လူထိုးနည်းလို့ မရောင်းရတဲ့ အောင်ဘာလေထီ အနိမ့်ဆုံးဆု ကျပ်တစ်သောင်းပေးပြီး ပရိုးမိုးရှင်းဆင်းနေ

လူထိုးနည်းလို့ မရောင်းရတဲ့ အောင်ဘာလေထီ အနိမ့်ဆုံးဆု ကျပ်တစ်သောင်းပေးပြီး ပရိုးမိုးရှင်းဆင်းနေ



Post Views:
9

လာမယ့် အောက်တိုဘာလ ၁ ရက်မှာဖွင့်လှစ်မယ့် အောင်ဘာလေထီဖွင့်ပွဲကစပြီး ဆုမဲအသစ်အနေနဲ့ အက္ခရာနဲ့ ရှေ့ဂဏန်း (၁) လုံးတူရုံနဲ့ ကျပ်တစ်သောင်းဆု ချီးမြှင့်ပေးမယ့် အစီအစဉ်ကို တိုးမြှင့်ပေးသွားမယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားပါတယ်။

“လာမယ့် ၁ ရက် ၁၀ လ ၂၀၂၂ မှာ ကျင်းပပြုလုပ်မယ့် ၄၃ ကြိမ်မြောက် အောင်ဘာလေ သိန်း‌ဆုဖွင့်ပွဲမှာ ထီချစ်သူ မိဘပြည်သူများအနေနဲ့ ထီကံစမ်းတဲ့အခါမှာ ဆုကြီးတွေနဲ့ လွဲခဲ့ရင်တောင်မှ အနည်းဆုံး ထီလက်မှတ် ၁၁ စောင်ပါ၀င်တဲ့ ထီစာအုပ်တစ်အုပ်နဲ့ ညီမျှတဲ့ ကျပ်တစ်သောင်းဆုကိုပြန်လည် ချီးမြှင့်ပေးတာဖြစ်ပါတယ်။

အခြေခံလူတန်းစားအတွက် ထီဆုငွေ တစ်သောင်းဟာ စား၀တ်နေရေးအတွက်ပဲဖြစ်ဖြစ် ထိုက်သင့်တဲ့ ပမာဏ အထိတော့ ရရှိမှာဖြစ်ပါတယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူးဦးညီညီလှိုင် က ပြောသည်။

ကျပ်တစ်သောင်းထီဆုကိုတော့ မရောင်းရတဲ့ ထီလက်မှတ်တွေအပေါ် မူတည်ပြီး ခွဲဝေပေးမှာဖြစ်လို့ ထီဖွင့်ပွဲနေ့မှ ဆုအရေအတွက် ဘယ်လောက်ပါဝင်မလဲဆိုတာ သိရှိရမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ထီရောင်းအားကတော့ သိသိသာသာတိုးတက်လာတာ မရှိပေမယ့် ပြည်သူတွေ ထီဆုပေါက်နိုင်ဖို့ ရည်ရွယ်ပြီး ကျပ်တစ်သောင်းထီဆု ထည့်သွင်းချီးမြှင့်ပေးတာ ဖြစ်တယ်လို့လည်း ဦးညီညီလွင်က ပြောပါတယ်။

စကစ ရဲ့ အောင်ဘာလေထီဟာ လူထိုးနည်းနေတဲ့အတွက် အခုလို ဆုမဲအသစ်တွေကို တိုးမြှင့်ကာ ထီထိုးသူတွေကို ဆွဲဆောင်နေတာဖြစ်ပါတယ်။

ထီထိုးသူတွေအနေနဲ့ ငါးစောင်တွဲထီထိုးမယ်ဆိုရင် အက္ခရာနဲ့ ရှေ့ဂဏန်း တစ်လုံးတူပါက ကျပ်ငါးသောင်းရမှာဖြစ်ပြီး ၁၀ စောင်တွဲထီထိုးမယ်ဆိုရင်တော့ ကျပ်တစ်သိန်းထိ ရရှိနိုင်မှာလို့ သိရပါတယ်။

လက်ရှိမှာ အောင်ဘာလေထီရဲ့ အထူးဆုကြီးတွေအဖြစ် ကျပ်သိန်း ၅၀၀၀ ၊ကျပ်သိန်း ၁၀၀၀ ၊ ကျပ်သိန်း ၅၀၀ ၊ ဆုတစ်ဆုခြင်း အနေနဲ့ ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀၊ ကျပ်သိန်း ၁၀၊ ဝေဝေဆာဆာပဒေသာဆု အနေနဲ့ သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်း၊ ငါးသောင်း ဆုများကို ချီးမြှင့်လျက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ အောင်ဘာလေထီဖွင့်ပွဲမှာ ထီလက်မှတ်ရောင်းချရငွေမှာ ကျပ်သန်း ၃၀၀၀ ကျော်ခဲ့ပြီး အဲ့ဒီရောင်းရငွေ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Crd

Crd

arkarta