လှည့်စားခံလိုက်ရမှန်းကိုမသိဘဲ ချစ်သူဖြစ်သူအား လေဆိပ်မှာ တစ်ပတ်ကျော်ကြာအထိ စောင့်ဆိုင်းနေခဲ့တဲ့ အသက် ၆၇ နှစ်အရွယ်အမျိုးသမီးတစ်ဦး



izusek / Getty Images







Zawgyi

လှည့်စားခံလိုက်ရမှန်းကိုမသိဘဲ ချစ်သူဖြစ်သူအား လေဆိပ်မှာ တစ်ပတ်ကျော်ကြာအထိ စောင့်ဆိုင်းနေခဲ့တဲ့ အသက် ၆၇ နှစ်အရွယ်အမျိုးသမီးတစ်ဦး(ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံ Pangasinan ပြည်နယ်မှ အသက် ၆၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ အချစ်ကြောင့်လှည့်စားခံရပြီးနောက် သူမရဲ့နိုင်ငံခြားရည်းစားအား စောင့်ဆိုင်းရန် လေဆိပ်၌ တစ်ပတ်ကျော်ကြာ နေနေခဲ့ပါတယ်။ alias Remy အမည်ရှိအဆိုပါအမျိုးသမီးဟာ အသက် ၆၆ နှစ်အရွယ်အငြိမ်းစားအမေရိကန်စစ်သားဟောင်းတစ်ဦးလို့ဆိုတဲ့ Alex Shandler အမည်ရှိအမျိုးသားအား social networking site တစ်ခုဖြစ်တဲ့ Facebook ၌ တွေ့ဆုံခဲ့ပါတယ်။

Remyရဲ့အဆိုအရ သူမမှာ စကားပြောဖော်အများကြီးရှိသော်လည်း Alex က သူမအပေါ်ကြင်နာသနားပြီး လေးစားမှုရှိတာကြောင့် အဆိုပါအမျိုးသားဟာ သူမအတွက် အခြားသူများနှင့် ကွဲပြားနေခဲ့ပါတယ်။ထို့ကြောင့် သူမဟာ သူမရဲ့အနာဂတ်ခင်ပွန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရန် Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားခဲ့ပါတော့တယ်။

ပြီးခဲ့တဲ့အပတ်က Alex ဟာ အာဖဂန်နစ္စတန်ရှိ သူ့ရဲ့စခန်းကနေ ထွက်လာနိုင်ရန် Remy ထံ ဒေါ်လာ ၅၀၀ ချေးပေးဖို့ပြောခဲ့ပြီး သူ့ရဲ့ပင်စင်လစာ ဒေါ်လာ ၃၀၀,၀၀၀ ကိုလည်း ရယူဖို့ရှိကြောင်း သူမအား ပြောကြားခဲ့ပါတယ်။

ထို့နောက် ချစ်သူရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ရန်အတွက် Remy ဟာ ငွေအချို့ကို ချေးယူပြီး ပို့ပေးခဲ့ပါတယ်။ဒုတိယအကြိမ်မှာတော့ ချစ်သူဖြစ်သူက သူ့ကိုလွတ်ပေးဖို့ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတွေကို ပေးရန် ဒေါ်လာ ၁,၄၀၀ လိုအပ်ကြောင်း တစ်ခါထပ်တောင်းပြန်ပါတယ်။

ဒါ့အပြင် Remy ဟာ အမည်မသိအမျိုးသမီးသုံးဦးအား တစ်ဦးစီ ဒေါ်လာ ၄၀၀ ပေးခဲ့ရကာ လှည့်စားခံလိုက်ရပါသေးတယ်။ကံမကောင်းစွာနဲ့ Remy ဟာ သူမချစ်သူလို့ထင်ထားတဲ့အမျိုးသားနှင့် အဆိုပါအမျိုးသမီးသုံးဦးတို့အား အဆက်အသွယ်လုပ်လို့မရခဲ့ပါဘူး။

အာဏာပိုင်များက Remy ဟာ အချစ်လှည့်စားမှုရဲ့သားကောင်ဖြစ်ခဲ့ရကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။လေဆိပ်ရဲအကြီးတန်းစစ်ဆေးရေးမှူး Nemencio Bawalan က အဆိုပါလိမ်လည်သွားသူများအား သူတစ်ပါးရဲ့စိတ်ခံစားချက်ကို လှည့်စားခဲ့သလို ငွေပါညစ်ခဲ့တာကြောင့် ၎င်းတို့အား ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါရဲက Remy အား ၎င်းချစ်သူက သူမအား လိမ်လည်ခဲ့တာကြောင့် လေဆိပ်မှာထပ်မစောင့်နေတော့ဖို့ပြောခဲ့ပေမဲ့လည်း သူမဟာ ချစ်သူဖြစ်သူထံမှ လှည့်စားခံလိုက်ရမှန်းကိုသိသိကြီးနဲ့တောင် မယုံမကြည်ဖြစ်နေခဲ့ရပါတယ်။

Crd