လျာနှင့်လျက်လျှင် အရသာရှိသော TV ဂျပန်တီထွင်
တိုကျို၊ ဒီဇင်ဘာ ၂၃
ဂျပန်နိုင်ငံမှ ပါမောက္ခတစ်ဦးသည် လျာနှင့်လျက်လျှင် အစားအစာအရသာခံစားနိုင်သော TV တစ်မျိုးကို ကနဦးတီထွင်မှုတစ်ခုအဖြစ် ပြုလုပ်လိုက်သည်။ ထို့နောက်တွင် အရသာမျိုးစုံရှိသော TV ကို ဆက်လက်ပြုလုပ်ရန် ရယ်ရွယ်ထားသည်။
အဆိုပါပစ္စည်းကို Taste The TV(TTTV) ဟု ခေါ်ဆိုပြီး၊ နေ့စဉ်စားသုံးနေမြဲဖြစ်သည့် အစားအစာ ၁၀ မျိုး၏ အရသာများကို အခြေခံ၍ ဖန်တီးပြုလုပ်ထားခြင်းဖြစ်သည်။ TV မျက်နှာပြင်ကို လျာဖြင့်လျက်၍ အရသာကို ခံစားသိရှိနိုင်စေရန်ပြုလုပ်ထားသည်။

COVID-19 ကပ်ရောဂါ ကာလအတွင်း လူတို့အိမ်ပြင်မထွက်ရပဲ အိမ်တွင်းတွင်သာ နေ့စဉ်အစားအစာများကို စားသုံးနေကြရသဖြင့် ငြည်းငွေ့ခြင်း စိတ်ဖိစီးခြင်းတို့ သက်သာစေရန် ရည်ရွယ်ဖန်တီးခြင်းဖြစ်ကြောင်း တီထွင်သူ ပါမောက္ခ ဟိုမေးမီယာရှီတာ(Homei Miyashita)ကပြောသည်။ သူသည် ဂျပန်နိုင်ငံ မေဂျီတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သည်။
မီယာရှီတာသည် မေဂျီတက္ကသိုလ်မှ ကျောင်းသား ၃၀ ခန့်တို့နှင့်အတူ TTTV ကို တီထွင်ဖန်တီးခဲ့ခြင်းဖြစ်ကာ၊ စီးပွားဖြစ်ရောင်းချနိုင်သည့် TTTV ကိုထုတ်လုပ်နိုင်ပြီဆိုပါက ဂျပန်ယန်းငွေ ၁သိန်း(ကန်ဒေါ်လာ ၈၇၅ ခန့်)နှင့် ရောင်းချနိုင်ဖွယ်ရှိကြောင်း သိရသည်။
ကိုးကား
Japanese professor creates ‘lickable’ TV screen that imitates food flavours
crd popular news journal