သကောကိုပိတ်ဆို့ထားမဲ့အစီအစဉ်တခုများလား(အိန္ဒိယနှင့်အင်ဒိုနီးရှားနိုင်ငံတို့ စစ်ရေးဆက်ဆံမှုများတိုးမြှင့်နိုင်ရန်အတွက် ပူးတွဲလေတပ်လေ့ကျင့်ခန်းကို မကြာမီပြုလုပ်မည်)

အိန္ဒိယနှင့်အင်ဒိုနီးရှားနိုင်ငံတို့ စစ်ရေးဆက်ဆံမှုများတိုးမြှင့်နိုင်ရန်အတွက် ပူးတွဲလေတပ်လေ့ကျင့်ခန်းကို မကြာမီပြုလုပ်မည်

အိန္ဒိယနှင့်အင်ဒိုနီးရှားနိုင်ငံတို့သည် နယူးဒေလီနှင့်ပေကျင်းအကြားဖြစ်ပွားနေသောနယ်စပ်တင်းမာမှုများအကြား နှစ်နိုင်ငံစစ်ရေးဆက်ဆံမှုများခိုင်မာစေရန် ကြိုးပမ်းနေသည့်အတွက် မကြာမီတွင် ၎င်းတို့၏လေတပ်များအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်သွားမည်ဖြစ်သည်ဟုဆိုသည်။

အိန္ဒိယနှင့် အင်ဒိုနီးရှားတို့အကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ၁၇ နှစ် ရှိလာခဲ့ပြီဖြစ်သလို ယခုအခါ ပို၍ပင် အားကောင်းလာခဲ့ပြီဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Anhan Aspen က နှစ်နိုင်ငံတပ်မတော်အကြား ရေတပ်အချင်းချင်း၊ လေတပ်အချင်းချင်း ပူးပေါင်းစစ်ရေးလေ့ကျင့်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပေသည်။

လွန်ခဲ့သည့်ခြောက်နှစ်အတွင်း နှစ်နိုင်ငံလုံးအကြား အစိုးရအဆင့်၌ နှစ်နိုင်ငံဆက်ဆံရေးများ သိသိသာသာခိုင်မာမှုရှိခဲ့ကြောင်းနှင့် ၂၀၁၈ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမိတ်ဖက်အဆင့်အထိ ဆက်ဆံရေးတိုးမြှင့်သွားသည်ဟု သံအမတ်ကြီးကဆိုသည်။

အိန္ဒိယနှင့်အင်ဒိုအကြား အင်ဒို-ပစိတ်ဖိတ်ဒေသနှင့်ပတ်သက်၍ ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အစီအစဉ်လည်းရှိနေပုံရသည်။
ထို့အပြင် အိန္ဒိယနှင့်အင်ဒိုအရှား စီးပွားရေးဆိုင်ရာ ဆောင်ရွက်မှုလည်း တိုးမြှင့်ပြုလုပ်ရန် ရည်ရွယ်ထားပေသည်။ သံအမတ်ဖြစ်သူ Suryodipuro ကနှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့်စီးပွားရေးဆက်ဆံမှုကို တိုးမြှင့်နိုင်ရန် ပိုမိုလုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက Covid-19 ကူးစက်မှုမစတင်မီ နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည်ဒေါ်လာဘီလီယံ ၂၀ အထိရှိခဲ့သော်လည်း ၎င်းအနက် ဒေါ်လာ ၁၀ ဘီလီယံမှာ အင်ဒိုနီးရှားမှအိန္ဒိယသို့ ကျောက်မီးသွေးတင်ပို့မှုဖြစ်ပြီး ကျန်ဒေါ်လာ ၁၀ ဘီလီယံမှာ နှစ်ဘက်ကုန်သွယ်မှုဖြစ်ကြောင်းသိရှိရသည်။

Ref-NGW
Myanmarnews24 မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi