ရန်သူခေါင်းပေါ် ဘယ်တော့မှ မရှိသင့်တဲ့ ဒရုန်း ၅ စင်း၏ ကြောက်စရာအံ့မခန်း စွမ်းဆောင်ချက်များ

ရန်သူခေါင်းပေါ် ဘယ်တော့မှ မရှိသင့်တဲ့ ဒရုန်း ၅ စင်း၏ ကြောက်စရာအံ့မခန်း စွမ်းဆောင်ချက်များ

ခေတ်သစ်စစ်မြေပြင်တွေမှာ ဒရုန်းတွေဟာ ကဏ္ဍပေါင်းစုံမှာ ပါဝင်နေပါပြီ။ ကင်းထောက်ခြင်းမှသည် တိုက်ပွဲဝင်ချိန်အထိ ဒရုန်းစနစ်တွေဟာ တိုက်ပွဲကို ပုံစံမျိုးနဲ့ ပုံဖော်တိုက်ပွဲဝင်နေကြတာလည်းဖြစ်ပါ တယ်။ ဒရုန်းစနစ်တွေနဲ့ပတ်သက်လို့ မျိုးစုံတီထွင်ထုတ်လုပ်နေကြတယ်ဆိုပေမယ့် လည်း သင့်ခေါင်းပေါ်မှာ ဘယ်တော့မှ ရှိမနေသင့်တဲ့ ဒရုန်း ၅ စင်းတော့ ရှိပါတယ်။

အဆိုပါဒရုန်း ၅ စင်းက

MQ-9 Reaper နှင့် GD Avenger

MQ-9 Reaper ဆိုတာက အမေရိကန်လေတပ်အတွက် ရှေ့တန်း တိုက်ခိုက်ရေး ဒရုန်းစနစ်တစ်ခုပါ။ MQ-1 Predator ကို ပုံစံယူ ထုတ်ခဲ့တယ်ဆိုပေမယ့်လည်း မူလ သယ်ဆောင်နိုင်တဲ့အရေအတွက်ထက် Hellfire ဒုံးကျည်နဲ့ ပေါင် ၅၀၀ ဗုံးတွေကို နှစ်ဆ သယ်ဆောင်နိုင်ပါတယ်။ General Dynamics ထုတ် Avenger ဆိုရင်လည်း ပေါင် ၁၀၀၀ ဗုံးအထိ ကိုတောင် သယ်ဆောင်နိုင် တယ်လို့ဆိုပါတယ်။

အမေရိကန် လေတပ်အနေနဲ့ Avenger တွေကို စမ်းသပ်မှုအတွက် ကန့်သတ်ဝယ်ယူထားတယ်ဆိုပေမယ့် လည်း အဆင့်မြှင့်တင်မျိုးတော့ မတွေ့ရှိရပါဘူး။

RQ-4/MQ-4 Global Hawk

၁၉၉၈ ခုနှစ်ကတည်းက သုံးခဲ့တဲ့ တကယ့် အဘိုးကြီးပါ။ ဟောင်းပေမယ့်လည်း ကောင်းနေဆဲ ဆိုတဲ့အတိုင်း High-altitude Long Endurance (HALE) UAV အမျိုးအစားထဲမှာတော့ တကယ့်ခေါင်းဆောင်အဖြစ် ပြိုင်သူမဲ့နေဆဲ ပဲဖြစ်ပါတယ်။ ၎င်းမှာ Active Electronically Scanned Array (AESA) ရေဒါပါတဲ့အပြင် အဆင့်မြှင့်တင်မှုတွေလည်း ပြုလုပ်ထားပါသေးတယ်။U2 လိုမျိုး စွမ်းဆောင်ရည် အပြည့်အဝရှိတယ်လို့တောင် ဆိုပါတယ်။

Unmanned EA-18 Growler

သမားရိုးကျလေယာဉ်တွေကို ဒရုန်းအဖြစ်ပြောင်းလဲအသုံးပြုတာတော့ အတော်ကြာခဲ့ပါပြီ။ ဒါဟာ လည်း ပစ်မှတ်အနေနနဲ့လောက်သာပါပဲ။ သိပ်မကြာခင်တုန်းက EA-18 Growler တွေကို မောင်းသူမဲ့အဖြစ် ပျံသန်းမှု စမ်းသပ်ခဲ့ကြပါတယ်။ ရလဒ်တွေက အံမခန်းဖြစ်စရာ ရန်သူ့လေကာစနစ်တွေကို ကောင်းစွာဒုက္ခပေးနိုင်လောက်အောင် ဆောင်ရွက်နိုင်တာကို တွေ့ရှိရပါတယ်။

ဒါပေမယ့် လက်တွေ့ဆောင်ရွက်မှု အတွက်တော့ မပြည့်စုံသေးပါဘူး။ ဖြစ်လာရင်တော့ တကယ့်ကို နည်းပညာ ပိုင်းဆိုင်ရာ အံမခန်းကြွယ်ဝမှုတစ်ခုလို့တောင် သတ်မှတ်ရတော့မှာလည်း ဖြစ်ပါတယ်။
Crd – ကမ္ဘာ့သတင်းစုံ-WorldNews
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
ရန္သူေခါင္းေပၚ ဘယ္ေတာ့မွ မရွိသင့္တဲ့ ဒ႐ုန္း ၅ စင္း၏ ေၾကာက္စရာအံ့မခန္း စြမ္းေဆာင္ခ်က္မ်ား

ေခတ္သစ္စစ္ေျမျပင္ေတြမွာ ဒ႐ုန္းေတြဟာ က႑ေပါင္းစုံမွာ ပါဝင္ေနပါၿပီ။ ကင္းေထာက္ျခင္းမွသည္ တိုက္ပြဲဝင္ခ်ိန္အထိ ဒ႐ုန္းစနစ္ေတြဟာ တိုက္ပြဲကို ပုံစံမ်ိဳးနဲ႔ ပုံေဖာ္တိုက္ပြဲဝင္ေနၾကတာလည္းျဖစ္ပါ တယ္။ ဒ႐ုန္းစနစ္ေတြနဲ႔ပတ္သက္လို႔ မ်ိဳးစုံတီထြင္ထုတ္လုပ္ေနၾကတယ္ဆိုေပမယ့္ လည္း သင့္ေခါင္းေပၚမွာ ဘယ္ေတာ့မွ ရွိမေနသင့္တဲ့ ဒ႐ုန္း ၅ စင္းေတာ့ ရွိပါတယ္။ အဆိုပါဒ႐ုန္း ၅ စင္းက

MQ-9 Reaper ႏွင့္ GD Avenger

MQ-9 Reaper ဆိုတာက အေမရိကန္ေလတပ္အတြက္ ေရွ႕တန္း တိုက္ခိုက္ေရး ဒ႐ုန္းစနစ္တစ္ခုပါ။ MQ-1 Predator ကို ပုံစံယူ ထုတ္ခဲ့တယ္ဆိုေပမယ့္လည္း မူလ သယ္ေဆာင္နိုင္တဲ့အေရအတြက္ထက္ Hellfire ဒုံးက်ည္နဲ႔ ေပါင္ ၅၀၀ ဗုံးေတြကို ႏွစ္ဆ သယ္ေဆာင္နိုင္ပါတယ္။ General Dynamics ထုတ္ Avenger ဆိုရင္လည္း ေပါင္ ၁၀၀၀ ဗုံးအထိ ကိုေတာင္ သယ္ေဆာင္နိုင္ တယ္လို႔ဆိုပါတယ္။

အေမရိကန္ ေလတပ္အေနနဲ႔ Avenger ေတြကို စမ္းသပ္မႈအတြက္ ကန႔္သတ္ဝယ္ယူထားတယ္ဆိုေပမယ့္ လည္း အဆင့္ျမႇင့္တင္မ်ိဳးေတာ့ မေတြ႕ရွိရပါဘူး။

RQ-4/MQ-4 Global Hawk

၁၉၉၈ ခုႏွစ္ကတည္းက သုံးခဲ့တဲ့ တကယ့္ အဘိုးႀကီးပါ။ ေဟာင္းေပမယ့္လည္း ေကာင္းေနဆဲ ဆိုတဲ့အတိုင္း High-altitude Long Endurance (HALE) UAV အမ်ိဳးအစားထဲမွာေတာ့ တကယ့္ေခါင္းေဆာင္အျဖစ္ ၿပိဳင္သူမဲ့ေနဆဲ ပဲျဖစ္ပါတယ္။ ၎မွာ Active Electronically Scanned Array (AESA) ေရဒါပါတဲ့အျပင္ အဆင့္ျမႇင့္တင္မႈေတြလည္း ျပဳလုပ္ထားပါေသးတယ္။

U2 လိုမ်ိဳး စြမ္းေဆာင္ရည္ အျပည့္အဝရွိတယ္လို႔ေတာင္ ဆိုပါတယ္။

Unmanned EA-18 Growler

သမားရိုးက်ေလယာဥ္ေတြကို ဒ႐ုန္းအျဖစ္ေျပာင္းလဲအသုံးျပဳတာေတာ့ အေတာ္ၾကာခဲ့ပါၿပီ။ ဒါဟာ လည္း ပစ္မွတ္အေနနနဲ႔ေလာက္သာပါပဲ။ သိပ္မၾကာခင္တုန္းက EA-18 Growler ေတြကို ေမာင္းသူမဲ့အျဖစ္ ပ်ံသန္းမႈ စမ္းသပ္ခဲ့ၾကပါတယ္။ ရလဒ္ေတြက အံမခန္းျဖစ္စရာ ရန္သူ႔ေလကာ

စနစ္ေတြကို ေကာင္းစြာဒုကၡေပးနိုင္ေလာက္ေအာင္ ေဆာင္ရြက္နိုင္တာကို ေတြ႕ရွိရပါတယ္။

ဒါေပမယ့္ လက္ေတြ႕ေဆာင္ရြက္မႈ အတြက္ေတာ့ မျပည့္စုံေသးပါဘူး။ ျဖစ္လာရင္ေတာ့ တကယ့္ကို နည္းပညာ ပိုင္းဆိုင္ရာ အံမခန္းႂကြယ္ဝမႈတစ္ခုလို႔ေတာင္ သတ္မွတ္ရေတာ့မွာလည္း ျဖစ္ပါတယ္။
Crd – ကမၻာ့သတင္းစုံ-WorldNews
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။