လေယာဉ်မတော်တဆမှုတွေက ဘယ်အချိန်မှာ ဘာကြောင့်ဖြစ်ရတာလဲ – The Geek Text

လေယာဉ်မတော်တဆမှုတွေက ဘယ်အချိန်မှာ ဘာကြောင့်ဖြစ်ရတာလဲ – The Geek Text



Post Views:
9

လေယာဉ်မတော်တဆမှုတွေက ဘယ်အချိန်မှာ ဘာကြောင့်ဖြစ်ရတာလဲ

လေယာဉ်နဲ့ ခရီးသွားခြင်းဟာ မော်တော်ယာဉ်နဲ့ သွားတာထက် အန္တရာယ် ကင်းပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေတော့ ဒီအချက်ဟာ ကြောက်စရာကောင်းအောင် မှားယွင်းနေပါတယ်။

ယူအက်စ်မှာဖြစ်ခဲ့တဲ့ လေယာဉ်မတော်တဆမှုတွေမှာဆိုရင် သေဆုံးမှုအရေအတွက် နည်းပါးတာ တွေ့ရပါတယ်။

လေယာဉ်မတော်တဆမှုတွေက ဘယ်အချိန်မှာ ဖြစ်တတ်သလဲ၊ ဘာကြောင့်ဖြစ်ရသလဲဆိုတာ ရှာဖွေတင်ပြလိုက်ပါတယ်။

ပထမတင်ပြမှာကတော့ ဘယ်အချိန်မှာ ဖြစ်တတ်သလဲဆိုတာပါ။ လေယာဉ်တွေ စတက်ကာစ (Just Takeoff) အခြေအနေမှာ လူသေစေနိုင်တဲ့ မတော်တဆမှု ၁၃ ရာခိုင်နှုန်း ဖြစ်တတ်ပါတယ်တဲ့။ အဆင်း ( Landing) မှာတော့ ၄၈ ရာနှုန်း ရှိပါတယ်။

စတက်ကာစ ၃၀ နဲ့ ၃၅ စက္ကန့်အတွင်း လေယာဉ် တစ်ခုခုချို့ယွင်းခဲ့ရင် ပိုင်းလော့မှာ ဘာလုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချိန် မရပါဘူး။ ဒီအချိန်က အန္တရယ်အများဆုံး ဖြစ်ပါတယ်။

ဒီလိုပါပဲ ဆင်းသက်ချိန်မှာလဲ ချို့ယွင်းခဲ့ရင် အန္တရာယ် များပါတယ်။ လေထဲပျံသန်းနေချိန်က အတက်အဆင်းထက် ပိုအန္တရာယ် ကင်းပါတယ်။

သင်ဟာ လေယာဉ်နဲ့အတူ လေထဲမှာ ရှိနေတယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ သင့်လေယာဉ်ကလဲ အင်ဂျင် ၂ လုံးစလုံး ရပ်သွားတယ်ဆိုပါစို့။

လေယာဉ်ရဲ့ အမြန်နှုန်းကြောင့် လေယာဉ်က ဆက်လက်ရွေ့လျားနေမှာ ဖြစ်ပါတယ်။ ပုံမှန် ခရီသည်တင်လေယာဉ်တွေဆိုရင် ၈ မိနစ်လောက် ထပ်ပြီး လေဟုန်စီးနေနိုင်ပါတယ်။

ဒါက အတောင်ပံရဲ့ ဖွဲ့စည်းပုံနဲ့လည်း ဆိုင်ပါတယ်။ လေယာဉ်တွေမှာ High wings , Mid wings, Low Wings ဆိုပြီး အမျိုးမျိုးရှိလို့ ဖြစ်ပါတယ်။ High Wings က အချိန်ပိုရပါတယ်။

လေယာဉ်တွေ မတော်တဆ ဖြစ်ရတဲ့ အကြောင်းရင်းက သုံးမျိုးရှိတယ်လို့ အကြမ်းဖျင်းပြောလို့ ရပါတယ်။

၁။Human Failure လူကြောင့် ဖြစ်တာ ၂။ Machnical Failure စက်ချို့ယွင်းတာ
၃။ Inclement weather ရာသီဥတုကြောင့် ဖြစ်တာလို့ ဆိုနိုင်ပါတယ်။

ဒီထဲက လူကြောင့်ဖြစ်ရတဲ့ ရာခိုင်နှုန်းက ၅၀ ရာနှုန်းအထိရှိလို့ အများဆုံးပါ။ စက်ချို့ယွင်းမှုကြောင့်ဖြစ်တာက အနည်းဆုံးပါ။

ရာသီဥတု ဆိုးရွားခြင်းကတော့ အန္တရာယ်ပေးတတ်တာ သိပြီးကြမှာပါ။ ဒါကြောင့်လဲ လေယာဉ်တွေဟာ ရာသီဥတု အခြေအနေကို ကြိုတင်သိရှိအောင် လုပ်ဆောင်ကြရပါတယ်။

ဒီနေ့ခေတ်မှာတော့ တိုးတက်တဲ့ စက်ကိရိယာ အမျိုးမျိုးနဲ့ ကြိုတင်သိရှိနိုင်လို့ ရှောင်ကွင်း မောင်းနှင်နိုင်ကြပါတယ်။

ဒါပေမဲ့ လေယာဉ်ငယ်တွေအတွက်ကတော့ ရာသီဥတုဒါဏ်ကို ပိုခံရပါတယ်။ ကံကောင်းတဲ့ အချက်ကတော့ တိုးတက်ခေတ်မီလာတဲ့ နည်းပညာတွေကို ပြောရမှာပါ။

ဖြစ်နိုင်ချေရှိတဲ့ အချက်တွေကို ကြိုတင်တွက်ဆပြီး အင်ဂျင်တွေ အခြားပစ္စည်းတွေကို ခံနိုင်ရည်ရှိတဲ့အခြေအနေနဲ့ ထုတ်လုပ်လာနိုင်ခဲ့ပါပြီ။ ဒါကြောင့် မတော်တဆ ဖြစ်မှုတွေလဲ လျော့ကျလာပါတယ်။

အဆင်းမှာ ဖြစ်တတ်တဲ့ မတော်တဆမှုအတွက်လဲ ILS (Instrument Landing System) တို့ Microwave System တို့ ရှိနေပါပြီ။

ဒါတွေက ရာသီဥတု ဆိုးဝါး‌နေရင်‌ တောင်မှ ကွင်းအဆင်းအတွက် အကူအညီဖြစ်စေပါတယ်။ လေယာဉ်ဟာ Safe Glide path area ကနေ စိတ်ချစွာ ဆင်းသက်နိုင်ပါတယ်။

ပြေးလမ်းတိုတဲ့ ကွင်းတွေအတွက်ဆို EMAS (Engineered Materials Arrested System) ကို လေယာဉ်ကွင်း‌တွေမှာ တပ်ဆင်ထားပါတယ်။ သူ့ကို ပြေးလမ်းရဲ့ အဆုံးမှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

လေယာဉ်ရဲ့အရှိန်ကို ဒီဧရိယာထဲမှာပါတဲ့ ပျော့ပြောင်းတဲ့ အရာတွေက လျော့ချပေးပါတယ်။

နောက်တစ်ခုကတော့ ASDEM-X ( Air Surface Detection Equipment Model -X ) ဖြစ်ပါတယ်။ ဒီနည်းပညာက Real time map အချိန်နဲ့ တပြေးညီ မြေပုံညွှန်းကို ဖေါ်ပြပေးပါတယ်။

ဒီထဲမှာ ကွင်းပေါ်၊ ကွင်းအတွင်း‌ ပြေးလမ်း‌ပေါ်က လှုပ်ရှားနေတဲ့ အရာ (လေယာဉ်၊ ကား) အားလုံး ပြသနေပါတယ်။ ဒီလိုပြသဖို့ Surface Surveillance Radar ကို အသုံးပြုပါတယ်။

Ground Base Sensor လဲပါဝင်လို့ လေယာဉ်မှူးတွေတင်မက မြေပြင်ထိန်းချုပ်ရေး တာဝါက ဝန်ထမ်းတွေကိုပါ ကွင်းအတွင်း ဖြစ်ပျက်သမျှကို အချိန်မီ အချက်ပြနိုင်ပါတယ်။

အနာဂတ် အတွက်ကတော့ ADS-B စနစ်ကို သုံးလာကြပါပြီ။ Automatic Dependant Surveillance-Brocast System လို့ ခေါ်ပါတယ်။ ဒီစနစ်က လေယာဉ်တွေ အလိုအလျောက်ဆင်းသက်ဖို့ ထောက်ကူပါတယ်။

ခုတင်ပြခဲ့တာတွေကတော့ လေယာဉ်ဟာ စိတ်ချရမှု ပိုရှိတဲ့အကြောင်းနဲ့ မတော်တဆမှုတွေအကြောင်းပဲ ဖြစ်ပါတယ်။

ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။

Knight News Team

Crd

Crd

arkarta