လေးထပ်တိုက်တလုံးနီးပါးမြင့်မားတဲ့ ကမ္ဘာ့အကြီးဆုံး အင်ဂျင်ကြီး

လေးထပ်တိုက်တလုံးနီးပါးမြင့်မားတဲ့ ကမ္ဘာ့အကြီးဆုံး အင်ဂျင်ကြီး..

13.5m (44ပေ) မြင့်မားပြီး အလွန်ကြီးမားတဲ့ ကမ္ဘာ့အကြီးအင်ဂျင်ကြီးပါ။ ဆလင်ဒါ ၁၄ လုံးပါရှိတဲ့ အဆိုပါ အင်ဂျင်ကြီးဟာ မြင်းကောင်ရေ 108,920hp (80,800 kW) ကို ထုတ်လုပ်ပေးပါတယ်။ အဆိုပါ ဂဏန်းတွေက စိတ်ကူးယဉ်သက်သက်မဟုတ်သလို ကမ္ဘာ့အကြီးဆုံးအင်ဂျင်ဖြစ်တဲ့ Wärtsilä RT-flex96C ရဲ့ specs များဖြစ်ပါတယ်။ ၎င်းမှာ မတူညီတဲ့ အစိတ်အပိုင်းများသို့တက်ဖို့အတွက် လှေကားများစွာပါရှိပါတယ်။

အဆိုပါအင်ဂျင်ကြီးကို ကုန်တင်သင်္ဘောများအတွက် 2006 ခုနှစ်က တည်ဆောက်ခဲ့ ခြင်းဖြစ်ပါတယ်။

ဒိန်းမတ်သင်္ဘော Emma Mærsk ဟာ ပေ ၂၀ ရှည်တဲ့ ကွန်တိန်နာပေါင်း ၁၄၇၇၀ ကို သယ်ဆောင်နိုင်သော သင်္ဘောဖြစ်ပြီး ၎င်းအင်ဂျင်ကို ပထမဆုံး အသုံးပြုတဲ့ သင်္ဘောဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အင်ဂျင်ကိုယ်တိုင်က လေးလံသော အရာဖြစ်ပြီး crankshaft တစ်ခုတည်းတင် အလေးချိန် 300,000 ကီလိုဂရမ် (660,000 ပေါင်) ရှိကာ piston tipping တစ်ခုစီဟာ အလေးအားဖြင့် 5443 ကီလိုဂရမ် (ပေါင် 12,000 ) ရှိပါတယ်။

တစ်ရက်အတွင်း ဒီဇယ်တန်ချိန် ၂၅၀ ကို လောင်ကျွမ်းစေကာ ထူးခြားတဲ့ ပါဝါနဲ့ ရုန်းအားကို ရရှိဖို့အတွက် အင်ဂျင်ကို turbo နဲ့ တွဲသုံးထားပါတယ်။

Crd