လုံးဝမသိခဲ့ဖူးတဲ့သူစိမ်းမိသားစုဆီမှ ကလေးမွေးပြီးကြောင်းမက်ဆေ့ချ်ကို မှားယွင်းစွာ လက်ခံရရှိခဲ့ပေမဲ့လည်း ကလေးထံသို့ လက်ဆောင်များဖြင့် အလည်သွားခဲ့ကြတဲ့ ညီအစ်ကိုနှစ်ဦး

လူ့လောကထဲသို့ ကလေးငယ်လေးတစ်ဦးမွေးဖွားရောက်ရှိလာခြင်းဟာ မိသားစုဝင်များအတွက် ပျှော်ရွှင်ဖွယ် အခါသမယလိုပါဘဲ။၎င်းအချိန်ဟာ မိသားစုဝင်များက ၎င်းတို့ရဲ့ကမ္ဘာထဲသို့ရောက်ရှိလာတဲ့အသက်တစ်ချောင်းအတွက် ဆင်နွှဲရန် နှင့် ကလေးငယ်မွေးဖွားလာခြင်းနှင့်အတူ ကလေးငယ်လေးရဲ့မွေးနေ့ရက်ကို ဂုဏ်ပြုကာ ၎င်းတို့ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြရန် အချိန်ကောင်းဘဲ ဖြစ်ပါတယ်။

ကလေးမွေးဖွားလာတဲ့အချိန်ကို အခြားမိသားစုဝင်များအား အသိပေးနိုင်ဖို့ အခြားဖုန်းနံပါတ်တစ်ခုသို့ ကလေးငယ်လေးအကြောင်းကို မက်ဆေ့ချ်မှားပို့မိသွားတဲ့အမှားမျိုးကို လူတော်တော်များများက ကြားဖူးကြမှာမဟုတ်ပါဘူး။

သို့ပေမဲ့ ဖုန်းနံပါတ်ကို မှားယွင်းစွာ နှိပ်ခဲ့ပြီးနောက် သူစိမ်းထံသို့ ၎င်းတို့ရဲ့မိသားစုထဲသို့ အဖွဲ့ဝင်အသစ်လေး ရောက်လာပြီဖြစ်တဲ့အကြောင်းကို အတင်းမက်ဆေ့ချ်တွေဇွတ်ပို့နေခဲ့တဲ့ မိသားစုတစ်စုရဲ့မမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုကို ဖော်ပြပေးချင်ပါတယ်။

၎င်းအဖြစ်အပျက်ကတော့ လူတိုင်းကို touch ဖြစ်သွားစေမှာပါ။၎င်းမက်ဆေ့ချ်မှားပို့ခံလိုက်တဲ့သူစိမ်းဟာ ၎င်းတို့နဲ့မသိဘဲ အံ့အားသင့်စရာကောင်းတဲ့အရာတစ်ခုကို ပြန်လုပ်ပေးခဲ့ကြပါတယ်။အစပိုင်းမှာတော့ မိသားစုဝင်တစ်ဦးက ၎င်းတို့မိသားစုရဲ့ group ထဲကို အပျော်လွန်ပြီး ဖုန်းနံပါတ်လွှဲနေမှန်းကို မသိဘဲ “ ငါတို့ ဆေးရုံရောက်နေတယ် ၊ ကလေးလေးကို ဒီနေ့ဘဲ မွေးတာ ၊သူလေးက ၅ ပေါင်ကနေ ၆ပေါင်ကြားရှိမယ်” လို့ ပေးပို့ခဲ့ပါတယ်။

ထို့နောက် ဟိုဖက်ကလည်း “ Congrats ပါ ဒါပေမဲ့ ဖုန်းနံပါတ်မှားနေတယ်ထင်တယ်” လို့ ပြန်ဖြေခဲ့ပေမဲ့ ဒီဖက်ကတော့ စာသေချာမကြည့်ဘဲ “ အော် ၇ ပေါင်နဲ့၁၁အောင်စတဲ့ ” လို့ ထပ်ပို့လိုက်တော့ ဟိုဖက်က“ ကောင်းပါပြီ ဘယ်သူမှန်းငါမသိပေမဲ့ ကလေးနဲ့ဓာတ်ပုံရိုက်ဖို့လာခဲ့ပါ့မယ်” လို့ ပြန်ရေးခဲ့ပါတယ်။

ထို့နောက် ဒီဖက်ကလည်း နံပါတ်မှားမှန်းသိသွားခဲ့ပြီး “ lol 0687 ရီးလား အိုး ငါ နင့်ဆီကို ဖုန်းနံပါတ်မှားပြီး ကလေးရဲ့အကြောင်းကို မှားပြောမိသွားပြီ ” လို့ ပြန်ပို့လိုက်တော့ ဟိုဖက်ကလည်း“ ကိစ္စမရှိပါဘူး Bainbride ဆေးရုံမလား အခန်းနံပါတ်ဘယ်လောက်လဲ ” လို့ မေးတော့ ဒီဖက်ကလည်း “ lol lol 130 ပါ ကျွန်တော်တို့ဆီကို လာလည်ပါနော်” လို့ ပို့လိုက်တော့ ဟိုဖက်က“ ဟုတ်ပါပီ see u soon ပါ” လို့ပြန်ပို့ပေးခဲ့ပါတယ်။

၎င်းအဖြစ်အပျက်ဟာ ဖုန်းနံပါတ်မှားနှိပ်လိုက်လို့ ဖြစ်လာတဲ့အဖြစ်အပျက်တစ်ခုဆိုပေမဲ့ နောက်ဆုံးမှာ ၎င်းဟာ အလွန်ကောင်းမွန်တဲ့ဇာတ်တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။

နောက်နေ့မှာတော့ အဆိုပါသူစိမ်းညီအကို နှစ်ယောက်ဟာ ၎င်းမိသားစုထံသို့ သွားရောက်လည်ပတ်ခဲ့ပြီး လက်ဆောင်များပါ ယူလာပေးခဲ့ကြပါသေးတယ်။၎င်းမိသားစုဝင်တွေကို မသိပေမဲ့ အဆိုပါညီအကိုနှစ်ယောက်ဟာ ၎င်းတို့နှင့်အတူ ကလေးလေးအတွက် ဝမ်းမြောက်ပေးခဲ့ကြပါတယ်။အဆိုပါညီအကိုနှစ်ယောက်ဟာ လူတိုင်းကခင်မင်ချင်တဲ့လူစားမျိုးပါဘဲ။ကိုယ်နဲ့လုံးဝမသိတဲ့သူစိမ်းမိသားစုအတွက် ဆေးရုံအထိသွားဂုဏ်ပြုပေးတဲ့လူမျိုးကတော့ မရှိသလောက်ရှားတာမို့ အဆိုပါညီအကိုဟာ ဘယ်လောက်သဘောကောင်းဖော်ရွေလည်းဆိုတာကိုတော့ ၎င်းတို့ရဲ့အပြုအမူကို ကြည့်ရင်း သိနိုင်ပါတယ်။

Mia (KBdailynews)

Reference : buzznicked

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။