သမီးတော်အဖြစ်နဲ့ အနှစ် ၂ဝ ၊ မိဖုရားအဖြစ် ၁ ရက် ၊ တော်ဝင် မင်းသမီးအဖြစ် ၁ဝ လ ၊ အထိန်းတော် အဖြစ် တသက်

မိန်းမတွေဟာ ဒီလိုနဲ့ အရွယ်အိုမင်းသွားခဲ့တယ်

ကိုယ်က ဘယ်တော့မှ ကလေး မမွေးဘူး ။ ဘယ်သူ့ကိုမှလည်း ပေးဆပ်ချင်တာ မဟုတ်ဘူး ။ ကိုယ်က အတ္တကြီးတယ် ။

အဲဒီ အမျိုးသမီးဟာ ဒီလိုနဲ့ပဲ အိုမင်းသွား ခဲ့တယ်..

မိန်းမရဲ့ တသက်က ခက်ခဲတဲ့ တသက်ဖြစ်တယ် ။

သမီးတော်အဖြစ်နဲ့ အနှစ် ၂ဝ ၊ မိဖုရားအဖြစ် ၁ ရက် ၊ တော်ဝင် မင်းသမီးအဖြစ် ၁ဝ လ ၊ အထိန်းတော် အဖြစ် တသက် ။

ဒါဟာ မိန်းမ တယောက်ရဲ့ တစ်သက်တာဖြစ်တယ် ။ မိန်းမ အများစုဟာ ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့ပါတယ် ။

မိန်းမဟာ ကလေးငယ်ကို ပွေ့ချီထားပြီး နွားနို့ ကျိုနေတယ် ၊ အဝတ် လျှော်နေတယ် ။

ဆပ်ပြာတွေ ပေနေတဲ့လက်နဲ့ နဖူးထက်က ချွေးတွေကို သုတ်ရင်း “ အင်း အခု အချိန်မှာ ကလေး ငယ်သေးတယ် ၊

ကလေးကြီးလာရင် ငါလည်း အားလပ်ချိန်လေးတော့ ရှိလာမှာပါ ” လို့ တွေးတယ် ။

ကလေး တဖြည်းဖြည်း ကြီးလို့ မူကြိုတက်တဲ့အရွယ် ရောက်လာခဲ့တယ် ။

မိန်းမဟာ ကလေး တစ်ဖက်နဲ့ ဈေးသွားတယ် ၊ ချက်ပြုတ်တယ်၊ အလုပ်မှာလည်း မလစ်ဟင်းအောင် ကြိုးစားတယ် ။

နေ့နေ့ ညည အိမ်မှုကိစ္စ၊ လူမှုရေး ကိစ္စတွေနဲ့ နေမင်း ၊ ကြယ်နဲ့လ တို့ကို သူမေ့သွား ခဲ့တယ် ။

ကိစ္စမရှိဘူး ။ ကလေး ကျောင်းသွားတဲ့ အခါ အားလပ်ချိန်တချို့ ရှိလာနိုင် ပါတယ် ။

မိန်းမတွေက ဒီလိုပဲပြောကြတယ်။ သူတို့ မျက်နှာပေါ် အရစ်အကြောင်းရာတွေ တဖြည်းဖြည်း တွားတတ် လာတာကို သူတို့ဥပက္ခာပြုထားခဲ့ မိကြတယ် ။

ကလေး ကျောင်းတက်တဲ့ အရွယ် ရောက်လာခဲ့ပြီ ။ မိန်းမဟာ ပို အလုပ်များရ တော့တယ် ။

ကလေးကို လူတော် လူကောင်း ထူးချွန် ထက်မြက်သူ ဖြစ်အောင် ပြုစု ပျိုးထောင်ရတယ် ။

မိန်းမဟာ အိမ်မှုကိစ္စ၊ လူမှုရေး ကိစ္စ၊ အလုပ်၊ သားရေးသမီးရေး၊ လင်ဝတ္တရား စတာတွေမှာ တဝဲဝဲလည်နေတော့တယ် ။

သားသမီးနဲ့ လင်ယောက်ျားက နဂါးငွေ့တန်းပါ ၊ မိန်းမဟာ ဂြိုလ်ပါလို့ မိန်းမ အများက ဒီလိုတွေးခဲ့ ကြတယ် ။ မိန်းမဟာ ဒီလိုနဲ့ပဲ အိုမင်း သွားခဲ့တယ်…

ငွေရောင် ဆံနွှယ် တချို့က မိန်းမရဲ့ နွမ်းနယ်တဲ့ နဖူးထက် ကနေ လေဟာနယ်ထဲ လျောကျသွား ခဲ့တယ် ။

“ ဘယ်အချိန်ခါမှများ စိတ်လွတ် ကိုယ်လွတ် နဲ့ ငါ ခဏလောက် အနားရနိုင်မလဲ ”

လရောင် မရှိတဲ့ ညနက်မှာ မိန်းမဟာ နာကျင်ညောင်းကိုက်နေတဲ့ အကြောတွေကို အားစိုက် ဆွဲဆန့်ရင်း ကိုယ့်ကိုယ်ကို မေးတယ် ။

အာ.. တောင့်ခံ လိုက်ပါဦး ။ ကလေးကြီး လာလို့ တက္ကသိုလ်တက်ချိန် ရောက်ရင် ဒါမှမဟုတ်

သူတို့ အလုပ် ရသွားတဲ့အခါ အရာအားလုံး ကောင်းသွား မှာပါ ၊ အဆင်ပြေသွားမှာပါ။

အဲဒီအချိန် ရောက်ရင် ငါလည်း အားလပ်ချိန် ရှိလာမှာပါ ။ မိန်းမက အဲဒီလို ကိုယ့်ကိုယ်ကို ကတိ ပေးတယ်။

အချိန်က မိန်းမရဲ့ လှပမှုနဲ့ အားအင်တွေကို စုပ်ယူသွား ခဲ့တယ် ။

မျက်နှာပေါ်က အရစ်ကြောင်းနဲ့ လှုပ်ရှားသွားလာမှု တုံ့နှေးခြင်း တွေကို တွင်းမည်းကြီး ပမာ ချန်ထားရစ် ခဲ့တယ် ။ ဒီလိုနဲ့ပဲ မိန်းမဟာ အိုမင်းသွား ခဲ့တယ်..

ကလေးက အတောင်ပံ စုံလင်ပြီး မိခင် အသိုက်ကနေ ခွာသွား ခဲ့တယ်။ မိခင်ကို အဖော်ပြုဖို့ အမွေးအတောင်ဟောင်း တချို့သာ ချန်ထားရစ် ခဲ့တယ် ။

မိန်းမဟာ သက်ပြင်းချရင်း အခုမှ နားနား နေနေ နေဖို့ အချိန်ရပြီလို့ တွေးတယ် ။

ဒါပေမယ့် နှမြောစရာ ကောင်းတာက သူ့သွားတွေ ချိနဲ့ ကုန်ပြီ၊ မာတဲ့ အစာတွေကို မဝါးနိုင်တော့ဘူး။

သူ့မျက်လုံးတွေ မွဲကုန်ပြီ ။ လှပတဲ့အရောင်တွေကို မခွဲခြားတတ်တော့ဘူး။

သူရဲ့နားစည်တွေ မကြည်လင်တော့ဘူး သာယာနာ ပျော်ဖွယ် တေးသံတွေကို မခံစားတတ် တော့ဘူး။

သူ့လှုပ်ရှား သွားလာမှုတွေ တုံ့နှေး ခဲ့ပြီ ဝေးဝေး လံလံ မသွားနိုင်တော့ဘူး ။

ထွက်သွားတဲ့ ကလေး ပြန်ရောက်လာ ခဲ့တယ် ။ အဲဒီကလေးက သူ့ထက် ငယ်တဲ့ ကလေး သေးသေးလေး တယောက် ခေါ်ပြန်လာ ခဲ့တယ် ။

အချိန်တွေ ပြန်ပြောင်း စီးဆင်း သွားပြန်ပြီ လို့ မိန်းမ ထင်တယ် ။ အဲဒီလိုနဲ့ ကလေးရဲ့ ကလေးအတွက် မိန်းမ အလုပ် စများရ တော့တယ် ။

အဲဒီ့ ကလေးလေးက စကားစသင်နေပြီး သူ့ကိုခေါ်တာ “ မေမေ ” မဟုတ်ဘဲ “ ဘွားဘွား ” ဖြစ်သွား ခဲ့တယ်။ မိန်းမဟာ ဒီလိုနဲ့ပဲ အိုမင်းသွား ခဲ့တယ်..

ဒီလိုနဲ့ တနေ့မှာ မိန်းမဟာ ဘာ အားလပ်ရက် အနားယူဖို့မှ မလိုအပ်ခဲ့တော့ဘူး ။

နောက်ဆုံး အချိန် ရောက်မှ ဟိုး အရင် အရင် အချိန်တုန်းက သူ့ကိုယ်သူ ပေးခဲ့တဲ့ ကတိကို သူပြန်သတိရလိုက်မိတယ်။

အဲဒီ ကတိကတော့ နွေဦးရာသီ နေ့ရက် တနေ့မှာ ပဝါ အနီရောင်ကို လွှမ်းခြုံပြီး မြက်ခင်း စိမ်းစိမ်း တနေရာမှာ

ဆိတ်ဆိတ် ငြိမ်ငြိမ် နေပူစာ ခံမယ် ၊ ကျောက်တုံးပေါ်တွားသွားတဲ့ ပုရွက်ဆိတ်တွေရဲ့ ခြေသံကို နားထောင်မယ် ။

အာ.. အဲတာမှ တကယ့် ဇိမ်ခံ အနားယူတာပဲ..

မိန်းမဟာ အဲဒီလို တွေးရင်း တွေးရင်း ထာဝရ အိပ်စက် အနားယူသွား ခဲ့ပါတယ် ။

မိန်းမ တယောက် ထာဝရ အိပ်စက် အနားယူသွားတာကို ဒီလို ပုံဖော် ရေးသား ရတာ ဝမ်းနည်းစရာကောင်းပါတယ် ။ ခွင့်လွှတ်ပါ။

မိန်းမဟာ ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့တယ်။ မိန်းမတော်တော် များများဟာ စိတ်သဘောထားကြီးစွာ တခြားသူအတွက်

ချစ်ခြင်းမေတ္တာတွေ ပေးဆပ်နေချိန်မှာ လူတယောက်ကို ချစ်ဖို့ သူတို့ မေ့သွားခဲ့ ပါတယ် ။ အဲဒီလူက သူတို့ကိုယ်တိုင်ပဲ ဖြစ်တယ် ။

မိန်းမတို့ရေ.. ကိုယ့်ကိုယ်ကို ဖြေဖျော်ဖို့ အချိန် နည်းနည်းလောက်၊ နေရာလပ် နည်းနည်းလောက် ချန်ထားပေးဖို့ မမေ့ကြပါနဲ့ ။ အချိန်မဆွဲပါနဲ့ ။

အချိန်ကို မစောင့်ပါနဲ့လို့ အကြံပေးချင် ပါတယ်။ အခုအချိန်ကစ ၊ ဒီကနေ့ကစပြီး ပန်းကန်ထဲက အသားတွေကို ကလေးရဲ့ ပါးစပ်ရှေ့ပဲ ရောက်အောင် မပို့ပါနဲ့တော့ ။

အိမ်မှာရှိတဲ့ ပိုက်ဆံတွေကို အိမ်ပြင်ဖို့၊ ယောက်ျားဖို့ပဲ ချန်မထား ပါနဲ့တော့ ။

ရှိသမျှ ခွန်အားတွေ အားလုံးကို အလုပ်ထဲမှာပဲ ထည့်မြှုပ် မထားပါနဲ့တော့ ။

အခါကြီး ရက်မြတ်တွေမှာ လက်ဆောင်ပေးတဲ့ စာရင်းထဲမှာ ကိုယ့်နာမည်ကို မေ့မထား ပါနဲ့တော့ ။

ကိုယ့်မိသားစု၊ ကိုယ်အိမ်သားကို ချစ်တဲ့ နည်းတူ ကိုယ့်ကိုယ်ကို ချစ်ဖို့လည်း မမေ့ပါနဲ့ ။

မိန်းမတွေဟာ ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့ရင် ရင်နာစရာ ၊ နှမြောစရာ ကောင်းလွန်း လို့ပါ။

Credit.

မိန္းမေတြဟာ ဒီလိုနဲ႔ အရြယ္အိုမင္းသြားခဲ့တယ္

ကိုယ္က ဘယ္ေတာ့မွ ကေလး မေမြးဘူး ။ ဘယ္သူ႔ကိုမွလည္း ေပးဆပ္ခ်င္တာ မဟုတ္ဘူး ။ ကိုယ္က အတၱႀကီးတယ္ ။

အဲဒီ အမ်ိဳးသမီးဟာ ဒီလိုနဲ႔ပဲ အိုမင္းသြား ခဲ့တယ္..

မိန္းမရဲ့ တသက္က ခက္ခဲတဲ့ တသက္ျဖစ္တယ္ ။

သမီးေတာ္အျဖစ္နဲ႔ အႏွစ္ ၂ဝ ၊ မိဖုရားအျဖစ္ ၁ ရက္ ၊ ေတာ္ဝင္ မင္းသမီးအျဖစ္ ၁ဝ လ ၊ အထိန္းေတာ္ အျဖစ္ တသက္ ။

ဒါဟာ မိန္းမ တေယာက္ရဲ့ တစ္သက္တာျဖစ္တယ္ ။ မိန္းမ အမ်ားစုဟာ ဒီလိုနဲ႔ပဲ အိုမင္းသြားခဲ့ပါတယ္ ။

မိန္းမဟာ ကေလးငယ္ကို ေပြ႕ခ်ီထားၿပီး ႏြားနို႔ က်ိဳေနတယ္ ၊ အဝတ္ ေလၽွာ္ေနတယ္ ။

ဆပ္ျပာေတြ ေပေနတဲ့လက္နဲ႔ နဖူးထက္က ေခၽြးေတြကို သုတ္ရင္း “ အင္း အခု အခ်ိန္မွာ ကေလး ငယ္ေသးတယ္ ၊

ကေလးႀကီးလာရင္ ငါလည္း အားလပ္ခ်ိန္ေလးေတာ့ ရွိလာမွာပါ ” လို႔ ေတြးတယ္ ။

ကေလး တျဖည္းျဖည္း ႀကီးလို႔ မူႀကိဳတက္တဲ့အရြယ္ ေရာက္လာခဲ့တယ္ ။

မိန္းမဟာ ကေလး တစ္ဖက္နဲ႔ ေဈးသြားတယ္ ၊ ခ်က္ျပဳတ္တယ္၊ အလုပ္မွာလည္း မလစ္ဟင္းေအာင္ ႀကိဳးစားတယ္ ။

ေန႔ေန႔ ညည အိမ္မႈကိစၥ၊ လူမႈေရး ကိစၥေတြနဲ႔ ေနမင္း ၊ ၾကယ္နဲ႔လ တို႔ကို သူေမ့သြား ခဲ့တယ္ ။

ကိစၥမရွိဘူး ။ ကေလး ေက်ာင္းသြားတဲ့ အခါ အားလပ္ခ်ိန္တခ်ိဳ႕ ရွိလာနိုင္ ပါတယ္ ။

မိန္းမေတြက ဒီလိုပဲေျပာၾကတယ္။ သူတို႔ မ်က္ႏွာေပၚ အရစ္အေၾကာင္းရာေတြ တျဖည္းျဖည္း တြားတတ္ လာတာကို သူတို႔ဥပကၡာျပဳထားခဲ့ မိၾကတယ္ ။

ကေလး ေက်ာင္းတက္တဲ့ အရြယ္ ေရာက္လာခဲ့ၿပီ ။ မိန္းမဟာ ပို အလုပ္မ်ားရ ေတာ့တယ္ ။

ကေလးကို လူေတာ္ လူေကာင္း ထူးခၽြန္ ထက္ျမက္သူ ျဖစ္ေအာင္ ျပဳစု ပ်ိဳးေထာင္ရတယ္ ။

မိန္းမဟာ အိမ္မႈကိစၥ၊ လူမႈေရး ကိစၥ၊ အလုပ္၊ သားေရးသမီးေရး၊ လင္ဝတၱရား စတာေတြမွာ တဝဲဝဲလည္ေနေတာ့တယ္ ။

သားသမီးနဲ႔ လင္ေယာက္်ားက နဂါးေငြ႕တန္းပါ ၊ မိန္းမဟာ ၿဂိဳလ္ပါလို႔ မိန္းမ အမ်ားက ဒီလိုေတြးခဲ့ ၾကတယ္ ။ မိန္းမဟာ ဒီလိုနဲ႔ပဲ အိုမင္း သြားခဲ့တယ္…

ေငြေရာင္ ဆံႏႊယ္ တခ်ိဳ႕က မိန္းမရဲ့ ႏြမ္းနယ္တဲ့ နဖူးထက္ ကေန ေလဟာနယ္ထဲ ေလ်ာက်သြား ခဲ့တယ္ ။

“ ဘယ္အခ်ိန္ခါမွမ်ား စိတ္လြတ္ ကိုယ္လြတ္ နဲ႔ ငါ ခဏေလာက္ အနားရနိုင္မလဲ ”

လေရာင္ မရွိတဲ့ ညနက္မွာ မိန္းမဟာ နာက်င္ေညာင္းကိုက္ေနတဲ့ အေၾကာေတြကို အားစိုက္ ဆြဲဆန႔္ရင္း ကိုယ့္ကိုယ္ကို ေမးတယ္ ။

အာ.. ေတာင့္ခံ လိုက္ပါဦး ။ ကေလးႀကီး လာလို႔ တကၠသိုလ္တက္ခ်ိန္ ေရာက္ရင္ ဒါမွမဟုတ္

သူတို႔ အလုပ္ ရသြားတဲ့အခါ အရာအားလုံး ေကာင္းသြား မွာပါ ၊ အဆင္ေျပသြားမွာပါ။

အဲဒီအခ်ိန္ ေရာက္ရင္ ငါလည္း အားလပ္ခ်ိန္ ရွိလာမွာပါ ။ မိန္းမက အဲဒီလို ကိုယ့္ကိုယ္ကို ကတိ ေပးတယ္။

အခ်ိန္က မိန္းမရဲ့ လွပမႈနဲ႔ အားအင္ေတြကို စုပ္ယူသြား ခဲ့တယ္ ။

မ်က္ႏွာေပၚက အရစ္ေၾကာင္းနဲ႔ လႈပ္ရွားသြားလာမႈ တုံ႔ေႏွးျခင္း ေတြကို တြင္းမည္းႀကီး ပမာ ခ်န္ထားရစ္ ခဲ့တယ္ ။ ဒီလိုနဲ႔ပဲ မိန္းမဟာ အိုမင္းသြား ခဲ့တယ္..

ကေလးက အေတာင္ပံ စုံလင္ၿပီး မိခင္ အသိုက္ကေန ခြာသြား ခဲ့တယ္။ မိခင္ကို အေဖာ္ျပဳဖို႔ အေမြးအေတာင္ေဟာင္း တခ်ိဳ႕သာ ခ်န္ထားရစ္ ခဲ့တယ္ ။

မိန္းမဟာ သက္ျပင္းခ်ရင္း အခုမွ နားနား ေနေန ေနဖို႔ အခ်ိန္ရၿပီလို႔ ေတြးတယ္ ။

ဒါေပမယ့္ ႏွေျမာစရာ ေကာင္းတာက သူ႔သြားေတြ ခ်ိနဲ႔ ကုန္ၿပီ၊ မာတဲ့ အစာေတြကို မဝါးနိုင္ေတာ့ဘူး။

သူ႔မ်က္လုံးေတြ မြဲကုန္ၿပီ ။ လွပတဲ့အေရာင္ေတြကို မခြဲျခားတတ္ေတာ့ဘူး။

သူရဲ့နားစည္ေတြ မၾကည္လင္ေတာ့ဘူး သာယာနာ ေပ်ာ္ဖြယ္ ေတးသံေတြကို မခံစားတတ္ ေတာ့ဘူး။

သူ႔လႈပ္ရွား သြားလာမႈေတြ တုံ႔ေႏွး ခဲ့ၿပီ ေဝးေဝး လံလံ မသြားနိုင္ေတာ့ဘူး ။

ထြက္သြားတဲ့ ကေလး ျပန္ေရာက္လာ ခဲ့တယ္ ။ အဲဒီကေလးက သူ႔ထက္ ငယ္တဲ့ ကေလး ေသးေသးေလး တေယာက္ ေခၚျပန္လာ ခဲ့တယ္ ။

အခ်ိန္ေတြ ျပန္ေျပာင္း စီးဆင္း သြားျပန္ၿပီ လို႔ မိန္းမ ထင္တယ္ ။ အဲဒီလိုနဲ႔ ကေလးရဲ့ ကေလးအတြက္ မိန္းမ အလုပ္ စမ်ားရ ေတာ့တယ္ ။

အဲဒီ့ ကေလးေလးက စကားစသင္ေနၿပီး သူ႔ကိုေခၚတာ “ ေမေမ ” မဟုတ္ဘဲ “ ဘြားဘြား ” ျဖစ္သြား ခဲ့တယ္။ မိန္းမဟာ ဒီလိုနဲ႔ပဲ အိုမင္းသြား ခဲ့တယ္..

ဒီလိုနဲ႔ တေန႔မွာ မိန္းမဟာ ဘာ အားလပ္ရက္ အနားယူဖို႔မွ မလိုအပ္ခဲ့ေတာ့ဘူး ။

ေနာက္ဆုံး အခ်ိန္ ေရာက္မွ ဟိုး အရင္ အရင္ အခ်ိန္တုန္းက သူ႔ကိုယ္သူ ေပးခဲ့တဲ့ ကတိကို သူျပန္သတိရလိုက္မိတယ္။

အဲဒီ ကတိကေတာ့ ေႏြဦးရာသီ ေန႔ရက္ တေန႔မွာ ပဝါ အနီေရာင္ကို လႊမ္းျခဳံၿပီး ျမက္ခင္း စိမ္းစိမ္း တေနရာမွာ

ဆိတ္ဆိတ္ ၿငိမ္ၿငိမ္ ေနပူစာ ခံမယ္ ၊ ေက်ာက္တုံးေပၚတြားသြားတဲ့ ပုရြက္ဆိတ္ေတြရဲ့ ေျခသံကို နားေထာင္မယ္ ။

အာ.. အဲတာမွ တကယ့္ ဇိမ္ခံ အနားယူတာပဲ..

မိန္းမဟာ အဲဒီလို ေတြးရင္း ေတြးရင္း ထာဝရ အိပ္စက္ အနားယူသြား ခဲ့ပါတယ္ ။

မိန္းမ တေယာက္ ထာဝရ အိပ္စက္ အနားယူသြားတာကို ဒီလို ပုံေဖာ္ ေရးသား ရတာ ဝမ္းနည္းစရာေကာင္းပါတယ္ ။ ခြင့္လႊတ္ပါ။

မိန္းမဟာ ဒီလိုနဲ႔ပဲ အိုမင္းသြားခဲ့တယ္။ မိန္းမေတာ္ေတာ္ မ်ားမ်ားဟာ စိတ္သေဘာထားႀကီးစြာ တျခားသူအတြက္

ခ်စ္ျခင္းေမတၱာေတြ ေပးဆပ္ေနခ်ိန္မွာ လူတေယာက္ကို ခ်စ္ဖို႔ သူတို႔ ေမ့သြားခဲ့ ပါတယ္ ။ အဲဒီလူက သူတို႔ကိုယ္တိုင္ပဲ ျဖစ္တယ္ ။

မိန္းမတို႔ေရ.. ကိုယ့္ကိုယ္ကို ေျဖေဖ်ာ္ဖို႔ အခ်ိန္ နည္းနည္းေလာက္၊ ေနရာလပ္ နည္းနည္းေလာက္ ခ်န္ထားေပးဖို႔ မေမ့ၾကပါနဲ႔ ။ အခ်ိန္မဆြဲပါနဲ႔ ။

အခ်ိန္ကို မေစာင့္ပါနဲ႔လို႔ အႀကံေပးခ်င္ ပါတယ္။ အခုအခ်ိန္ကစ ၊ ဒီကေန႔ကစၿပီး ပန္းကန္ထဲက အသားေတြကို ကေလးရဲ့ ပါးစပ္ေရွ႕ပဲ ေရာက္ေအာင္ မပို႔ပါနဲ႔ေတာ့ ။

အိမ္မွာရွိတဲ့ ပိုက္ဆံေတြကို အိမ္ျပင္ဖို႔၊ ေယာက္်ားဖို႔ပဲ ခ်န္မထား ပါနဲ႔ေတာ့ ။

ရွိသမၽွ ခြန္အားေတြ အားလုံးကို အလုပ္ထဲမွာပဲ ထည့္ျမႇုပ္ မထားပါနဲ႔ေတာ့ ။

အခါႀကီး ရက္ျမတ္ေတြမွာ လက္ေဆာင္ေပးတဲ့ စာရင္းထဲမွာ ကိုယ့္နာမည္ကို ေမ့မထား ပါနဲ႔ေတာ့ ။

ကိုယ့္မိသားစု၊ ကိုယ္အိမ္သားကို ခ်စ္တဲ့ နည္းတူ ကိုယ့္ကိုယ္ကို ခ်စ္ဖို႔လည္း မေမ့ပါနဲ႔ ။

မိန္းမေတြဟာ ဒီလိုနဲ႔ပဲ အိုမင္းသြားခဲ့ရင္ ရင္နာစရာ ၊ ႏွေျမာစရာ ေကာင္းလြန္း လို႔ပါ။

Credit.