိုချင်သော မိဘနှစ်ပါးသည် သုံးမွှာပူးယောကျ်ားလေးတွေကို သမီးလေးတွေလို သဘောထားကာ ဆံပင်အရှည်ထားခိုင်း၍ စကပ်ကလွဲပြီး မိန်းကလေးတွေလို ဝတ်စားဆင်ယင်ပေးခဲ့ကြသည်။

Crd