လူသားခန္ဓာကိုယ်ကနေ ရေသူထီးခန္ဓာကိုယ်အဖြစ် ပြောင်းလဲခဲ့တဲ့ အမျိုးသားတစ်ဦးအကြောင်း

ဖလော်ရီဒါပြည်နယ်မှာနေထိုင်တဲ့အမေရိကန်နိုင်ငံသားခရစ်စတီယံဟာဆိုရင်ငယ်ငယ်လေးကတည်းကရေသူမတွေလိုဘဝကိုရရှိပိုင်ဆိုင်ချင်သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ယခုအချိန်မှာဆိုရင်တော့အသက်20ကျော်အရွယ်ရှိပြီဖြစ်တဲ့ကောလိပ်ကျောင်းသားတစ်ဦးပဲဖြစ်ပါတယ်။ ခရစ်စတီယံဟာဆိုရင်သူရဲ့ငယ်စဉ်ထဲကမက်ခဲ့ရတဲ့အိမ်မက်တစ်ခုဖြစ်တဲ့ရေသူထီးတစ်ယောက်ရဲ့ဘဝကိုရရှိပိုင်ဆိုင်နိုင်ရန်အတွက်သူ့ရဲ့ဘဝကိုပြောင်းလဲမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့တာကြောင့်ပဲ ခရစ်စတီယံဟာ သူရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို ရေသူမတွေရဲ့အမှီး ပုံစံပြောင်းလဲခဲ့ပါတယ်။ အဲ့အမှီးကတော့ ဒေါ်လာ 1581 ကျပ် ကုန်ကျခဲ့တာဖြစ်ပြီး ရေအောက်မှာ ရေသူထီးတစ်ယောက်လို လှုပ်ရှားရန်အတွက် အဆင်ပြေလှတယ်လို့သိရပါတယ်။ အမှီးကိုတော့မလိုအပ်တဲ့အချိန်မှာချွတ်ထားနိုင်‌ပေမယ့်ခရစ်စတီယံကတော့ရေချိုးတဲ့အချိန်ထမင်းစားတဲ့အချိန်မှာတောင်မှအမှီးကိုချွတ်ခဲ့ခြင်းမရှိခဲ့ပါဘူး။ သူဟာထိုအမှီးကိုအသုံးပြုကာသမုဒ္ဒရာတွေထဲမှာသာမကရေကူးကန်တွေရေချိုးကန်တွေထဲမှာပါအမြဲကူးခတ်နေတာကြောင့် လူအများကသတိထားမိလာခဲ့ကြပြီး အခုဆိုရင်တော့ ခရစ်စတီယံဟာ ကမ္ဘာ့အလယ်မှာ လူစိတ်ဝင်စားခံရဆုံး Merman Chris အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ သူရဲ့ ရူးသွပ်မှုတစ်ခုကြောင့် လူအများစုရဲ့ စနောက်လှောင်ပြောင်ခံခဲ့ရတဲ့ ခရစ်ဟာ ” ကျွန်တော့် အနေနဲ့ အနုတ်သဘာဆောင်တဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ခေါင်းထဲမထားခဲ့ပါဘူး ကျွန်တော် အမြဲတမ်းတွေးနေတာက ကျွန်တော် ပျော်ရွှင်မှုကို ဘယ်လိုရှာရမလဲ ၊ ကျွန်တော် ချစ်တဲ့ ဘဝကို ဘယ်လိုသွားရမလဲ ဆိုတာဘဲ အမြဲတွေးနေခဲ့တာပါ…. ကျွန်တော် အရမ်းလိုချင်တဲ့ ရေထဲမှာ […]

Crd