ဝမ်းစရာသတင်းကောင်းပါ မကြာခင်မှာရရှိတော့မည့်ကိုဗစ်ကာကွယ်ဆေး ‘သောက်ဆေး’စမ်းသပ်နေပါပြီ

ဝမ်းစရာသတင်းကောင်းပါ မကြာခင်မှာရရှိတော့မည့်ကိုဗစ်ကာကွယ်ဆေး ‘သောက်ဆေး’စမ်းသပ်နေပါပြီ

ပိုကောင်းတဲ့ ကိုဗစ်ကာကွယ်ဆေး သောက်ဆေး စမ်းနေပြီ။အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကို တောင်ပိုင်းမှာ ရုံးစိုက်တဲ့ biotechnology ကုမ္ပဏီ Vaxart ကိုဗစ်ကာကွယ်ဆေး သောက်ဆေးကို Phase I စမ်းသပ်နေပြီး ရလဒ်တွေက အားတက်စရာ ကောင်းတယ်လို့လဲ သိရပါတယ်။

ဒီဆေးဟာ သောက်ဆေးဖြစ်လို့ သယ်ယူပို့ဆောင်ဖို့ cold chainတွေမလိုပဲ စားရိတ်ကျဉ်းပါတယ်၊ ပါးစပ်က သောက်ရတာမို့ အသားမနာတဲ့ အပြင် ဆေးထိုးဖို့ စင်တာတွေ၊ ကျန်းမာရေး ဝန်ထမ်းအင်အားလဲ များများ မလိုပါဘူး။

ပြီးတော့ ဒီဆေးဟာ လက်ရှိ ရလဒ်အရ Pfizer, Modernaဆေးတွေထက် တုန့်ပြန်မှု အာနိသင်လဲ ပိုကောင်းမယ့်ပုံ ရှိပါတယ်။
ဒီဆေးဟာ ကိုယ်ခံအားနဲ့ဆိုင်တဲ့ CD8, T cellတွေကို ထိုးဆေးတွေထက် များများပိုပြီး လှူံဆော်ပေးတယ်လို့ ဆိုပါတယ်။

T cellတွေ များလာရင် အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း အမြှေးပါးတွေမှာ ကိုယ်ခံအားဆဲလ်တွေ ခုခံအား ပိုကောင်းလာမှာဖြစ်ပြီး၊ ဗိုင်းရပ်စ်ပိုးက နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းကို ဝင်လာတာနဲ့ ဒီဆဲလ်တွေရဲ့ နှိမ်နင်းမှုကို ခံရမှာဖြစ်ပါတယ်။

ဒီအခါမှာ ဗိုင်းရပ်စ်ပိုးတွေက အဆုတ်ကို ဝင်ရောက်ဖျက်ဆီးနိုင်တဲ့ ရာခိုင်နှုန်း အလွန်အမင်း နဲသွားမှာဖြစ်ပြီး သာမန်နှာစေး၊ လည်ချောင်း အနည်းငယ်နာယုံနဲ့ လျင်မြန်စွာ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။
ပြင်းထန်အဆုတ်ရောင်ရောဂါ၊ အောက်ဆီဂျင် မရလို့ သေဆုံးရသူတွေနဲ့ တခြား ကိုဗစ်နောက်ဆက်တွဲ ရောဂါကြောင့် သေနှုန်းတွေလဲ အများကြီးလျော့ကျ သွားနိုင်ပါတယ်။

ဒါ့အပြင် ဒီဆေးဟာ ကိုဗစ်နဲ့ အမျိုးအနွယ်တူ SARSကိုရိုနာ ဗိုင်းရပ်စ်ပိုး မျိုးကွဲတွေ, MERSစတဲ့ ဗိုင်းရပ်ပိုးတွေ အပေါ်မှာလဲ အာနိသင်ရှိတဲ့အပြင် ကိုယ်ခံအားကို နှစ်ပိုရှည်ကြာစွာ ထိန်းနိုင်မယ့် အလားအလာ ရှိတယ်လို့လဲ မျှော်လင့်နေကြကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။