အထည်ကြီးပျက် Luftwaffe (သို့မဟုတ်) ဂျာမန်လေတပ်မတော်၏လက်ရှိအခြေအနေ

ဥရောပ၏ ချမ်းသာကြွယ်၀သည့် အင်အားကြီးနိုင်ငံ၊ ဒုတိယကမ္ဘာစစ်တွင်ကမ္ဘာကိုကိုင်လှုပ်ခဲ့သော မဟာ အင်အားကြီးနိုင်ငံ ဖြစ်သည့် ဂျာမဏီတို့၏ စစ်ရေးစွမ်းရည်ထက်မြက်မှုမှာ အတိတ်ခပ်ဝေးဝေး တွင် ကျန်နေခဲ့ပြီဆိုသည် ကို Luftwaffe ခေါ်လက်ရှိဂျာမန်လေတပ်၏အခြေအနေက ရှင်းရှင်းလင်းပြဆိုနေပေသည်

၂၀၀၉ ခုနှစ် ဇွန်လအတွင်းက ဂျာမန်လေတပ်၏ စစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး Ingo Gerhartz က လက်ရှိ ၄င်းတို့ လေတပ်၏ တိုက်ပွဲ၀င်ဖြစ်မှုအခြေအနေသည် စိုးရိမ်စရာအခြေအနေတွင်ရှိနေကြောင်း ပွင့်ပွင့် လင်းလင်းပင်၀န်ခံခဲ့သည်။

လက်အောက်ခံလေတပ်စခန်းများနှင့် လေယာဉ် ရဟတ်ယာဉ်များအား နာရီ ၄၀၀ ကြာကွင်းဆင်း စစ်ဆေးပြီး ထွက်ပေါ်လာသည့် ရလာဒ်အားထုတ်ဖော်ကြေငြာခဲ့ခြင်းဖြစ်ပြီးဂျာမန်အောက်လွှတ်တော်သို့လည်း အဆို ပါ အခြေအနေများနှင့်ပတ်သက်ပြီး အစီရင်ခံစာတင်သွင်းခဲ့သည်။

၂၀၂၀ ပြည့်နှစ်ဖေဖော်ဝါရီလအတွင်း ဂျာမန်လေတပ်၏ကျောရိုးတိုက်လေယာဉ်များဖြစ်သည့် Eurofighter Typhoon တိုက်လေယာဉ်၁၂၈ စီးအနက် ၃၉ စီးသာ စစ်ဆင်ရေးနှင့် လေ့ကျင့်ရေးတွင်အသုံးပြုနိုင်သည့် အခြေ အနေတွင်ရှိပါသည်။ အဓိကမြေပြင်တိုက်ခိုက်ရေးလေယာဉ်ဖြစ်သည့် Tornado တိုက်လေယာဉ် ၉၃ စီးအနက် ၂၆ စီးသာပျံသန်းနိုင်သည့် အနေအထားဖြစ်သည်။ ကျန်တိုက်လေယာဉ်များမှာ အပိုပစ္စည်းရှားပါးမှုနှင့် ပျံသန်းမှု စရိတ် မတတ်နိုင်မှုကြောင့် Grounded အနေအထားဖြစ်သည်။

နေတိုးအဖွဲ့၀င်နိုင်ငံများ ၏စံသတ်မှတ်ချက်မှာ နိုင်ငံ စီးပွားရေး ၏ ၂ ရာခိုင်နှုန်းအားစစ်သုံးစရိတ်အဖြစ် အသုံး ပြုရန်ဖြစ်သော်လည်း မာကယ်လ်အစိုးရသည် ၁.၂ ရာခိုင်နှုန်းအထိလျော့ချ ခဲ့ခြင်း၏ အကျိုးသက်ရောက်မှု လည်းဖြစ်သည်။
လေသူရဲများ၏လေကျင့်မှု အပိုင်းအနေဖြင့်လည်း နေတိုးစံဖြစ်သည့် လေသူရဲတစ်ဦးသည် တစ်နှစ်လျှင် ပျံသန်း ချိန် ၁၈၀ နာရီပြည့်မှီရမည်ဖြစ်သော်လည်း ၂၀၁၉ ခုနှစ်အတွင်းဂျာမန်လေတပ်၏လေသူရဲ ၉၀၀ အနက် နာရီ ၁၈၀ ပြည့်အောင်ပျံသန်းရသည့် လေသူရဲ မှာ ၅၀၀ ခန့် သာရှိသည့်အတွက် လေ့ကျင့်ရေးပိုင်းကိုပါ ဆိုးရွားစွာ ထိခိုက်လာသည့် အခြေအနေဖြစ်သည်။

လေသူရဲများအနေဖြင့် လေယာဉ်ပျံသန်းချိန်နည်းပါးသဖြင့် စိတ်ဓာတ်ရေးရာ ထိခိုက်မှုများ ဖြစ်ပေါ်လာပြီး ၂၀၁၉ ပထမနှစ်၀က်အတွင်း နှုတ်ထွက်ခွင့်တင်သူလေသူရဲ ၆ ဦးအထိရှိခဲ့သည် အဆိုပါ အရေအတွက်သည် နောက်ဆုံး ၅နှစ်အတွင်း ပုံမှန်မဟုတ်ပဲနှုတ်ထွက်သည့် လေသူရဲ အရေအတွက်ထက်များပြားပါသည်။

လက်ရှိလေတပ်တွင် ပျံသန်းတိုက်ပွဲ၀င်နိုင်သည့် လေယာဉ်အရေအတွက်အနေဖြင့်

  • Eurofighter Typhoon တိုက်လေယာဉ် ၁၂၈ စီးတွင် ၃၉ စီး
  • Tornado jets တိုက်လေယာဉ် ၉၃ စီးတွင် ၂၆ စီး
  • CH-53 ရဟတ်ယာဉ် ၇၂ စီးတွင် ၁၆စီး
  • NH-90 ရဟတ်ယာဉ် ၅၈ စီးတွင် ၁၃စီး
  • Tiger တိုက်ခိုက်ရေးရဟတ်ယာဉ် ၆၂စီးတွင် ၁၂စီး
  • A400M သယ်ယူပို့ဆောင်ရေးလေယာဉ် ၁၅စီးတွင် ၃စီး

လေတပ်သာမက ကြည်းတပ်နှင့် ရေတပ်သည်လည်း ဘက်ဂျက်ဖြတ်တောက်မှုဒဏ်ကို ခံစားရလျက်ရှိသည်

ကြည်းတပ်၏ Leopard 2 ပင်မတိုက်ပွဲ၀င်တင့် ၂၂၄ စီးအနက် ၁၀၅စီးသာ တိုက်ပွဲ၀င်နိုင်စွမ်းရှိပြီး ရေတပ် ရေငုပ်သဘောင်္ ၆စီး အနက်တစ်စီးမှ တိုက်ပွဲ၀င်နိုင်စွမ်းမရှ်ိပဲကမ်းကပ်ထားရကာဖရီးဂိတ် ၁၃စီး အနက် ၅စီးသာ ပင်လယ်ပြင်သို့ထွက်နိုင်သောအခြေအနေမှာရှိနေကြောင်းပါခင်ဗျား
crd:ကြယ်နီ
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
ဥေရာပ၏ ခ်မ္းသာႂကြယ္၀သည့္ အင္အားႀကီးနိုင္ငံ၊ ဒုတိယကမၻာစစ္တြင္ကမၻာကိုကိုင္လႈပ္ခဲ့ေသာ မဟာ အင္အားႀကီးနိုင္ငံ ျဖစ္သည့္ ဂ်ာမဏီတို႔၏ စစ္ေရးစြမ္းရည္ထက္ျမက္မႈမွာ အတိတ္ခပ္ေဝးေဝး တြင္ က်န္ေနခဲ့ၿပီဆိုသည္ ကို Luftwaffe ေခၚလက္ရွိဂ်ာမန္ေလတပ္၏အေျခအေနက ရွင္းရွင္းလင္းျပဆိုေနေပသည္

၂၀၀၉ ခုႏွစ္ ဇြန္လအတြင္းက ဂ်ာမန္ေလတပ္၏ စစ္ဦးစီးခ်ဳပ္ျဖစ္သူ ဒုတိယဗိုလ္ခ်ဳပ္ႀကီး Ingo Gerhartz က လက္ရွိ ၄င္းတို႔ ေလတပ္၏ တိုက္ပြဲ၀င္ျဖစ္မႈအေျခအေနသည္ စိုးရိမ္စရာအေျခအေနတြင္ရွိေနေၾကာင္း ပြင့္ပြင့္ လင္းလင္းပင္၀န္ခံခဲ့သည္။
လက္ေအာက္ခံေလတပ္စခန္းမ်ားႏွင့္ ေလယာဥ္ ရဟတ္ယာဥ္မ်ားအား နာရီ ၄၀၀ ၾကာကြင္းဆင္း စစ္ေဆးၿပီး ထြက္ေပၚလာသည့္ ရလာဒ္အားထုတ္ေဖာ္ေၾကျငာခဲ့ျခင္းျဖစ္ၿပီးဂ်ာမန္ေအာက္လႊတ္ေတာ္သို႔လည္း အဆို ပါ အေျခအေနမ်ားႏွင့္ပတ္သက္ၿပီး အစီရင္ခံစာတင္သြင္းခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္ေဖေဖာ္ဝါရီလအတြင္း ဂ်ာမန္ေလတပ္၏ေက်ာရိုးတိုက္ေလယာဥ္မ်ားျဖစ္သည့္ Eurofighter Typhoon တိုက္ေလယာဥ္၁၂၈ စီးအနက္ ၃၉ စီးသာ စစ္ဆင္ေရးႏွင့္ ေလ့က်င့္ေရးတြင္အသုံးျပဳနိုင္သည့္ အေၿခ အေနတြင္ရွိပါသည္။ အဓိကေျမျပင္တိုက္ခိုက္ေရးေလယာဥ္ျဖစ္သည့္ Tornado တိုက္ေလယာဥ္ ၉၃ စီးအနက္ ၂၆ စီးသာပ်ံသန္းနိုင္သည့္ အေနအထားျဖစ္သည္။ က်န္တိုက္ေလယာဥ္မ်ားမွာ အပိုပစၥည္းရွားပါးမႈႏွင့္ ပ်ံသန္းမႈ စရိတ္ မတတ္နိုင္မႈေၾကာင့္ Grounded အေနအထားျဖစ္သည္။

ေနတိုးအဖြဲ႕၀င္နိုင္ငံမ်ား ၏စံသတ္မွတ္ခ်က္မွာ နိုင္ငံ စီးပြားေရး ၏ ၂ ရာခိုင္ႏႈန္းအားစစ္သုံးစရိတ္အျဖစ္ အသုံး ျပဳရန္ျဖစ္ေသာ္လည္း မာကယ္လ္အစိုးရသည္ ၁.၂ ရာခိုင္ႏႈန္းအထိေလ်ာ့ခ် ခဲ့ျခင္း၏ အက်ိဳးသက္ေရာက္မႈ လည္းျဖစ္သည္။
ေလသူရဲမ်ား၏ေလက်င့္မႈ အပိုင္းအေနျဖင့္လည္း ေနတိုးစံျဖစ္သည့္ ေလသူရဲတစ္ဦးသည္ တစ္ႏွစ္လၽွင္ ပ်ံသန္း ခ်ိန္ ၁၈၀ နာရီျပည့္မွီရမည္ျဖစ္ေသာ္လည္း ၂၀၁၉ ခုႏွစ္အတြင္းဂ်ာမန္ေလတပ္၏ေလသူရဲ ၉၀၀ အနက္ နာရီ ၁၈၀ ျပည့္ေအာင္ပ်ံသန္းရသည့္ ေလသူရဲ မွာ ၅၀၀ ခန္႔ သာရွိသည့္အတြက္ ေလ့က်င့္ေရးပိုင္းကိုပါ ဆိုးရြားစြာ ထိခိုက္လာသည့္ အေျခအေနျဖစ္သည္။

ေလသူရဲမ်ားအေနျဖင့္ ေလယာဥ္ပ်ံသန္းခ်ိန္နည္းပါးသျဖင့္ စိတ္ဓာတ္ေရးရာ ထိခိုက္မႈမ်ား ျဖစ္ေပၚလာၿပီး ၂၀၁၉ ပထမႏွစ္၀က္အတြင္း ႏႈတ္ထြက္ခြင့္တင္သူေလသူရဲ ၆ ဦးအထိရွိခဲ့သည္ အဆိုပါ အေရအတြက္သည္ ေနာက္ဆုံး ၅ႏွစ္အတြင္း ပုံမွန္မဟုတ္ပဲႏႈတ္ထြက္သည့္ ေလသူရဲ အေရအတြက္ထက္မ်ားျပားပါသည္။

လက္ရွိေလတပ္တြင္ ပ်ံသန္းတိုက္ပြဲ၀င္နိုင္သည့္ ေလယာဥ္အေရအတြက္အေနျဖင့္

  • Eurofighter Typhoon တိုက္ေလယာဥ္ ၁၂၈ စီးတြင္ ၃၉ စီး
  • Tornado jets တိုက္ေလယာဥ္ ၉၃ စီးတြင္ ၂၆ စီး
  • CH-53 ရဟတ္ယာဥ္ ၇၂ စီးတြင္ ၁၆စီး
  • NH-90 ရဟတ္ယာဥ္ ၅၈ စီးတြင္ ၁၃စီး
  • Tiger တိုက္ခိုက္ေရးရဟတ္ယာဥ္ ၆၂စီးတြင္ ၁၂စီး
  • A400M သယ္ယူပို႔ေဆာင္ေရးေလယာဥ္ ၁၅စီးတြင္ ၃စီး

ေလတပ္သာမက ၾကည္းတပ္ႏွင့္ ေရတပ္သည္လည္း ဘက္ဂ်က္ျဖတ္ေတာက္မႈဒဏ္ကို ခံစားရလ်က္ရွိသည္

ၾကည္းတပ္၏ Leopard 2 ပင္မတိုက္ပြဲ၀င္တင့္ ၂၂၄ စီးအနက္ ၁၀၅စီးသာ တိုက္ပြဲ၀င္နိုင္စြမ္းရွိၿပီး ေရတပ္ ေရငုပ္သေဘာ ၤ၆စီး အနက္တစ္စီးမွ တိုက္ပြဲ၀င္နိုင္စြမ္းမရွ္ိပဲကမ္းကပ္ထားရကာဖရီးဂိတ္ ၁၃စီး အနက္ ၅စီးသာ ပင္လယ္ျပင္သို႔ထြက္နိုင္ေသာအေျခအေနမွာရွိေနေၾကာင္းပါခင္ဗ်ား
crd:ၾကယ္နီ
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။