လူပျိုကြီးဖြစ်နေတဲ့ သူငယ်ချင်းက ရုတ်တရက်စွံသွားလို့ အားရပါးရထမ်းကာ ပျော်ရွှင်နေကြတဲ့ သူငယ်ချင်းများရဲ့အဖြစ်

မင်္ဂလာပွဲဆိုတာ လူတိုင်းရဲ့ဘဝမှာ အရေးကြီးဆုံးအချိန်တွေထဲက တစ်ခုပါ။ ဒါပေမဲ့ တချို့လူတွေအတွက် မင်္ဂလာဆောင်နိုင်ဖို့က အတော်လေးခက်ခဲပါတယ်။ ဘာလို့ဆို ကြိုက်မယ့်သူ မရှိတာမျိုး၊ ကြိုက်မယ့်သူရှိပြန်တော့လည်း ကိုယ်ကသူ့ကိုမကြိုက်တာမျိုး၊ ကိုယ်ကကြိုက်ပြန်တော့လည်း သူ့ဘက်ကပြန်မကြိုက်တာမျိုးတို့ရှိပါတယ်။ ဒါကြောင့်လည်း ခုခေတ်မှာ အပျိုကြီးတို့၊ လူပျိုကြီးတို့ များနေကြတာပါ။ အခုတခါမှာလည်း မစွံတော့ဘူးလို့ ထင်တဲ့ သူငယ်ချင်းက ရုတ်တရက် မိန်းမရသွားတော့ မိသားစု၊ ဆွေမျိုးများနဲ့ ရင်းနှီးတဲ့ မိတ်ဆွေများက သူ့အစားပျော်နေကြပါတယ်။
သတို့သားက သတို့သမီးကို ကြိုဆိုဖို့ အရမ်းလန်းတဲ့ ဝတ်စုံကို ဝတ်ဆင်ပြီး မင်္ဂလာပန်းတွေကို ကိုင်ဆောင်ထားကာ သူငယ်ချင်း ၄ ဦးက သယ်ဆောင်ထားပါတယ်။ လူတိုင်းက ရွှင်မြူးမြူးကြွကြွနဲ့ သတို့သမီးကို ကြိုဆိုကြပါတယ်။ သတို့သားကလည်း အရမ်းပျော်ပြီး မရပ်မနား ပြုံးနေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့လုပ်ပုံက မင်္ဂဆောင်မပြီးခင် သတို့သားရဲ့ဝတ်စုံဟာ စုတ်ပြဲသွားနိုင်ခြေရှိပါတယ်။ ၎င်းကို ပို့စ်တင်ပြီးပြီးချင်းမှာပဲ အဆိုပါဗီဒီယိုဟာ အင်တာနက်အသုံးပြုသူတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ ဒီသူငယ်ချင်းတွေရဲ့ ပျော်ရွှင်မှုကို ကြည့်ရင်း လူတော်တော်များများက သဘောကျရယ်မောခဲ့ကြရပါတယ်။
JRose(Tgidailynews)
Zawgyi
JRose(Tgidailynews)
Crd
9
Crd