Post Views:
58
တိရိစ္ဆာန်လေးများသည် မိမိကို အစားအစာကျွေးခဲ့ဖူးသော သူတစ်ဦးကို အမြဲသတိရကာ ကျေးဇူးသိတတ်ကြပါတယ်။အထူးသဖြင့် ခွေးကလေးတွေဟာ သူတို့ကို အစာတစ်လုပ်ကျွေးဖူးသည်ဆိုသည်နှင့် နှစ်ပေါင်းများစွာကြာနေပါစေ အမြဲသတိရနေမှာဖြစ်ပါတယ်။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ Lady kiဟုချစ်စနိုးခေါ်ကြသည့် အမျိုးသမီးလေးဟာ သူ၏ချစ်သူနှင့် လက်ထပ်ယူခဲ့တာဖြစ်ပါတယ်။ထိုအခါ နေအိမ်တွင် မွေးထားသောခွေးကလေးဟာ သူနှင့်သခင်ဖြစ်သူတို့ ခွဲရတော့မည်ထင်ပြီး ဝမ်းနည်းစွာဖြင့် ငိုကျွေးနေခဲ့ပါတယ်။
ထို့အပြင် မင်္ဂလာပွဲကျင်းပနေသည့်အချိန်တွင်လည်း သခင်မလေး၏အနားမှ အမြဲတပူးပူးတစ်ကပ်ကပ်ဖြင့် ရှိနေခဲ့ပြီး သခင်ဖြစ်သူနှင့် ဝေးရတော့မှာကို စိုးရိမ်နေခဲ့ပုံလည်းရပါတယ်။ခွေးကလေး၏ အမူအရာကို မြင်တွေ့သူများကပင် စိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။
Shoon (Cele Daily)
Zawgyi
သခင်ဖြစ်သူက လက်ထပ်တော့မည်ဆိုသောအခါ ဝမ်းနည်းစွာငိုနေခဲ့ပြီး မင်္ဂလာပွဲတစ်ခုလုံးကို သတိုးသမီးဘေးက မခွာဘဲ အမြဲလိုက်ကပ်နေသည့် ခွေးကလေး
Shoon (Cele Daily)
crd