သဘာဝဆန်ဆန်ဟာသဓာတ်ပုံလေးတွေကိုကိုယ်တိုင်ရိုက်ပီး၊အများကိုရယ်မောပျော်ရွှင်စေခဲ့တဲ့အသက်(88)နှစ်အရွယ်professionalဓာတ်ပုံဆရာအဖွားအိုတစ်ဦး

အသက်အရွယ်ဘယ်လောက်ပဲအိုမင်းနေပါစေ၊ခေတ်ရဲ့နည်းပညာကိုလူငယ်တွေနည်းတူလိုက်နိုင်ပါသေးတယ်ဆိုတာကို၊သက်သေပြခဲ့တဲ့ဓာတ်ပုံဆရာအဖွားတစ်ဦးကတော့၊ဂျပန်နိုင်ငံမှာနာမည်ကြီးနေခဲ့ပါတယ်။

ယခုတစ်ခေါက်မှာတော့အသက်(88)နှစ်အရွယ်Kimiko Nishimotoဆိုတဲ့အဖွားအိုတစ်ဦးကို၊ဂျပန်နိုင်ငံကလူအများစုကprofessionalဓာတ်ပုံဆရာဆိုပီးလူသိများကြပါတယ်။၎င်းအဖွားအိုဟာအသက်(71)အရွယ်မှစပီး၊ဓာတ်ပုံရိုက်ပညာကိုစိတ်ဝင်စားရာကလေ့လာခဲ့ပီးနောက်မှာတော့၊ယခုအခါအသက်အကြီးဆုံးဓာတ်ပုံဆရာတစ်ဦးဖြစ်နေခဲ့ပါပီ။

၎င်းအဖွားရဲ့သားဖြစ်သူဟာ၊ဓာတ်ပုံရိုက်နည်းပညာကိုသင်ကြားပေးနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ထို့ကြောင့်အဖွားကလဲသားဖြစ်သူဆီမှာသင်ကြားရင်း၊အမျိုးသားဖြစ်သူနဲ့snap shortလေးစတင်ရိုက်ခဲ့ကြပါတယ်။အဖွားဟာသဘာဝအတိုင်းရိုက်ရာတာကြိုက်ပီး၊သူမစိတ်ကူးပုံပေါ်လာတဲ့အတိုင်းကြုံသလိုနည်းလမ်းလေးနဲ့ရိုက်ခဲ့ပါတယ်။

သူမရိုက်ခဲ့တဲ့ပုံလေးတွေဟာဆိုရင်၊သဘာဝဆန်ဆန်နဲ့ပျော်ရွှင်ကောင်းတဲ့သဘာဝဇာတ်ရုပ်တွေကြောင့်၊လူအများကိုရယ်မောပျော်ရွှင်ခဲ့ပါတယ်။ယခုအခါမှာဆိုရင်တော့၊သူမရဲ့ဓာတ်ပုံရိုက်တဲ့အတွေ့အကြုံသက်တမ်း(10)နှစ်မြောက်အနေနဲ့၊ဂျပန်နိုင်ငံကပြတိုက်တခုမှာတစ်ကိုယ်တော်ဓာတ်ပုံပြပွဲကိုလဲကျင်းပခဲ့သေးတယ်လို့သိရပါတယ်။

Bam Bam (Gabar News)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Unicode

သဘာဝဆန်ဆန်ဟာသဓာတ်ပုံလေးတွေကိုကိုယ်တိုင်ရိုက်ပီး၊အများကိုရယ်မောပျော်ရွှင်စေခဲ့တဲ့အသက်(88)နှစ်အရွယ်professionalဓာတ်ပုံဆရာအဖွားအိုတစ်ဦး

အသက်အရွယ်ဘယ်လောက်ပဲအိုမင်းနေပါစေ၊ခေတ်ရဲ့နည်းပညာကိုလူငယ်တွေနည်းတူလိုက်နိုင်ပါသေးတယ်ဆိုတာကို၊သက်သေပြခဲ့တဲ့ဓာတ်ပုံဆရာအဖွားတစ်ဦးကတော့၊ဂျပန်နိုင်ငံမှာနာမည်ကြီးနေခဲ့ပါတယ်။

ယခုတစ်ခေါက်မှာတော့အသက်(88)နှစ်အရွယ်Kimiko Nishimotoဆိုတဲ့အဖွားအိုတစ်ဦးကို၊ဂျပန်နိုင်ငံကလူအများစုကprofessionalဓာတ်ပုံဆရာဆိုပီးလူသိများကြပါတယ်။၎င်းအဖွားအိုဟာအသက်(71)အရွယ်မှစပီး၊ဓာတ်ပုံရိုက်ပညာကိုစိတ်ဝင်စားရာကလေ့လာခဲ့ပီးနောက်မှာတော့၊ယခုအခါအသက်အကြီးဆုံးဓာတ်ပုံဆရာတစ်ဦးဖြစ်နေခဲ့ပါပီ။

၎င်းအဖွားရဲ့သားဖြစ်သူဟာ၊ဓာတ်ပုံရိုက်နည်းပညာကိုသင်ကြားပေးနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ထို့ကြောင့်အဖွားကလဲသားဖြစ်သူဆီမှာသင်ကြားရင်း၊အမျိုးသားဖြစ်သူနဲ့snap shortလေးစတင်ရိုက်ခဲ့ကြပါတယ်။

အဖွားဟာသဘာဝအတိုင်းရိုက်ရာတာကြိုက်ပီး၊သူမစိတ်ကူးပုံပေါ်လာတဲ့အတိုင်းကြုံသလိုနည်းလမ်းလေးနဲ့ရိုက်ခဲ့ပါတယ်။သူမရိုက်ခဲ့တဲ့ပုံလေးတွေဟာဆိုရင်၊သဘာဝဆန်ဆန်နဲ့ပျော်ရွှင်ကောင်းတဲ့သဘာဝဇာတ်ရုပ်တွေကြောင့်၊လူအများကိုရယ်မောပျော်ရွှင်ခဲ့ပါတယ်။ယခုအခါမှာဆိုရင်တော့၊သူမရဲ့ဓာတ်ပုံရိုက်တဲ့အတွေ့အကြုံသက်တမ်း(10)နှစ်မြောက်အနေနဲ့၊ဂျပန်နိုင်ငံကပြတိုက်တခုမှာတစ်ကိုယ်တော်ဓာတ်ပုံပြပွဲကိုလဲကျင်းပခဲ့သေးတယ်လို့သိရပါတယ်။

Bam Bam (Gabar News)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။