နိုင်ငံတကာစစ်ရေးနှင့်လုံခြုံရေးဆိုင်ရာသတင်းများ

နိုင်ငံတကာ စစ်ရေးနှင့်လုံခြုံရေးဆိုင်ရာသတင်းများ

၁။ နာရီအနည်းငယ်အတွင်း အမေရိကန်လေယာဉ်တင်သင်္ဘောများအား ရေငုပ် သင်္ဘောအဖြစ် ပြောင်းလဲပစ်နိုင်ကြောင်း အီရန်စစ်ဘက်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပြောကြား လိုက်ခြင်း။

အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ အကြီးတန်းစစ်ဘက် အတိုင် ပင်ခံပုဂ္ဂိုလ်က အရှေ့အလယ်ပိုင်းဒေသအတွင်း ကျင်လည်ကျက်စားနေသော အမေရိကန် စစ်တပ်၏ အားနည်းချက်များကို အလေးပေးပြောကြားခဲ့ပြီး အီရန်နိုင်ငံသည် နာရီ အနည်းငယ်အတွင်း အမေရိကန်လေယာဉ်တင်သင်္ဘောများကို အလွယ်တကူနှစ်မြုပ်ပစ် နိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အီရန်စစ်ဘက်ဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ် Yahya Rahim Safavi က အရှေ့အလယ်ပိုင်းတွင်း တပ်ဖြန့်ကျက်စားနေသော အမေရိကန်တပ်ဖွဲ့များသည် ခံစစ် အနေအထားတွင်ရှိနေပြီး ၎င်းတို့၏ အားနည်းချက်များကို သိရှိထားပါကြောင်း ပြောကြားခဲ့မှုကို ISNA သတင်းဌာနက ရေးသားထားပါသည်။

အီရန်နိုင်ငံ နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင် အီရန်ဗိုလ်ချုပ် ကြီး Qassem Soleimani လုပ်ကြံခံရမှုနှစ်ပတ်လည်မတိုင်မီကတည်းက ပါရှန်း ပင်လယ် ကွေ့ဒေသအတွင်း လက်ရှိစစ်ရေးတင်းမာမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါ သေးသည်။

၂။ ယခုနှစ်အတွင်းပြုလုပ်သွားမည့် Zapad-2021 ရုရှား-ဘီလာရုဇ်ပူးတွဲစစ်ရေး လေ့ကျင့်ခန်းများတွင် ခရုဇ်ဒုံးကျည်များနှင့်ဒရုန်းများကိုတန်ပြန်တိုက်ခိုက် ကာကွယ်နိုင် ရန်အတွက် အလေးပေးလေ့ကျင့်မှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သတင်းမီဒီယာ TASS တွင် ထုတ်ပြန်ထားခြင်း။

၃။ ရုရှားနိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတကာစစ်ရေးလေ့ကျင့်ခန်း(၉)ခုအထိ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ(၉) ခုအနက် ၈ ခုမှာ ရုရှားနိုင်ငံအတွင်း ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထားပါ သည်။

၄။ ရုရှားလေကြောင်းနှင့်အာကာသတပ်ဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း တိုက်လေယာဉ်နှင့်ကင်းထောက်လေယာဉ် ၄၀၀၀ ကျော်ထိ ဖမ်းယူထောက်လှမ်းနိုင်ခဲ့ ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်း။

ရုရှားတပ်ဖွဲ့များသည် ဝေဟင်ပျံသန်းသော aerial objects အမျိုးစုံ ၁ သန်းကျော် အား ရှာဖွေထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ရေးသားထားပါသည်။
ရုရှားလေကြောင်းနှင့်အာကာသတပ်ဖွဲ့လက်အောက်ရှိ ရေဒီယိုနည်းပညာတပ်ဖွဲ့ များမှ ၂၀၂၀ ပြည့်နှစ်အတွင်း ဖမ်းယူထောက်လှမ်းခြေရာခံနိုင်ခဲ့သော တိုက်လေယာဉ်နှင့် ကင်းထောက်လေယာဉ်(မောင်းသူမဲ့လေယာဉ်များအပါအဝင်) အစီး ၄၀၀၀ ကျော်ရှိခဲ့ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။

၅။ ထိုင်းနိုင်ငံသည် ပြင်သစ်လုပ် Nexter LG1 Mk III 105mm ယာဉ်ဆွဲအမြောက်များ မှာယူခဲ့ခြင်း။
ထိုင်းနိုင်ငံစစ်ဘက်ဝယ်ယူရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရ အလိုအလျောက် ပစ်ခတ်ထိန်းကျောင်းမှုဖြင့် လုပ်ဆောင်နိုင်သော LG1 Mk III 105mm အပေါ့စားယာဉ်ဆွဲ အမြောက်(၁၂)လက် ဝယ်ယူသွားရန်ရှိကြောင်း သိရှိရပါတယ်။ တင်ဒါရရှိသွားသော ကုမ္ပဏီမှာ ပြည်တွင်း ကုမ္ပဏီဖြစ်သော United Defense Technology ဖြစ်ပြီး ယူရို ၂၂,၆၇၇,၇၆၃ တန်ဖိုးရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိပါတယ်။

၆။ တော်ပီဒိုပုံစံနှင့်တူသည့် တရုတ်လုပ် မောင်းသူမဲ့ရေငုပ်သင်္ဘောဟု သံသယရှိသော အရာဝတ္တုတစ်ခုအား အင်ဒိုနီးရှားငါးဖမ်းသမားမှ ဖမ်းယူရရှိခဲ့ခြင်း။

သတင်းမီဒီယာဖော်ပြရေးသားချက်များအရ တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ‌ ရေပိုင်နက်အတွင်း လျှို့ဝှက်စစ်တမ်းမျာ သတင်းရယူနေသည်ကို ပြသခြင်းလည်းဖြစ် ကြောင်း ဖတ်ရှုရပြီး တရုတ်နိုင်ငံကတော့ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပါ။
ဂျာကတာရဲ့ သီးသန့်စီးပွားရေးဇုန်နှင့်အတူ ပေကျင်း၏ ပင်လယ်ရေကြောင်း တောင်းဆိုမှုများရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင် ရေးအငြင်းပွားမှုများကိုတော့ နှစ်နိုင်ငံ ရင်ဆိုင်နေကြဆဲဖြစ်ပါတယ်။

၇။ Akash Missiles ဒုံးကျည်များ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး အိန္ဒိယ နိုင်ငံမှ မီးစိမ်းပြလိုက်ခြင်း။

အိန္ဒိယနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာပဲ ပြည်တွင်းထုတ် တိုက်လေယာဉ် တွေ၊လက်နက်စနစ်တွေနဲ့ ဒုံးကျည်တွေကို ပြည်ပတင်ပို့ရောင်းချနိုင်ဖို့ သဘောတူခွင့်ပြု လိုက်ပြီဖြစ်ပါတယ်။နိုင်ငံလုံခြုံရေးဆိုင်ရာကက်ဘိနက်ကော်မတီမှာ ဉက္ကဌဖြစ်တဲ့ ဝန်ကြီးချုပ်မိုဒီဟာ မဟာမိတ်နိုင်ငံတွေထံ ပြည်တွင်းထုတ်စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချဖို့ အမေရိကန်ဒေါ်လာ ၅ ဘီလီယံဖိုးရှိ ရည်မှန်းကာဆုံးဖြတ်ချက်ချမှတ် ပေးခဲ့ခြင်းဖြစ် ကြောင်း သတင်းများကဆိုပါတယ်။
ဗီယက်နာမ်၊ဖိလစ်ပိုင်နှင့် ယူအေအီးနိုင်ငံတွေကတော့ အိန္ဒိထုတ် Akash missile system စနစ်ကို ဝယ်ယူဖို့ စိတ်ဝင်စားလျက်ရှိပါကြောင်း သိရှိရပါတယ်။

Credit – သက်ထူးခန့်ပိုင် ရေနံချောင်း