■နိုင်ငံတကာအာကာသစခန်းကိုထိခိုက်စေနိုင်တဲ့ ဂြိုလ်တုဖျက်ဒုံးကျည်လက်နက်စမ်းသပ်မှုကို ရုရှားပြုလုပ်၊ အမေရိကန် ဒေါသထွက်နေ

■နိုင်ငံတကာအာကာသစခန်းကိုထိခိုက်စေနိုင်တဲ့ ဂြိုလ်တုဖျက်ဒုံးကျည်လက်နက်စမ်းသပ်မှုကို ရုရှားပြုလုပ်၊ အမေရိကန် ဒေါသထွက်နေ

ကိုယ်ပိုင်ဂြိုလ်တုအတွင်းကို အာကာသဒုံးကျည်လက် နက်စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ရုရှားရဲ့လုပ်ရပ်ဟာ နိုင်ငံ တကာအာကာသစခန်းကို အန္တရာယ်ဖြစ်စေနိုင်ပြီး လာမယ့်နှစ်တွေအထိ စိုးရိမ်ဖွယ်ရာတွေရှိလာလိမ့်မယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

ရုရှားရဲ့ ဒီလုပ်ရပ်အပေါ် အမေရိကန်က အလွန်အမင်းဒေါသထွက်နေပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အပျက်အစီးတွေဟာ အန္တရာယ်ကြီးမားလွန်းတယ်လို့ ယူဆနေပါတယ်။

နိုင်ငံတကာအာကာသစခန်းမှာတော့ လက်ရှိမှာ အာကာသယာဉ်မှူး ၇ ဦးအထိ ရှိနေပြီး ဂျာမနီလူမျိုးတစ်ဦး၊ အမေရိကန် ၄ ဦးနဲ့ ရုရှားတစ်ဦးတို့ဖြစ်ပါတယ်။ ရုရှားဘက်ကစမ်းသပ်ခဲ့ပြီးနောက် နိုင်ငံတကာအာကာသစခန်းမှာ တာဝန်ထမ်းဆောင်နေမှုတွေကို ရပ်တန့်ခိုင်းခဲ့ရပြီး

လုံခြုံတဲ့နေရာမှာ ခိုအောင်းနေထိုင်ခိုင်းကာ လိုအပ်ပါက အမြန်ထွက်ခွာနိုင်စေဖို့အတွက် ညွှန်ကြားထားကြောင်း နာဆာက ပြောဆိုခဲ့ပါတယ်။ ရုရှားဒုံးကျည်ကြောင့် ဂြိုလ်တုအပျက်အစီးတွေဟာ အာကာသစခန်းအနီး အစုလိုက်အပြုံလိုက် ဖြတ်သန်းနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် နာဆာက ကျွမ်းကျင်သူတွေကတော့ တတိ ယအကြိမ်ဖြတ်သန်းသွားခဲ့တဲ့နောက် အာကာသယာဉ်မှူးတွေကို စခန်းအတွင်းပိုင်းပြန်သွားဖို့အတွက် ဘေးကင်းရှင်းကြောင်းဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီစမ်းသပ်မှုမှာ ရုရှားက သူတို့ရဲ့ ကိုယ်ပိုင်ဂြိုလ်တုတစ်လုံးကို ဖောက်ခွဲပစ်ခဲ့တာဖြစ်ပြီး အပျက်အစီးတွေက အခုလို အများအပြားဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာလည်း နာဆာက လုံခြုံစိတ်ချရတဲ့အထိ ဆက်လက်စောင့်ကြည့်မှုတွေပြုလုပ်နေဦးမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ရုရှားက ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်လက်နက်ရဲ့ အပျက် အစီးအစအနတွေဟာ ထောင်နဲ့ချီကာရှိနေတယ်လို့သိရပြီး မော်စကိုကတော့ ဒီအပေါ်မှာမှတ်ချက်ပေးဖို့ တောင်းဆိုမှုကို မတုံ့ပြန်ခဲ့ဘဲ ခပ်မဆိတ်သာ ရှိနေခဲ့ပါတယ်။

crd

zawgyi

■နိုင္ငံတကာအာကာသစခန္းကိုထိခိုက္ေစနိုင္တဲ့ ၿဂိဳလ္တုဖ်က္ဒုံးက်ည္လက္နက္စမ္းသပ္မႈကို ႐ုရွားျပဳလုပ္၊ အေမရိကန္ ေဒါသထြက္ေန

ကိုယ္ပိုင္ၿဂိဳလ္တုအတြင္းကို အာကာသဒုံးက်ည္လက္ နက္စမ္းသပ္ပစ္လႊတ္ခဲ့တဲ့ ႐ုရွားရဲ့လုပ္ရပ္ဟာ နိုင္ငံ တကာအာကာသစခန္းကို အႏၲရာယ္ျဖစ္ေစနိုင္ၿပီး လာမယ့္ႏွစ္ေတြအထိ စိုးရိမ္ဖြယ္ရာေတြရွိလာလိမ့္မယ္လို႔ အေမရိကန္တာဝန္ရွိသူေတြက ေျပာဆိုလိုက္ပါတယ္။

႐ုရွားရဲ့ ဒီလုပ္ရပ္အေပၚ အေမရိကန္က အလြန္အမင္းေဒါသထြက္ေနၿပီး ေပါက္ကြဲမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ အပ်က္အစီးေတြဟာ အႏၲရာယ္ႀကီးမားလြန္းတယ္လို႔ ယူဆေနပါတယ္။

နိုင္ငံတကာအာကာသစခန္းမွာေတာ့ လက္ရွိမွာ အာကာသယာဥ္မႉး ၇ ဦးအထိ ရွိေနၿပီး ဂ်ာမနီလူမ်ိဳးတစ္ဦး၊ အေမရိကန္ ၄ ဦးနဲ႔ ႐ုရွားတစ္ဦးတို႔ျဖစ္ပါတယ္။ ႐ုရွားဘက္ကစမ္းသပ္ခဲ့ၿပီးေနာက္ နိုင္ငံတကာအာကာသစခန္းမွာ တာဝန္ထမ္းေဆာင္ေနမႈေတြကို ရပ္တန႔္ခိုင္းခဲ့ရၿပီး

လုံျခဳံတဲ့ေနရာမွာ ခိုေအာင္းေနထိုင္ခိုင္းကာ လိုအပ္ပါက အျမန္ထြက္ခြာနိုင္ေစဖို႔အတြက္ ညႊန္ၾကားထားေၾကာင္း နာဆာက ေျပာဆိုခဲ့ပါတယ္။ ႐ုရွားဒုံးက်ည္ေၾကာင့္ ၿဂိဳလ္တုအပ်က္အစီးေတြဟာ အာကာသစခန္းအနီး အစုလိုက္အျပဳံလိုက္ ျဖတ္သန္းေနတယ္လို႔ သိရပါတယ္။

ဒါေပမယ့္ နာဆာက ကၽြမ္းက်င္သူေတြကေတာ့ တတိ ယအႀကိမ္ျဖတ္သန္းသြားခဲ့တဲ့ေနာက္ အာကာသယာဥ္မႉးေတြကို စခန္းအတြင္းပိုင္းျပန္သြားဖို႔အတြက္ ေဘးကင္းရွင္းေၾကာင္းဆုံးျဖတ္ခဲ့တယ္လို႔လည္း သိရပါတယ္။

ဒီစမ္းသပ္မႈမွာ ႐ုရွားက သူတို႔ရဲ့ ကိုယ္ပိုင္ၿဂိဳလ္တုတစ္လုံးကို ေဖာက္ခြဲပစ္ခဲ့တာျဖစ္ၿပီး အပ်က္အစီးေတြက အခုလို အမ်ားအျပားျဖစ္ေပၚခဲ့တာျဖစ္ပါတယ္။ လာမယ့္ရက္အနည္းငယ္အတြင္းမွာလည္း နာဆာက လုံျခဳံစိတ္ခ်ရတဲ့အထိ ဆက္လက္ေစာင့္ၾကည့္မႈေတြျပဳလုပ္ေနဦးမွာျဖစ္တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

႐ုရွားက ပစ္လႊတ္ခဲ့တဲ့ ဒုံးက်ည္လက္နက္ရဲ့ အပ်က္ အစီးအစအနေတြဟာ ေထာင္နဲ႔ခ်ီကာရွိေနတယ္လို႔သိရၿပီး ေမာ္စကိုကေတာ့ ဒီအေပၚမွာမွတ္ခ်က္ေပးဖို႔ ေတာင္းဆိုမႈကို မတုံ႔ျပန္ခဲ့ဘဲ ခပ္မဆိတ္သာ ရွိေနခဲ့ပါတယ္။

crd