လူတပိုင်း၊စက်ရုပ်တပိုင်းဖြစ်လာမည့်စစ်သည်တွေကို တရုတ်ကို တိုက်ဖို့ အမေရိကန်စတင်တီထွင်တော့မည်

မကြာသေးမီက အမေရိကန်ကြည်းတပ်ကနေ အနာဂတ်စစ်သည်ပိုင်း ဆိုင်ရာ ယူဆချက်ဗီဒီယိုရုပ်သံတစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ပထဆုံးအနေနဲ့ အဆိုပါ ဆောင်ရွက်ချက်ဟာ စစ်သည်တွေကို ပိုမိုကောင်းမွန်လာစေဖို့အတွက် ရည်ရွယ်တယ်လို့ ယူဆရပေမယ့်လည်း ဦးနှောက်ပိုင်းဆိုင်ရာတိုးတက်ဖွံ့ဖြိုးမှုကို အလေးထားတယ်ဆိုတာကိုလည်း တွေ့ရှိရပါတယ်။ဆိုလိုချင်တာက လူသားနဲ့ကွန်ပျူတာအကြားချိတ်ဆက်ဖို့အတွက် ဦးနှောက်ထဲကို အီလက်ထရောနစ်ချိပြားစ်တစ်ခု ထည့်သွင်းအသုံးပြုမယ်လို့ဆိုလိုချင်တာပါ။

ဒီလိုဆောင်ရွက်ဖို့အတွက် အမေရိကန်တပ်မတော်ရဲ့ နာမည်ကျော် DARPA ဌာနကနေဆောင်ရွက်မှာဖြစ်ပြီး မျက်လုံး၊ နားထဲကို ထည့်သွင်းနိုင်မှာလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။သေချာတာကတော့ အဆိုပါအနာဂတ်ကာလစူပါစစ်သည်တွေဟာ သာမန်လူသားစစ်သည်တို့ထက် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာမှာပဲဖြစ်ပါတယ်။ လူတစ်ပိုင်း စက်တပိုင်းလို့ အများသိကြတဲ့ Cyborg ပုံစံမျိုးပါ။Director of National Intelligence ရဲ့ ဒါရိုက်တာဟောင်းဖြစ်သူ John Ratcliffe ကတော့ တရုတ်က ဇီဝဗေဒပိုင်းဆိုင်ရာစွမ်းဆောင်ရည်မြင့်မားတဲ့ စူပါစစ်သည်တွေကို ကျင့်ဝတ်မစောင့်ထိန်းတဲ့ ဆေးဘက်ဆိုင်ရာနည်းပညာစမ်းသပ်ချက်တွေကိုအသုံးပြုပြီး တီထွင်ဆောင်ရွက်ပြီးဖြစ်တယ်လို့တောင် စွပ်စွဲလိုက်ပါသေးတယ်။

တရုတ်ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Gordon Chang က တရုတ်အစိုးရအတွက် အကြီးမားဆုံးအကျိုးအမြတ်ရှိမယ့်ဆောင်ရွက်မှုမျိုးဆိုရင် ကျင့်ဝတ်စောင့်ထိန်းစရာ အကြောင်းမရှိဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းကလည်း DARPA အနေနဲ့ စစ်သည်တွေမှာ ဒဏ်ရာတွေရရှိလာရင် ကိုယ်တိုင်ပြန်လည်ကုသပေးနိုင်ဖို့လိုမျိုးဆောင်ရွက်ခဲ့ပါသေးတယ်။ လက်ရှိသူတို့လုပ်နေတဲ့ အစီအစဉ်တွေမှာ စစ်သည်တွေကို ခြင်ကိုက်ခံရခြင်းမရှိအောင်၊ ဒရုန်းအစီးရေ ၂၅၀ ခန့်ကို ကွန်ပျူတာ-ဦးနှောက်နဲ့ချိတ်ဆက်ပြီး မောင်းနှင်ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေကြတာလည်းဖြစ်ပါတယ်။အနာဂတ်စစ်သည်တွေအနေနဲ့ အပြေးမြန်မယ်၊ အိပ်ချိန်နည်းမယ်၊ စားချိန်နဲ့သောက်ချိန်နည်းလာမယ်လို့လည်းဆိုပါတယ်။ ဒါပေမယ့်သေချာတာက သာမန်လူသားစစ်သည်တွေထက် ပိုမိုတိုက်ခိုက်နိုင်စွမ်းရှိလာမှာပါပဲ။

Ref-IHL

#Myanmarnews24