လုပ်ငန်း၌အရှုံးပေါ်၍ အကြွေးများစွာတင်ခဲ့သော်လည်း စိတ်ဓာတ်မကျပဲ ကြိုးစားအားထုတ်ခဲ့သည့်အတွက် သန်းကြွယ်သူဌေးဖြစ်လာခဲ့သော လယ်သမားမိသားစု

လုပ်ငန်း၌အရှုံးပေါ်၍ အကြွေးများစွာတင်ခဲ့သော်လည်း စိတ်ဓာတ်မကျပဲ ကြိုးစားအားထုတ်ခဲ့သည့်အတွက် သန်းကြွယ်သူဌေးဖြစ်လာခဲ့သော လယ်သမားမိသားစု
လူသားတိုင်းသည် သူတို့ဘဝတွင် တကယ်ဖြစ်ချင်သော စိတ်ကူးအိပ်မက်များဆိုတာ ရှိကြပြီး ကြုံတွေ့ရမည့် အခက်အခဲများအားလုံးကို ဇွဲလုံ့လ ဝိရိယရှိစွာ ကြိုးစားလုပ်ဆောင်ပါက အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ ဇနီးမောင်နှစ်ဦးသည် လယ်သမားမိသာစုမှ မွေးဖွားလာသည့်အတွက် စိုက်ပျိုးရေးလုပ်ကိုင်ခြင်းဖြင့်သာ အသက်မွေး၀မ်းကျောင်း ပြုခဲ့ရသည်။
သူတို့ဇနီးမောင်နှံနှစ်ဦးသည် ကိုယ်ပိုင်အိမ်မရှိသည့်အပြင် သားသမီးတွေရလာသောအခါ စားဝတ်နေရေးက ပိုပြီးကျပ်တည်းလာသည့်အတွက် အခြားသူများဆီ ချေးဌားရပြီး အိမ်ပိုင်ရှင်မှလည်း လစာပုံမှန်မပေးသည့်အတွက် ခဏခဏမောင်းထုတ်ခဲ့သည်။
သူတို့ဇနီးမောင်နှံသည် လက်ထဲတွင်ရှိသော ငွေ့အချို့ကို သရက်သီးတွေအရောင်းအဝယ်အတွက်အရင်းအနှီးလုပ်ခဲ့ရာ ရောင်းမကောင်းပဲ ပုပ်ကုန်ရာ အရှုံးပေါ်ခဲ့ပြီး အကြွေးများစွာ တင်ခဲ့၍ ကလေးသုံးယောက်ကို ဆွေမျိုးတွေထံ အပ်နှံထားရသည်။
ထို့နောက် ဇနီးမောင်နှံနှစ်ဦးသည် ဇွဲမလျှော့ပဲ ဖရဲသီးစိုက်ပျိုးရန် လေ့လာခဲ့ပြီးနောက် နေ့မနားညမနားပဲ သေချာကြိုးစားလုပ်ဆောင်ခဲ့ရာ အောင်မြင်ခဲ့၍ ဒေသတွင်ဖရဲသီးစိုက်ပျိုးရောင်းချမှုအများဆုံးလုပ်ငန်းရှင်ဖြစ်လာခဲ့ပြီး အကြွေးတွေအားလုံးပြန်ဆပ်ကာ သားသမီးတွေကိုပြန်ခေါ်နိုင်ခဲ့ပြီး ကိုယ်ပိုင်တိုက်အိမ် ကိုယ်ပိုင်ဇိမ်ခံကားကိုပင် ဝယ်စီးနိုင်ခဲ့ပြီဖြစ်သည်။
Zawgyi
Crd
Crd
Crd