(တကယ်ဆော်ပီထင်တယ် လူတော့ရှိန်တယ်ကျည်ဆန်ရထားနဲ့ဆိုတော့)အိန္ဒိယက တောင်တရုတ်ပင်လယ်ထဲ စစ်သင်္ဘောစေလွှတ်စဉ် တရုတ်က အငြင်းပွားဖွယ်နယ်စပ်နီးသို့ ကျည်ဆန်ရထားဖြင့် စစ်သည်တွေကိုပို့ဆောင် တပ်ဖြန့်

အိန္ဒိယက တောင်တရုတ်ပင်လယ်ထဲ စစ်သင်္ဘောစေလွှတ်စဉ် တရုတ်က အငြင်းပွားဖွယ်နယ်စပ်နီးသို့ ကျည်ဆန်ရထားဖြင့် စစ်သည်တွေကိုပို့ဆောင် တပ်ဖြန့်

အိန္ဒိယအနေဖြင့် စစ်ရေယာဉ် ၄ စီးကို တောင်တရုတ်ပင်လယ်အတွင်းသို့ စေလွှတ်လိုက်သည်ဆိုသည့် အကြောင်းအရာ ထွက်ပေါ်လာပြီးသည့် နောက်ပိုင်းတွင် တန်ပြန်ဆောင်ရွက်မှုအနေဖြင့် တရုတ်က ၎င်းတို့၏ ကျည်ဆန်ရထားသစ်ကြီးကို အသုံးပြု၍ တရုတ်တပ်ဖွဲ့ဝင်များကို အငြင်းပွားဖွယ်ရာဖြစ်နေသို့ LAC အနီးသို့ တပ်ဖြန့်လိုက်ကြောင်း သိရှိရသည်။

အဆိုပါရထားလမ်းသည် Lhasa မှ တိဘက်မြို့ဖြစ်သည့် Nyingchi မြို့နှင့် ဆက်သွယ်ထားခြင်းလည်းဖြစ်ကာ အိန္ဒယနယ်စပ်ဖြစ်သည့် Arunachal Pradesh ပြည်နယ်နှင့်ဆက်နေခြင်းလည်းဖြစ်သည်။

စိတ်ဝင်စားစရာမှာ နှစ်နိုင်ငံသည် ၁၂ ကြိမ်မြောက်တပ်မဟာ အဆင့်အစည်း အဝေးကိုအဆုံးသတ်လိုက်ပြီဖြစ်ပြီး တင်းမာမှုများကိုလျှော့ချရန်နှင့် ၎င်းတို့၏အငြင်းပွားနေသော နယ်စပ်ဒေသများနှင့်အတူ ပဋိပက္ခများကို ရှောင်ရှားရန်ရည်ရွယ်သော နောက်ထပ်ဆွေးနွေးပွဲများကျင်းပရန် သဘောတူခဲ့ကြသည့်အချိန်အတွင်း၌ ထိုသို့ လုပ်ဆောင်လိုက်ကြခြင်းလည်း ဖြစ်ပေသည်။

အဆိုပါကျည်ဆန်ရထားကို စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးအတွက် ပထမဆုံးအကြိမ်အဖြစ်‌ အသုံးချခဲ့ခြင်းလည်းဖြစ်သည်။ ထိုသို့ ဆောင်ရွက် နိုင်ခြင်းသည် အချိန်တိုအတွင်း စစ်သည်၊ လက်နက်ခဲယမ်းများကို ဖြည့်ဆည်း တပ်ဖြန့် ပေးနိုင်တော့မည်လည်းဖြစ်သည်။

Myanmarnews24
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

အိႏၵိယက ေတာင္တ႐ုတ္ပင္လယ္ထဲ စစ္သေဘၤာေစလႊတ္စဥ္ တ႐ုတ္က အျငင္းပြားဖြယ္နယ္စပ္နီးသို႔ က်ည္ဆန္ရထားျဖင့္ စစ္သည္ေတြကိုပို႔ေဆာင္ တပ္ျဖန႔္

အိႏၵိယအေနျဖင့္ စစ္ေရယာဥ္ ၄ စီးကို ေတာင္တ႐ုတ္ပင္လယ္အတြင္းသို႔ ေစလႊတ္လိုက္သည္ဆိုသည့္ အေၾကာင္းအရာ ထြက္ေပၚလာၿပီးသည့္ ေနာက္ပိုင္းတြင္ တန္ျပန္ေဆာင္ရြက္မႈအေနျဖင့္ တ႐ုတ္က ၎တို႔၏ က်ည္ဆန္ရထားသစ္ႀကီးကို အသုံးျပဳ၍ တ႐ုတ္တပ္ဖြဲ႕ဝင္မ်ားကို အျငင္းပြားဖြယ္ရာျဖစ္ေနသို႔ LAC အနီးသို႔ တပ္ျဖန႔္လိုက္ေၾကာင္း သိရွိရသည္။

အဆိုပါရထားလမ္းသည္ Lhasa မွ တိဘက္ၿမိဳ႕ျဖစ္သည့္ Nyingchi ၿမိဳ႕ႏွင့္ ဆက္သြယ္ထားျခင္းလည္းျဖစ္ကာ အိႏၵယနယ္စပ္ျဖစ္သည့္ Arunachal Pradesh ျပည္နယ္ႏွင့္ဆက္ေနျခင္းလည္းျဖစ္သည္။

စိတ္ဝင္စားစရာမွာ ႏွစ္နိုင္ငံသည္ ၁၂ ႀကိမ္ေျမာက္တပ္မဟာ အဆင့္အစည္း အေဝးကိုအဆုံးသတ္လိုက္ၿပီျဖစ္ၿပီး တင္းမာမႈမ်ားကိုေလၽွာ့ခ်ရန္ႏွင့္ ၎တို႔၏အျငင္းပြားေနေသာ နယ္စပ္ေဒသမ်ားႏွင့္အတူ ပဋိပကၡမ်ားကို ေရွာင္ရွားရန္ရည္ရြယ္ေသာ ေနာက္ထပ္ေဆြးေႏြးပြဲမ်ားက်င္းပရန္ သေဘာတူခဲ့ၾကသည့္အခ်ိန္အတြင္း၌ ထိုသို႔ လုပ္ေဆာင္လိုက္ၾကျခင္းလည္း ျဖစ္ေပသည္။

အဆိုပါက်ည္ဆန္ရထားကို စစ္ဘက္ဆိုင္ရာ သယ္ယူပို႔ေဆာင္ေရးအတြက္ ပထမဆုံးအႀကိမ္အျဖစ္‌ အသုံးခ်ခဲ့ျခင္းလည္းျဖစ္သည္။ ထိုသို႔ ေဆာင္ရြက္ နိုင္ျခင္းသည္ အခ်ိန္တိုအတြင္း စစ္သည္၊ လက္နက္ခဲယမ္းမ်ားကို ျဖည့္ဆည္း တပ္ျဖန႔္ ေပးနိုင္ေတာ့မည္လည္းျဖစ္သည္။

Myanmarnews24
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။