အိန္ဒိယကဝယ်ယူလိုက်တဲ့ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်

အိန္ဒိယကဝယ်ယူလိုက်တဲ့ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်
အိန္ဒိယကဝယ်ယူလိုက်တဲ့ တပ်မအဆင့် S-400 တာဝေးလေကာစနစ် (၅)စုံစာစျေးနှုန်းကိုရှာကြည့်တော့ အမေရိကန်ဒေါ်လာ (၅.၄)ဘီလီယံနီးပါးအထိတန်ကြေးရှိတာသိရပါတယ်တော်တော်လေးကိုပမာဏများလွန်းတဲ့စျေနှုန်းအဖြစ်သတ်မှတ်နိုင်ပါတယ်ဒါပေမဲ့ ယခုနှစ်ထဲမှာတင် ပထမအသုတ်အဖြစ် S-400 စနစ်တစ်စုံစတင်လွှဲပြောင်းပေးနိုင်ရေးအတွက် ဒေါ်လာသန်း (၈၅၀)တောင်ကြိုပေးခဲ့တယ်ဆိုကတည်းက အိန္ဒိယအနေဖြင့်ဒီပမာဏအမောင့်ရှိတဲ့ငွေကိုလုံးဝဂရုစိုက်ခြင်းမရှိဘူးဆိုတာထင်သာနေပါတယ်S-400 စနစ်ကိုတပ်မအဆင့်လိုက်ဝယ်ယူမှုပုံစံတွေကလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူကြဘူးဆိုတော့ စျေးနှုန်းတွေလည်းကွာခြားသွားနိုင်လောက်ပါတယ်ကိုယ်လိုချင်တဲ့ Concept အရပါဝင်လာမဲ့ Package အလိုက်ဝယ်ယူမှုပုံစံတွေလည်းတူညီမှုရှိကြမှာမဟုတ်တဲ့အတွက်စျေးကိုတော့အတိအကျကြီးထုတ်ပြန်ရေးဟာလွယ်ကူမှာမဟုတ်ပါဘူးWiki လိုဆိုဒ်မျိုးမှာတော့ S-400 တပ်ရင်းတစ်ရင်းစာ Package လိုက်စျေးနှုန်းကို အမေရိကန်ဒေါ်လာသန်း (၃၀၀) ဖြင့်ဖော်ပြထားပေမဲ့ တကယ့်စျေးနှုန်းအစစ်အမှန်အဖြစ်ယူဆမရနိုင်ပါဘူး


အဲ့ပမာဏတန်ကြေးထက်များပြားလာယုံပဲရှိပါတယ်Wiki မှာဖော်ပြထားတဲ့အတိုင်းဆိုရင် S-400 တပ်ရင်းတစ်ရင်းမှာပါဝင်တဲ့ Standard package စာရင်းအရ ဒုံးတင်ယာဉ် (၉)စီးပါ Fire units အုပ်နှင့် Command and Support ယာဉ်အုပ်ဆိုပြီးပါဝင်ပါတယ်ဒါပေမဲ့ အဲ့ထက်ပိုနက်နဲပြီး ရှုပ်ထွေးမှုရှိတဲ့ Concept ပုံစံဖြင့် S-400 တာဝေးလေကာစနစ်ကို ရုရှားတွေတည်ဆောက်ထားပါတယ်ဒါ့ကြောင့် စျေးနှုန်းအရမြောက်တတ်နေတာမျိုးလည်းဖြစ်ပါတယ်အိန္ဒိယကဝယ်ယူလိုက်တဲ့စျေးနှုန်းအရပျမ်းမျှတွက်ချက်လိုက်ရင် တပ်မတစ်ခုစာ S-400 တာဝေးလေကာစနစ်တစ်စုံဟာ အမေရိကန်ဒေါ်လာ (၁)ဘီလီယံလောက်အထိတန်ကြေးရှိနိုင်ပါတယ်ဒါပေမဲ့ တကယ်ရော တပ်မ (၅)စုစာဟာ အမေရိကန်ဒေါ်လာ (၅.၄)ဘီလီယံပဲကုန်ကြစရိတ်ရှိတာလား ?အဲ့ပမာဏထက်တော့မနည်းဘူးဆိုတာအသေအချာပါပဲS-400 လေကာစနစ်ကို(၁) Fire control complexs(၂) Missile complexs(၃) Technical assistance complexs(၄) Support complexs ဆိုပြီးအဓိကခွဲခြားပြီးတည်ဆောက်ထားပါတယ်ဒါပေမဲ့ မူရင်းထုတ်လုပ်သူရုရှားကိုယ်တိုင်သော်လည်းကောင်း၊ ဝယ်လက်နိုင်ငံစိတ်ကြိုက်သော်လည်းကောင်း Unit အတွင်းကိုယ်တတ်နိုင်သလောက်သော်လည်းကောင်း၊ ကိုယ်တည်ဆောက်ချင်တဲ့ Concept လိုအပ်ချက်အရသော်လည်းကောင်း စနစ်များကိုထပ်ပေါင်းအသုံးပြုချင်တဲ့သူတွေအတွက် Subcomponent complexs ဆိုပြီးတစ်ခုထပ်မံခွဲထုတ်တည်ဆောက်နိုင်ပါတယ်နံပါတ် (၁) ဖြစ်တဲ့ Fire control complexs အောက်မှာပါဝင်တဲ့စနစ်များကတော့ Combat command and control center ဖြစ်တဲ့ 55K6E အမည်ရှိ Command post ယာဉ်တစ်စီးနှင့် 91N6E Big Bird အမည်ရှိကြိုတင်ထောက်လှမ်းရေးတာဝေးရေဒါစနစ်တင်ယာဉ်တစ်စီးပဲဖြစ်ပါတယ်၎င်းစနစ်နှစ်မျိုးအဓိကပါဝင်တဲ့ Fire control complexs ကို 30K6E Battle management ဌာနအဖြစ်လည်းခေါ်ဆိုပြီး S-400 လေကာစနစ်၏ အသက်ဆိုလည်းဟုတ်ပါတယ်နံပါတ် (၂) ဖြစ်တဲ့ Missile complexs အောက်မှာတော့ (၄)စီးကနေအများဆုံး (၁၂)စီးအထိပါဝင်တဲ့ ဒုံးတင်ယာဉ်အုပ်စုနှင့် 92N6E Grave Stone အမည်ရှိ ပစ်မှတ်များကိုခြေရာခံခြင်းနှင့်ပစ်ခတ်ခြင်းလုပ်ငန်းစဉ်အထိထိန်းကြောင်းပေးနိုင်တဲ့ Multifunction လုပ်ဆောင်ချက်ရှိရေဒါတင်ယာဉ်တစ်စီးပါဝင်ပါတယ်၎င်း Missile complexs ကိုလည်း 98K6E fire unit ဌာနအဖြစ်ခေါ်ဆိုပါတယ်နံပါတ် (၃) ဖြစ်တဲ့ Technical assistance complexs အောက်မှာတော့ နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့ယာဉ်များ၊ ပြုပြင်ထိန်းသိမ်းရေးယာဉ်များနှင့် Power supply ဌာနများပါဝင်ပါတယ်နံပါတ် (၄) ဖြစ်တဲ့ Support complexs အောက်မှာတော့ Reloading ယာဉ်များ၊ လောင်စာဆီအတွက်ထောက်ပံ့ရေးယာဉ်များနှင့်စနစ်များအတွက်လိုအပ်တဲ့ အပိုပစ္စည်းများကိုထောက်ပံ့ပေးနိုင်တဲ့ယာဉ်အုပ်စုဆိုပြီးပါဝင်ပါတယ်နံပါတ် (၅) အဖြစ်ညွှန်းဆိုနိုင်တဲ့ Subcomponent complexs အောက်မှာတော့ လေကာကွန်ယက်တည်ဆောက်ပုံ Concept လိုအပ်ချက်အလိုက်အသုံးများတဲ့ 96L6 လို High Rise Detecter ရေဒါစနစ်နှင့် မူရင်းရုရှားလေကာကွန်ယက် Unit မှာပါဝင်တဲ့ Opponent-GE/Gamma-D and Sky-M စတဲ့ရေဒါစနစ်ကြီးများအပြင် ECM အတွက် Jamming စနစ်များအထိပါဝင်ပါတယ်S-400 တာဝေးလေကာစနစ်ကို တပ်ရင်းအဆင့် Unit ကနေစပြီး တည်ဆောက်နိုင်ပါတယ်အဆင့်မြင့်စနစ်ဖြစ်သလို ဖော်ပြပါ Complexs အလိုက်ပြည့်စုံစွာတည်ဆောက်မယ်ဆိုရင် ငွေကြေးကုန်ကျစရိတ်များပြားတဲ့စနစ်ဖြစ်တာနှင့်အညီ တပ်ရင်းအဆင့် Unit ကနေစပြီးလေကာကွန်ယက်တစ်ခုတည်ဆောက်နိုင်တာဟာ S-400 လေကာစနစ်ကိုဝယ်လက်စိတ်ဝင်စားမှုအများအပြားရရှိစေပါတယ်
တပ်ရင်းအဆင့်လေကာကွန်ယက်တစ်ခုကို 30K6E Battle management ဌာနအောက်မှာ 98K6E fire unit ဌာနတစ်ခုကိုတည်ပြီး Technical assistance complexs နှင့် Support complexs အုပ်စုနှစ်ခုဖြင့်တည်ဆောက်နိုင်ပါတယ်98K6E fire unit ကိုလည်း ငွေကြေးကုန်ကြစရိတ်ကြောင့် ဒုံးတင်ယာဉ် (၁၂)စီးအထိမသုံးပဲ (၄)စီးပဲအသုံးပြုနိုင်ပါတယ်၎င်း 98K6E fire unit ဌာနအောက်မှာပါတဲ့ 92N6E Grave Stone ရေဒါစနစ်အနေဖြင့် ပစ်မှတ် (၁၀၀)ကျော်အထိခြေရာခံစောင့်ကြည့်နိုင်ပေမဲ့ အန္တရာယ်အရှိဆုံး ပစ်မှတ် (၆)ခုကိုသာတိတိကျကျခြေရာခံပြီး ပစ်မှတ်ညွှန်ပြခြင်းလုပ်ဆောင်ပေးနိုင်ပါတယ်၎င်းပစ်မှတ် (၆)ခုကိုတစ်ချိန်ထဲမှာ ဒုံး (၁၂)စင်းသုံးပြီးပစ်ခတ်နိုင်အောင်ထိန်းကြောင်းပေးနိုင်တဲ့အတွက် ဒုံးတင်ယာဉ် (၁၂)စီးပါ Fire unit မှာဆိုရင်ပျမ်းမျှအနေဖြင့် (၄)ကြိမ်ဆက်တိုက် Reloading မလုပ်ပဲကွန်ယက်ကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်
အကယ်၍ ဒုံးပြွန်တစ်ခုအတွင်းမှာ ဒုံးတစ်စင်းစီသာအသုံးပြုနိုင်တဲ့ 40N6 and 48N6 ဒုံးအုပ်စုဝင်တွေကိုမသုံးပဲ ဒုံးပြွန်တစ်ခုမှာ ဒုံး(၄)စင်းအထိထည့်သွင်းအသုံးပြုနိုင်တဲ့ 9M96E/E2 ဒုံးအမျိုးအစားကိုအသုံးပြုခဲ့မယ်ဆိုရင်တော့ (၄)ကြိမ်ထက်ပိုပြီး တစ်ဆက်တည်းကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်အတိအကျတော့မပြောနိုင်ပေမဲ့ ဘယ်ဒုံးပြွန်ထဲ ဘယ်ဒုံးအမျိုးအစားကိုထည့်သွင်းအသုံးပြုမယ်ဆိုတဲ့ ဗျူဟာရေးဆွဲသူအပေါ်မှာသာမှုတည်ပြီး ခုခံကာကွယ်နိုင်တဲ့အကြိမ်ရေအနည်းအများကွာခြားသွားမှာပါဒါပေမဲ့ ဒုံးတင်ယာဉ် (၄)စီးပဲပါတဲ့ Fire unit ကတော့ ခုခံကာကွယ်နိုင်တဲ့အကြိမ်အရေအတွက်လျော့နည်းသွားမှာဖြစ်တဲ့အတွက် ခုခံကာကွယ်နိုင်တဲ့အတိုင်းအတာထက်များတဲ့တိုက်ခိုက်မှုမျိုးနှင့်ကြုံရတဲ့အခါ ရင်ဆိုင်ရခက်ခဲမှုမျိုးကြုံရနိုင်ပါတယ်ဒါမျိုးအခြေအနေတွေအတွက် S-400 တာဝေးလေကာစနစ်ကြီးမှာ ကိုယ်ပိုင်ကာကွယ်ရေးကွန်ယက်တည်ရှိနေရခြင်းလည်းဖြစ်ပါတယ်လက်ရှိဝယ်လက်တွေကတော့ 98K6E fire unit မှာအနည်းဆုံး ဒုံးတင်ယာဉ် (၈)စီးဖြင့်တည်ဆောက်ထားကြပါတယ်တပ်မအဆင့် Unit ကိုတည်ဆောက်တဲ့အခါ 98K6E fire unit ဌာနကိုနှစ်ခုကနေစပြီး ကုန်ကြစရိတ်တတ်နိုင်တဲ့အထိထည့်သွင်းကြပါတယ်လက်ရှိမှာတော့ မှုရင်းထုတ်လုပ်သူဖြစ်တဲ့ ရုရှားပင်လျှင် (၆)ခုအထိသာထည့်သွင်းတည်ဆောက်ထားသေးပါတယ်30K6E Battle management ဌာနအနေဖြင့် 98K6E fire unit ဌာနခွဲ (၈)ခုအထိအပြန်အလှန်ချိတ်ဆက်ပြီး ထိန်းချုပ်နိုင်ပါတယ်လက်ရှိအိန္ဒိယအနေဖြင့် တပ်မအဆင့် Unit ကိုတည်ဆောက်ရာမှာ 98K6E fire unit ဌာနခွဲမည်မျှအထိထည့်သွင်းမယ်မှန်းမသိရသေးပေမဲ့ အပေါ်မှာမှန်းထားတဲ့ကုန်ကြစရိတ်အရဆိုရင် အနည်းဆုံး Fire unit ဌာနခွဲ (၄)ခုလောက်အထိထည့်သွင်းတည်ဆောက်နိုင်တယ်ဟုသုံးသပ်ရပါတယ်Fire unit ဌာနတစ်ခုမှာ ဒုံးတင်ယာဉ် (၈)စီးအထိပါဝင်လာနိုင်တဲ့အတွက် ဌာနခွဲ (၄)ခုစာ ဒုံးတင်ယာဉ် (၃၂)စီးအထိပါဝင်လာမှာဖြစ်ပါတယ်ဒုံးတင်ယာဉ်တစ်စီးမှာ ဒုံးပြွန် (၄)ခုပါဝင်တဲ့အတွက် အိန္ဒိယတည်ဆောက်မဲ့တပ်မအဆင့် Unit မှာ ဒုံး (၁၂၈)စင်းအထိအသင့်အနေအထားမှာရှိပြီး အကွာအဝေး (၁၂၀)ကီလိုမီတာ အထိပစ်ခတ်နိုင်တဲ့ 9M96E2 ဒုံးအမျိုးအစားသာသုံးမယ်ဆိုရင် ဒုံးတင်ယာဉ်တစ်စီးကို ဒုံး (၁၆)စင်းအထိထည့်သွင်းအသုံးပြုနိုင်တဲ့အတွက် ဒုံး (၅၁၂)စင်းအထိ အသင့်အနေအထားမှာတည်ရှိနေမှာဖြစ်ပါတယ်ကုန်ကြစရိတ်ကြောင့် ဒုံးတစ်မျိုးထဲကို အဲ့လောက်ပမာဏအထိမသုံးနိုင်သလို ဗျူဟာအမျိုးမျိုးအတွက်ရည်ရွယ်ထားတဲ့စနစ်ဖြစ်တာကြောင့် ဒုံးအမျိုးအစားများကိုရောနှောပြီးသင့်တင့်သလိုအသုံးပြုမှာပဲဖြစ်ပါတယ်အကယ်၍သာသုံးခဲ့မည်ဆိုလျှင် တပ်မအဆင့်လေကာကွန်ယက်အနေဖြင့် တစ်ကြိမ်ကိုပစ်မှတ် (၂၄)ခုအထိ ဒုံး (၄၈)စင်းသုံးပြီး (၁၀)ကြိမ်တိတိလာရောက်တိုက်ခိုက်မှုကို Reloading မလုပ်ပဲတစ်ဆက်တည်းတွန်းလှန်ခုခံနိုင်မှာပဲဖြစ်ပါတယ်(၁၀)ကြိမ်လောက်အထိတစ်ဆက်တည်းခုခံနိုင်တဲ့အတွက် ပစ်မှတ် (၂၄၀)လောက်အထိဖြိုချဖျက်ဆီးနိုင်မှာပဲဖြစ်ပါတယ်ဒါဟာ ပစ်မှတ်တစ်ခုအတွက် 9M96E2 ဒုံးနှစ်စင်းအထိသုံးပြီးဖျက်ဆီးထားတဲ့ တွက်ချက်မှုတစ်ခုပဲဖြစ်ပါတယ်ဒီလိုတပ်မကြီး (၅)ခုအထိ ပိုင်ဆိုင်လာတော့မဲ့ အိန္ဒိယလေကာတပ်ဖွဲ့အနေဖြင့် ဒေသတွင်းမှာ တရုတ်နှင့်အပြိုင် အားအကောင်းဆုံးလေကြောင်းရန်ကွန်ယက်ကိုတည်ဆောက်နိုင်ပြီဟုဆိုရမှာပါအိန္ဒိယလို ကာကွယ်ရမဲ့နယ်မြေဧရိယာကျယ်တဲ့နိုင်ငံမျိုးအတွက် အင်အားကြီးမားတဲ့ တပ်မအဆင့်လေကာကွန်ယက်ကြီးတစ်ခုတည်ဆောက်ရန်လိုပေမဲ့ နယ်မြေဧရိယာကျဉ်းတဲ့နိုင်ငံငယ်လေးတွေအတွက်ကတော့ တပ်ရင်းအဆင့် Unit တည်ဆောက်ပုံလောက်ဖြင့် နိုင်ငံအတွင်းဖြန့်ခွဲပြီးနေရာချထားနိုင်ပါတယ်(၆၀၀)ကီလိုမီတာအကျယ်ဧရိယာအထိထောက်လှမ်းနိုင်ပြီး (၄၀၀)ကီလိုမီတာပတ်လည်အကွာအဝေးဧရိယာအထိပစ်ခတ်နိုင်တဲ့အတွက် ကျဉ်းမြောင်းတဲ့နယ်မြေဧရိယာကိုလွှမ်းခြုံနိုင်ရန် အရင်းအနှီးအများကြီးမြုပ်နှံစရာလိုမှာမဟုတ်ပါဘူးကြိုတင်ထောက်လှမ်းသတိပေးရေးရေဒါကြီးများကို အမျိုးအစား (၆)မျိုးထက်မနည်း အစောတလျင်ဝယ်ယူဖြည့်ဆည်းပြီး နိုင်ငံတစ်ဝန်းအခြေစိုက်ထားတဲ့သူမျိုးတွေအတွက်ကတော့ တပ်ရင်းအဆင့် Unit နှစ်ခုစာလောက်ချထားနိုင်ရင်ကို အကောင်ကြီးကြီးဖြစ်လာမှာပါ.

credit – မိုးတိမ်