လျှပ်စစ်ကား တင်သွင်းခွင့်နဲ့အတူ အပြောင်းအလဲကြီး ဖြစ်လာမယ့် မြန်မာပြည် ကားစျေးကွက်

Post Views:
13
လျှပ်စစ်ကား တင်သွင်းခွင့်နဲ့အတူ ကားဈေးကွက် အပြောင်းအလဲကတော့ မဖြစ်မနေ ဖြစ်လာမှာပါပဲ.. လျှပ်စစ်ကား အားသွင်းဖို့ အဆင်ပြေသူတွေကတော့ ခေတ်နဲ့အညီ ပြောင်းလာမှာပါ.. ကွန်ဒိုအသစ်တွေမှာတောင် အချို့က လျှပ်စစ်ကား အားသွင်းတာတွေကိုပါ ကားပါကင်တွေမှာ ထည့်သွင်း ဒီဇိုင်းဆွဲလာပြီ.. ရောင်းအားမြင့် ဆွဲဆောင်ဖို့ ကြိုးစားလာကြပါပြီ..
မြို့တွင်း အဓိကသုံးမယ် နယ်ဝေးလဲ တစ်ခါတစ်ရံထွက်မယ့်သူတွေအတွက် သိန်း ၅၀၀/၆၀၀ တန်းမှာ ဆီစားသက်သာမယ့် engine power 1.0, 1.3 မှ 1.8 ကားတွေထဲက ဝယ်ဖို့စဉ်းစားနေရင်လောလောဆယ် ကာလမှာမဝယ်သေးပဲ ၃ လလောက်စောင့်ပီးမှ ဝယ်သင့်ပါတယ် ..
တစ်နေ့တစ်နေ့ ရန်ကုန်မြို့လမ်းမပေါ်မှာပဲ ရုံးသွား ဈေးဝယ် ကျောင်းပို့ သုံးနေပီး ပိတ်ရက်တွေလောက်မှ မန္တလေး/ မေမြို့/ ချောင်းသာ/ ပဲခူး/ ကျိုက်ထီးရိုးလောက်ပဲ သွားတဲ့သူတွေက မြို့တွင်းပဲသုံးပီး လစဉ် ဓာတ်ဆီဖိုး 250000 / 300000 ထိထွက်နေတာကို မီတာခ 50000 လောက်နဲ့ အစားထိုးနိုင်လို့ တစ်လကို အပိုထွက်ငွေ ၂ သိန်းအထက် တစ်နှစ်ကို ၂၄ သိန်းအထက် ချွေတာနိုင်မှာမလို့ EV တွေလဲကို လဲတဲ့သူတွေရှိလာပါလိမ့်မယ်..
လက်ရှိ ၅၀၀-၆၀၀ တန်းမှာ လတ်တလောတော့ ကားအသစ်ရောင်းနေတာ မရှိသေးပေမယ့် ပြန်ရောင်းရင်လဲ SKD ဂျပန် ကိုရီးယား sedan လေးနှစ်စီးကို အဝယ်များပါတယ်..
JDM ကားအဟောင်းတွေထဲမှာ Fit GK3 လို ကားလေးတွေလဲရနိုင်ပေမယ့် ဂျပန်မှာ 2022 model အသစ်ဈေးတောင် $11000 (base model) ကနေ $18417 (highest trim) ကြားပဲတန်တဲ့ B Segment Hatchback ရဲ့ ၈ နှစ် ၉ နှစ်သား အဟောင်းကို အဲ့ဈေးတန်းပေးနေရတာက တကယ်မတန်တော့ပါဘူး..
လက်ရှိ 500-600 ဈေးတန်းမှာ မြန်မာပြည်ကို ဝင်လာမယ့် လျှပ်စစ်ကား (EV) အသစ်တွေက တရုတ် brand တွေပဲဖြစ်နေတယ်ဆိုပေမယ့် Battery Warranty တွေပါမယ် Official service ရမယ်ရင်ဆိုတော့ လျှပ်စစ်ကား (EV) ကို စဉ်းစားစရာတစ်ခုဖြစ်လာပါလိမ့်မယ်..
လက်ရှိ Eco ကားတွေကို မြို့တွင်းပဲသုံးနေပီး မြောက်ဥက္ကလာ/မြောက်ဒဂုံလို မြို့နယ်တွေမှာ အိမ်နဲ့နေတဲ့သူတွေ မြို့တွင်းမြို့နယ်တွေမှာ မြေညီထပ် နေတဲ့သူတွေက ကိုယ့်အိမ်မှာတင် အားသွင်းဖို့အဆင်ပြေတာမလို့ ဆီဖိုးလစဉ် သက်သာမှာရယ် plug, engine oil, auto oil, filter စတဲ့ maintenace cost တွေသက်သာမှာကြောင့် လက်ရှိစီးနေတဲ့ ဓာတ်ဆီထည့်နေရတဲ့ Eco ကားတွေကို ရောင်းပီးစီးကြပါလိမ့်မယ်..
ရန်ကုန်မြို့တွင်းမှာ နာရီဝက်အားသွင်းရင် ပြည့်မယ့် Charging Station တွေပါ ဆောက်ပီးတဲ့အခါကျရင် အထက်မြင့်တိုက်ခန်းနေတဲ့သူတွေထဲမှာပါ 1.0, 1.3 မှ 1.8 eco ကားတွေကို ရောင်းပီး EV လဲမယ့်သူတွေပိုများလာပါလိမ့်မယ်..
လက်ရှိဝင်လာမယ့် တရုတ် လျှပ်စစ်ကား (EV) တွေက ၅၀၀-၆၀၀ တန်းမှာရနိုင်မယ့် ကားအိုကြီးတွေမဟုတ်တဲ့ engine ကားထဲက ဓာတ်ဆီကားတွေနဲ့ မတိမ်းမယိမ်း build quality မှာပဲရှိပီး Function တောင် ပိုစုံပါသေးတယ်..
အားတစ်ခါသွင်းရင် မိုင် ၂၀၀ ဝန်းကျင် စီးလို့ရမယ့် လျှပ်စစ်ကား (EV) တွေက ပိတ်ရက်မှာ ခရီးထွက်ချင်ရင်တောင် ရန်ကုန်ကလူတွေ သွားလေ့ရှိတဲ့ဒေသတွေအများစုကို လမ်းမှာအားသွင်းစရာမလိုပဲ direct ရောက်ပါတယ်.. မန်းလေး / မေမြို့လိုနေရာတွေသွားလည်မယ်ဆိုလဲ အမြန်လမ်းက charging station တွေမှာသွင်းလို့ရပါတယ်..
ဒါကြောင့် အကြံပေးချင်တာက 1.0 , 1.3 – 1.8 engine power ECO ကားထဲက ဆီကားတွေဝယ်မယ်ဆိုရင် EV တွေကို ထည့်စဉ်းစားသင့်နေပါပီ.. ကိုယ်က ဓာတ်ဆီကားနဲ့မှ အဆင်ပြေမှာမလို့ ဓာတ်ဆီကားထဲကပဲ ဝယ်မယ်ဆိုရင်တောင် နောက် ၃ လစောင့်ရင် EV လဲဖို့အတွက် မြို့တွင်းပဲ အဓိက သုံးတဲ့သူတွေစီက ဓာတ်ဆီကားတွေ ထုတ်ရောင်းလာကြမှာမလို့ ဈေးကျလာဖို့သေချာသလောက်ရှိပါတယ်..
ဈေးတန်းအရအများကြီး မကျလာခဲ့ရင်တောင် ရောင်းကားတွေ အခုထက်တော့ ပိုများလာတော့မှာမလို့ used ကားထဲက ဝယ်မယ်ဆိုရင် ကားကောင်းကားသန့် ရွေးစရာများလာပါလိမ့်မယ်..
မီးမလာပဲ လျှပ်စစ်ကား (EV) ဘယ်လိုစီးမလဲမေးမယ့် သူတွေအတွက် အိမ်မီးနဲ့ အားသွင်းရင်တောင် 0-100% ကို ၁၀ နာရီအောက်နဲ့ ပြည့်မှာမလို့ ညဘက်မီးလာတဲ့အချိန်သွင်းလဲရပါတယ်.. တစ်ညနဲ့မပြည့်လဲ ဖုန်းအားသွင်းသလိုပဲ မီးလာတဲ့အချိန်ဆက်သွင်းလို့ရပါတယ်.. အားပြည့်အောင် မသွင်းထားလဲ စီးလို့ရပါတယ်.. အားတစ်ခါ အပြည့်သွင်းထားရင် မြို့တွင်းပဲသုံးရင် ၃-၅ ရက်တော့ စိတ်ချလက်ချ စီးလို့ရပါတယ်.. ဆီဖိုး ၂ သိန်းခွဲ ၃ သိန်း အပြင် ပလပ်လဲ အင်ဂျင်ဝိုင် auto ဝိုင် လဲတာတွေအတွက် ကုန်တာထက်တော့ အားသွင်းရတဲ့အလုပ်က ပိုတန်ပါတယ်..
လျှပ်စစ်ကား (EV) ကို ရေထဲဖြတ်မောင်းမရဘူးတို့ ရေကြောက်မယ်တို့ ထင်နေကြတာလဲ အမှားတွေပါ.. EV တွေရဲ့ electrical parts တွေက ရေလုံအောင်စီမံထားတာမလို့ ရေထဲကို စိတ်ချလက်ချ ဖြတ်မောင်းလို့ရပါတယ်.. EV တစ်စီးထိုးရပ်လောက်မယ့်ရေထဲကို ဘယ် engine ကားမှလဲဖြတ်မရဘူးဆိုတာ သေချာပါတယ်.. (Eldwin Khant)
Crd
Crd