လှည်လွန်းတဲ့ဘီး ချီးသင့်တဲ့ သာကော တို့ ကိုယ့်အတက် ကိုယ်စူးနေရော့သလား (ကိုဗစ်ရောဂါနဲ့ တရုတ်လည်း ပျားတုပ်နေပါပြီ)

လှည်လွန်းတဲ့ဘီး ချီးသင့်တဲ့ သာကော တို့ ကိုယ့်အတက် ကိုယ်စူးနေရော့သလား (ကိုဗစ်ရောဂါနဲ့ တရုတ်လည်း ပျားတုပ်နေပါပြီ)

ဒီနေ့ ဝူဟန်မှာ လူ ၁၁ သန်းကို အကုန်စစစ်ပါမယ်တဲ့။ တနင်္ဂနွေနေ့ကလည်း ရန်ကျိုးကို Lockdown ချပြီး အကုန်လိုက်စစ်နေတယ်။ ရှေ့မှာလည်း ခုတစ်ခေါက် ကူးစက်ရာအစဖြစ်တဲ့ နန်ကျင်းကိုလည်း ပိတ်စစ်ပြီးပြီ။ ထို့အတူ ဘေဂျင်းတို့ ဘာတို့မှာလည်း တွေ့ရာဒေသတွေ ပိတ်စစ်တာမျိုး စတဲ့ တရုတ်ပြည်အနှံ့ မြို့တွေကို Lockdown ချ စစ်နေရပါပြီ။ အခုစစ်နှုန်းက ၃ ရက်ကို လူဦးရေ ၁၈ သန်း စစ်တယ်ဆိုတော့

တစ်ရက် ၆ သန်းလောက် စစ်နေတာပါ။ ဒီပမာဏက တရုတ်နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် အလွန်နည်းပါးတဲ့ ပမာဏပါ။ သူ့လူဦးရေ သန်း ၁၄၀၀ ကျော်အတွက်ဆိုရင် ၈ လလောက် စစ်ရမယ့်ပမာဏ ဖြစ်နေတယ်။ ထို့အတူ ကာကွယ်ဆေးကိုလည်း တစ်နေ့ကို သန်း ၂၀ နှုန်းလောက်နဲ့ တရကြမ်းထိုးနေတာ ခုဆို သန်း ၁၆၀၀ ကျော်ပမာဏ ထိုးပြီးသွားပြီလို့ တရုတ်တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်

တရုတ်ဆေးက လက်ရှိ အိန္ဒိယမျိုးပြောင်း Delta ကို မနိုင်ဘူးဆိုတာ ကျယ်ကျယ်လောင်လောင် အသံထွက်လာသလို မြေပြင်ကူးစက်မှုတွေကလည်း အတင်းလိုက်ထိန်းချုပ်နေပေမယ့် မထိန်းသိမ်းနိုင်ဘဲ နေ့စဉ်ကူးစက်မှုက ၁၀၀ နားထိ ကပ်လာသလို ၂၂ ပြည်နယ်ရှိရာမှာ ၁၈ ပြည်နယ်ကို ကူးစက်မှုတွေ ပျံ့နှံ့နေပါပြီ။ ထို့အတူ တရုတ်တစ်ပြည်လုံးနီးပါးကိုလည်း ခရီးသွားလာခွင့်ပိတ်ပင်တာ၊

တချို့ဒေသတွေကို Lockdown ချတာတွေ လုပ်ဆောင်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ ဘယ်လိုပင် ငွေအင်အား၊ လူအင်အားသုံးထိန်းချုပ်နေပေမယ့် တစ်နိုင်ငံလုံးအနှံ့ ပြည်တွင်းကူးစက်မှုတွေက ပျံ့နှံ့နေဆဲပါ။ လက်ရှိ တရုတ်စစ်ဆေးနှုန်း တစ်နေ့ လူဦးရေ ၆ သန်း ဆိုတဲ့ပမာဏဟာ အခုကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန်ထားပြနေပါတယ်။

ဒီတော့ သူတို့ပြည်တွင်းကျွမ်းကျင်သူတွေ သုံးသပ်ချက်အရဆိုရင် လက်ရှိစစ်ဆေးနှုန်းကို ၇ ဆဝန်းကျင် တစ်နေ့ လူဦးရေ သန်း ၄၀ နီးပါး စစ်ဆေးပေးနိုင်ဖို့ လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။ ဒီပမာဏက ဘယ်လိုမှမဖြစ်နိုင်တဲ့ ပမာဏပါ။ နောက်ပြီး ကာကွယ်ဆေးကလည်း Delta ကို မနိုင်တဲ့အတွက် ဒီတစ်ပွဲကတော့ တော်တော်လေး ကြည့်ကောင်းတဲ့ပွဲ ဖြစ်လာပါပြီ။

ကျနော်ကတော့ လုံလောက်တဲ့ ကာကွယ်ဆေးနည်းပညာ၊ ဆေးဝါးအရင်းအမြစ်၊ ကျန်းမာရေးဝန်ထမ်းအင်အားမရှိတဲ့ တရုတ် ဒီတစ်ချီတော့ မှောက်ပြီထင်တာပဲ။ နိုင်ငံလုံးကျွတ် လနဲ့ချီ Lockdown ချရမလားဆိုတာ စောင့်ကြည့်ဖို့ပဲလိုတော့တယ်။

crd-#AungPhyoeKyaw.

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

လွည္လြန္းတဲ့ဘီး ခ်ီးသင့္တဲ့ သာေကာ တို႔ ကိုယ့္အတက္ ကိုယ္စူးေနေရာ့သလား (ကိုဗစ္ေရာဂါနဲ႔ တ႐ုတ္လည္း ပ်ားတုပ္ေနပါၿပီ)

ဒီေန႔ ဝူဟန္မွာ လူ ၁၁ သန္းကို အကုန္စစစ္ပါမယ္တဲ့။ တနဂၤေႏြေန႔ကလည္း ရန္က်ိဳးကို Lockdown ခ်ၿပီး အကုန္လိုက္စစ္ေနတယ္။ ေရွ႕မွာလည္း ခုတစ္ေခါက္ ကူးစက္ရာအစျဖစ္တဲ့ နန္က်င္းကိုလည္း ပိတ္စစ္ၿပီးၿပီ။ ထို႔အတူ ေဘဂ်င္းတို႔ ဘာတို႔မွာလည္း ေတြ႕ရာေဒသေတြ ပိတ္စစ္တာမ်ိဳး စတဲ့ တ႐ုတ္ျပည္အႏွံ႔ ၿမိဳ႕ေတြကို Lockdown ခ် စစ္ေနရပါၿပီ။ အခုစစ္ႏႈန္းက ၃ ရက္ကို လူဦးေရ ၁၈ သန္း စစ္တယ္ဆိုေတာ့

တစ္ရက္ ၆ သန္းေလာက္ စစ္ေနတာပါ။ ဒီပမာဏက တ႐ုတ္ႏိုင္ငံအေနနဲ႔ ၾကည့္မယ္ဆိုရင္ အလြန္နည္းပါးတဲ့ ပမာဏပါ။ သူ႔လူဦးေရ သန္း ၁၄၀၀ ေက်ာ္အတြက္ဆိုရင္ ၈ လေလာက္ စစ္ရမယ့္ပမာဏ ျဖစ္ေနတယ္။ ထို႔အတူ ကာကြယ္ေဆးကိုလည္း တစ္ေန႔ကို သန္း ၂၀ ႏႈန္းေလာက္နဲ႔ တရၾကမ္းထိုးေနတာ ခုဆို သန္း ၁၆၀၀ ေက်ာ္ပမာဏ ထိုးၿပီးသြားၿပီလို႔ တ႐ုတ္တာဝန္ရွိသူေတြက ထုတ္ျပန္ထားပါတယ္။ ဒါေပမယ့္

တ႐ုတ္ေဆးက လက္ရွိ အိႏၵိယမ်ိဳးေျပာင္း Delta ကို မႏိုင္ဘူးဆိုတာ က်ယ္က်ယ္ေလာင္ေလာင္ အသံထြက္လာသလို ေျမျပင္ကူးစက္မႈေတြကလည္း အတင္းလိုက္ထိန္းခ်ဳပ္ေနေပမယ့္ မထိန္းသိမ္းႏိုင္ဘဲ ေန႔စဥ္ကူးစက္မႈက ၁၀၀ နားထိ ကပ္လာသလို ၂၂ ျပည္နယ္ရွိရာမွာ ၁၈ ျပည္နယ္ကို ကူးစက္မႈေတြ ပ်ံ႕ႏွံ႔ေနပါၿပီ။ ထို႔အတူ တ႐ုတ္တစ္ျပည္လုံးနီးပါးကိုလည္း ခရီးသြားလာခြင့္ပိတ္ပင္တာ၊

တခ်ိဳ႕ေဒသေတြကို Lockdown ခ်တာေတြ လုပ္ေဆာင္ၿပီး ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနပါတယ္။ ဘယ္လိုပင္ ေငြအင္အား၊ လူအင္အားသုံးထိန္းခ်ဳပ္ေနေပမယ့္ တစ္ႏိုင္ငံလုံးအႏွံ႔ ျပည္တြင္းကူးစက္မႈေတြက ပ်ံ႕ႏွံ႔ေနဆဲပါ။ လက္ရွိ တ႐ုတ္စစ္ေဆးႏႈန္း တစ္ေန႔ လူဦးေရ ၆ သန္း ဆိုတဲ့ပမာဏဟာ အခုကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ခက္ခဲတယ္လို႔ ကြၽမ္းက်င္သူေတြက ေဝဖန္ထားျပေနပါတယ္။

ဒီေတာ့ သူတို႔ျပည္တြင္းကြၽမ္းက်င္သူေတြ သုံးသပ္ခ်က္အရဆိုရင္ လက္ရွိစစ္ေဆးႏႈန္းကို ၇ ဆဝန္းက်င္ တစ္ေန႔ လူဦးေရ သန္း ၄၀ နီးပါး စစ္ေဆးေပးႏိုင္ဖို႔ လိုအပ္တယ္လို႔ ေထာက္ျပထားပါတယ္။ ဒီပမာဏက ဘယ္လိုမွမျဖစ္ႏိုင္တဲ့ ပမာဏပါ။ ေနာက္ၿပီး ကာကြယ္ေဆးကလည္း Delta ကို မႏိုင္တဲ့အတြက္ ဒီတစ္ပြဲကေတာ့ ေတာ္ေတာ္ေလး ၾကည့္ေကာင္းတဲ့ပြဲ ျဖစ္လာပါၿပီ။

က်ေနာ္ကေတာ့ လုံေလာက္တဲ့ ကာကြယ္ေဆးနည္းပညာ၊ ေဆးဝါးအရင္းအျမစ္၊ က်န္းမာေရးဝန္ထမ္းအင္အားမရွိတဲ့ တ႐ုတ္ ဒီတစ္ခ်ီေတာ့ ေမွာက္ၿပီထင္တာပဲ။ ႏိုင္ငံလုံးကြၽတ္ လနဲ႔ခ်ီ Lockdown ခ်ရမလားဆိုတာ ေစာင့္ၾကည့္ဖို႔ပဲလိုေတာ့တယ္။

crd-#AungPhyoeKyaw.

မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ ေပးပါသည္။
ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။