ဝေဟင်စစ်ဆင်မှု ဧရိယာနဲ့ လေကြောင်းတိုက်ပွဲတွေမှာပိုပြီး အသာရစေမယ်တိုက်ခိုက်ရေး drone အယူအဆတစ်ရပ်ကို အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကြီးဖော်ထုတ်ပြသခဲ့

အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကြီးတွေဖြစ်တဲ့ GA-ASI ဟာ ၎င်းတို့ရဲ့ ပထမဆုံး AAM သယ်ဆောင်နိုင်မယ့် တိုက်ခိုက်ရေး drone အယူအဆတစ်ရပ်ကို ဖော်ထုတ်ပြသခဲ့ပါတယ်။

အမေရိကန်ရဲ့ ကာကွယ်ရေး သုတေသန အေဂျင်စီ DARPA ဟာ နောက်ဆုံးမှာတော့ Longshot လို့အမည်ရတဲ့ ဒီတိုက်ခိုက်ရေး Drone ပုံစံကို စတင်ဖော်ထုတ်လိုက်တာဖြစ်ပြီး ဒီဒရုန်းက ဝေဟင်စစ်ဆင်မှု ဧရိယာနဲ့ လေကြောင်းတိုက်ပွဲတွေမှာပိုပြီး အသာရစေလိမ့်မယ်လို့ဆိုပါတယ်။

GA-ASI အနေနဲ့ ဒီတိုက်ခိုက်ရေး Drone အယူအဆဟာ ဗြိတိန် ရဲ့ Bae’s Tempest နဲ့ တွဲဖက်တာဝန်ထမ်းဆောင်စေမယ့် Spirit’s LANCA drone တွေရဲ့ နောက် ၄ ရက်အကွာမှာ ပေါ်ထွက်လာခဲ့တာပဲဖြစ်ပြီး ၎င်းဟာ LANCA တိုက်ခိုက်ရေး ဒရုန်းတွေရဲ့ Loyal Wingman (သစ္စာရှိလေသူရဲ) အယူအဆတော့ နဲ့ အလားသဏ္ဍာန်တူပုံစံမျိုးပဲဖြစ်ပါတယ်။

GA-ASI အနေနဲ့ ဒီဒရုန်းအယူအဆမှာ DARPA အတွက် တတိယမြောက် လုပ်ဆောင်ပေးရခြင်းဖြစ်ပြီး အခြား အမေရိကန် SUAVs တွေဖြစ်တဲ့ Sparrowhawk နဲ့ MQ-1C Gray Egale တို့ရဲ့နောက်ကနေ ထပ်မံပေါ်ထွက်လာရခြင်းလဲ ဖြစ်ပါတယ်။ လေယာဉ်ငယ်အနေနဲ့ AIM-120 နဲ့ AMRAAM လို အမေရိကန်လုပ် ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်တွေကို တင်ဆောင်ပျံသန်းနိုင်မှာဖြစ်ပြီး အခြားပိုကြီး တဲ့ UCAV သို့မဟုတ် လူမောင်းနှင်တဲ့ လေယာဉ်တွေဆီကနေ ဖြုတ်ချ ပျံသန်းနိုင်မယ်လို့သိရပါတယ်။

၎င်းဟာ ရေဒါအပျောက် cruise missile တွေနဲ့ ပုံစံချင်းဆင်တဲ့ မောင်းသူမဲ့ လေယာဉ်ငယ်လေးဖြစ်လာမှာဖြစ်ပြီး AAM နှစ်စင်းထိသယ်ဆောင်ပစ်ခတ်နိုင်မှာ ဖြစ်ကာ ရန်သူရဲ့ ဝေဟင်ပိုင်နက်ထဲကို ပိုပြီးနက်ရှိုင်းစွာနဲ့ထိုးဖောက်တိုက်စစ်ဆင်နိုင်မယ်လို့ဆိုပါတယ်။

လူလိုက်ပါမောင်းနှင်ရတဲ့လေယာဉ်တွေနဲ့အတူယှဉ်တွဲကာစစ်ဆင်နိုင်မယ့်အပြင် ပေါင်းစပ်စစ်ဆင်နိုင်မှုက Bomber နဲ့ tanker တွေကို အစွမ်းထက်လေကြောင်းရန်ကာကွယ်ရေး စနစ်တွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်လို့ လူမောင်းနှင်ရတဲ့လေယာဉ်တွေရဲ့ရှင်သန်နိုင်မှုကို ပိုမိုတိုးတက်လာစေမယ်လို့ဆိုပါတယ်

Famous.F
SUAV
Longshot combat drone

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။