သတို့သမီးကို ဝက် ၂၈၈ ကောင်နဲ့ ခန်းဝင်ပစ္စည်း ပေးကမ်းခဲ့တဲ့ သတို့သားကြောင့် အင်တာနက်အသုံးပြုသူများ တုန်လှုပ်သွားခဲ့ရ


သတို့သမီးကို ဝက် ၂၈၈ ကောင်နဲ့ ခန်းဝင်ပစ္စည်း ပေးကမ်းခဲ့တဲ့ သတို့သားကြောင့် အင်တာနက်အသုံးပြုသူများ တုန်လှုပ်သွားခဲ့ရ
တရုတ်နိုင်ငံက ထူးခြားတဲ့ ခန်းဝင်ပစ္စည်းများ ပေးကမ်းတဲ့ နိုင်ငံတစ်နိုင်ငံလို့ ဆိုနိုင်ပါတယ် ။ မကြာသေးမီက Sun News ဆိုက်မှ Shanxi ပြည်နယ်ရှိ မင်္ဂလာပွဲတစ်ခုရဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့ရာ သတို့သမီးရရှိခဲ့တဲ့ လက်ဆောင်ကြောင့် လူအများ အံ့အားသင့်သွားခဲ့ပါတယ် ။
အတိအကျပြောရရင် မင်္ဂလာဆောင်တဲ့နေ့မှာ သတို့သမီးကို မိဘတွေက ဝက် ၂၈၈ ကောင် ပေးခဲ့ပြီး တစ်ကောင်ချင်းစီကို “ပျော်ရွှင်ခြင်း” ဆိုတဲ့ စကားလုံးနဲ့ ချိတ်ထားပြီး အလွန်ခမ်းနားထည်ဝါတဲ့ မြင်ကွင်းတစ်ခု ဖန်တီးဖို့ ဝက်တွေကိုအရှည်ကြီး တန်းစီထားခဲ့ပါတယ် ။ကလစ်ကိုကြည့်ရင်း လူအများအပြားက ထိုမြင်ကွင်းကြောင့် ညည်းညူခဲ့ကြပါတယ် ။
တစ်ချိန်တည်းမှာပင် အချို့သော အင်တာနက်အသုံးပြုသူများက သတို့သမီးရဲ့ မိဘများဟာ ၎င်းတို့ရဲ့ သားသမီးများကို စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အလားအလာရှိစေလိုတာကြောင့် ဝက်ကို လက်ဖွဲ့ခဲ့တာလို လှောင်လှောင်ပြောင်ပြောင် ပြောဆိုကြပါတယ် ။ ဒီလိုထူးခြားတဲ့ ခန်းဝင်ပစ္စည်းကို ပထမဆုံးမြင်ဖူးတာဆိုတော့ တကယ်ကို အံ့သြမိပါတယ် ။
သတင်းတစ်ခုရဲ့ ဖော်ပြချက်အရ အဆိုပါ သတို့သမီး Zhang Zhiyuan ရဲ့ ဖခင်က သူ့သမီးကို။လက်ထပ်လိုလျှင် ဝက်အကောင်ရေ ၃၀၀ ချီးမြှင့်ရမယ်လို့ ကြေညာထားတာကြောင့်ပါ။ လက်ရှိမှာ အဆိုပါ ဝက် ၂၈၈ ကောင်နဲ့ ပတ်သက်တဲ့ အချက်အလက်များက အင်တာနက်အသုံးပြုသူများ အထူးစိတ်ဝင်စားလျက်ရှိနေပါတယ် ။
Zawgyi
Crd