သတို့သမီးလေးက သူ့ထက် ၆၀နှစ်ပင်ငယ်နေတာကြောင့် နွားအိုမြက်နုကြိုက်ဆိုပြီး အပြောခံနေရသည့် သတို့သားအဖိုးအို

သတို့သမီးလေးက သူ့ထက် ၆၀နှစ်ပင်ငယ်နေတာကြောင့် နွားအိုမြက်နုကြိုက်ဆိုပြီး အပြောခံနေရသည့် သတို့သားအဖိုးအို

အသက်အရွယ်ကွာခြားသော အိမ်ထောင်ရေးအများစုတို့သည် ပတ်ဝန်းကျင်ရဲ့ပြောဆိုဝေဖန်ခြင်းတို့ကိုခံရပေမယ့် စစ်မှန်သော ချစ်ခြင်းမေတ္တာကြောင့် ဝေးကွာသွားခြင်းမျိုးမရှိပဲ ရေရှည်လက်တွဲသွားနိုင်ကြသည်။

ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံ Cagayanပြည်နယ်တွင် ကျင်းပပြုလုပ်သော မင်္ဂလာပွဲလေးတွင် သတို့သားနဲ့ သတို့သမီးဖြစ်သူတို့သည် အသက်၆၀နှစ်ပင် ကွာခြားနေတာကြောင့် လူမှုကွန်ယက်ထိပါ ပျံ့နှံ့လာခဲ့ရပြီး လူအများရဲ့ ဝေဖန်ခြင်းတွေကို ခံနေရသည်။

သတို့သားဖြစ်သူသည် အသက်ရ၈နှစ်အရွယ်ဖြစ်ပြီး သတို့သမီးလေးက အသက်၁၈နှစ်သာရှိသေးသော်လည်း နှစ်ယောက်လုံးက အချစ်ဦးတွေဖြစ်ကြကာ ချစ်သူသက်တမ်း ၃နှစ်ပြည့်မှာပဲ နှစ်ဖက်မိဘသဘောတူညီစွာနဲ့ မင်္ဂလာပွဲကို ကျင်းပခဲ့ကြသည်။

သူတို့နှစ်ဦးရဲ့ အသက်အရွယ် ကွာခြားမှုကြောင့် ပတ်ဝန်းကျင်ရှိလူများသည် သတို့သမီးလေးအား ငွေမက်ပြီးအဖိုးအိုကို လက်ထပ်တယ်ဟုပြောဆိုကာ သတို့သားဖြစ်သူကိုတော့ နွားအိုမြက်နုကြိုက်ဆိုပြီး ထပ်မံပြောဆိုဝေဖန်ခဲ့ကြပေမယ့်လည်း ဂရုမစိုက်ပဲ သူတို့နှစ်ဦးကတော့ အချစ်စစ်ဆိုတာ တကယ်ရှိကြောင်း သက်သေပြခဲ့ကြသည်။

Rain (For Ialinks)

Unicode






Rain (For Ialinks)

Crd

Crd

arkarta