လောင်စာ ၈ ဂရမ် ထည့်ထားတာနဲ့ နှစ်ပေါင်း(၁၀၀)ကြာတဲ့အထိ မောင်းနှင်နိုင်တဲ့ ကား

လောင်စာ ၈ ဂရမ် ထည့်ထားတာနဲ့ နှစ်ပေါင်း(၁၀၀)ကြာတဲ့အထိ မောင်းနှင်နိုင်တဲ့ ကား

Laser Power System (LPS) ဆိုတဲ့ ကုမ္ပဏီကနေ Thorium (သိုရီယမ်)လောင်စာ ၈ ဂရမ် ထည့်ထားတာနဲ့ နောက်ထပ် လောင်စာ ထပ်ထည့်စရာမလိုဘဲ နှစ်ပေါင်း ၁၀၀ မောင်းနှင်နိုင်တဲ့ ကားကို ဖန်တီးနေပါတယ်။ အနာဂါတ်မှာ တကယ်ဖြစ်လာတော့မှာပါ။ ကားရဲ့ နာမည်ကို Thorium Powered Car လို့ အမည်ပေးထားပါတယ်။

Thorium (သိုရီယမ်) ဆိုတာ ကမ္ဘာပေါ်က သိပ်သည်းဆ အများဆုံ သတ္ထုတစ်မျိုးဖြစ်ပြီး ရေဒီယိုသတ္တိကြွ ဒြပ်စင်တစ်မျိုးလည်း ဖြစ်ပါတယ်။ Thorium ဆိုတဲ့အမည်ကို ဒဏ္ဍာရီထဲက မိုးကြိုးနတ်ဘုရား Thor ရဲ့နာမည်ကိုယူပြီး ပေးထားတာဖြစ်ပါတယ်။

သိုရီယမ်ရဲ့ သိပ်သည်းဆဟာ တစ်ကုဗစ်မီတာမှာ ၁၁.၇ ဂရမ် ရှိပါတယ်။ စွမ်းအင်များစွာကိုလည်း သိုလှောင်နိုင်ပါတယ်။ အဲဒီ သိပ်သည်းဆဟာ ကျောက်မီးသွေးထက် အဆပေါင်း သန်း ၂၀ ပိုများပါတယ်။ အဲဒီအတွက် သိုရီယမ် အနည်းငယ်ရဲ့ စွမ်းအင်ဟာ လောင်စာဆီ သို့မဟုတ် ကျောက်မီးသွေးပမာဏ များစွာနဲ့ တူညီပါတယ်။

သိုရီယမ် ၁ ဂရမ်ရဲ့ စွမ်းအင်ဟာ လောင်စာဆီ ၂၈,၀၀၀ ဂါလန်နဲ့ ညီမျှပါတယ်။ သိုရီယမ်ဟာ လူသားတွေရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပြီး ဓါတ်ငွေ့ထုတ်လွှင့်မှု နည်းပါးစေမှာ ဖြစ်ပါတယ်။

ယနေ့‌ခေတ် စွမ်းအင်ကဏ္ဍအတော်များများမှာ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုနေရပါတယ်။ လောင်စာဆီတွေကနေထွက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ဓါတ်ငွေ့‌တွေကြောင့်လည်း ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်ပေါ်လာစေပြီး ကမ္ဘာကြီးဟာတစ်နေ့တစ်ခြား ပူနွေးလာနေပါတယ်။

သိုရီယမ် ကတော့ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ဓါတ်ငွေ့ထုတ်လွှင့်မှု နည်းပါးတာ‌ကြောင့် ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ကြောင့်ဖြစ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် သိုရီယမ်ဟာ ရေဒီယို သတ္တိကြွတဲ့အတွက် ဘေးကင်းစိတ်ချရတဲ့ စနစ်ကို ဖန်တီးဖို့ လိုအပ်ပါတယ်။

Laser Power Systems က သိုရီယမ် လောင်စာနဲ့ မောင်းနှင်တဲ့ ကားကို ဖန်တီးနေပြီး အဲဒီကားသာ တကယ် ဖန်တီးနိုင်ပြီဆိုရင် ကမ္ဘာကြီးနဲ့ လူသားတွေအတွက် အကျိုးများစွာ ရှိစေမှာဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

Crd