လုပ္မယ္ လုပ္ပစ္မယ္ တကဲကဲ ၿခိမ္းေျခာက္ေနတဲ့ ပူတင္ရဲ႕ အျပင္းထန္ဆုံး န်ဴလက္နက္ဟာ အဖ်က္စြမ္းအား ဘယ္ေလာက္ႀကီးလဲ

လုပ္မယ္ လုပ္ပစ္မယ္ တကဲကဲ ၿခိမ္းေျခာက္ေနတဲ့ ပူတင္ရဲ႕ အျပင္းထန္ဆုံး န်ဴလက္နက္ဟာ အဖ်က္စြမ္းအား ဘယ္ေလာက္ႀကီးလဲ



Post Views:
10

လုပ္မယ္ လုပ္ပစ္မယ္ တကဲကဲ ၿခိမ္းေျခာက္ေနတဲ့ ပူတင္ရဲ႕ အျပင္းထန္ဆုံး န်ဴလက္နက္ဟာ အဖ်က္စြမ္းအား ဘယ္ေလာက္ႀကီးလဲ

ဒီႏွစ္အေစာပိုင္းမွာပဲ ႐ုရွားဟာ ကမာၻတစ္ဝွမ္းရွိ ေနရာတိုင္းကို န်ဴကလီးယား ထိပ္ဖူးမ်ား ပစ္လႊတ္ႏိုင္တဲ့ တိုက္ခ်င္းပစ္ ဒုံးက်ည္အသစ္ကို ေအာင္ျမင္စြာ စမ္းသပ္ႏိုင္ခဲ့ပါတယ္။ ဒီလိုမ်ိဳး န်ဴလက္နက္ေတြကို ေျမာက္မ်ားစြာ ပူတင္က ပိုင္ဆိုက္ထားပါတယ္။ ဒါေၾကာင့္ ႐ုရွားတို႔ရဲ႕ န်ဴလက္နက္ ပိုင္ဆိုင္မႈထဲက အဖ်က္စြမ္းအား အျပင္းထန္ဆုံး တိုက္ခ်င္းပစ္ ဒုံးက်ည္အသစ္ “RS-28 Sarmat” ဟာ ဘယ္ေလာက္ထိ ဖ်က္စီးပစ္ႏိုင္လဲဆိုတာကို ေဆြးေႏြးေဖာ္ျပသြားခ်င္ပါတယ္။ အေမရိကန္ေတြကေတာင္ “ေသမင္း ေစတန္ ၂” လို႔ ေခၚဆိုရတဲ့

႐ုရွားတို႔ရဲ႕ ဒီန်ဴလက္နက္ဟာ ကမာၻေပၚက ဘယ္န်ဴလက္နဲ႔မွ မတုပႏိုင္ေၾကာင္းနဲ႔ သူတို႔ရဲ႕ေနာက္ဆုံးေပၚ န်ဴနည္းပညာကို ႂကြားလုံးထုတ္ႏိုင္ခဲ့တဲ့ အဆင့္ပါပဲ။ ဒါဟာ ပူတင္အေနနဲ႔ ႐ုရွားကို ၿခိမ္းေျခာက္မႈေတြ မလုပ္ခင္ ရန္ဘက္ေတြကို “ႏွစ္ခါစဥ္းစား” လုပ္ပါလို႔ ရာဇသံေပးတာလည္းျဖစ္တယ္လို႔ အေမရိကန္ေဆာင္းပါးက ေဖာ္ျပထားခဲ့ဖူးပါတယ္။ ဒါဆိုရင္ေတာ့ ဒီန်ဴဒုံးက်ည္ဟာ ႐ုရွားရဲ႕ န်ဴကလီးယား ၿခိမ္းေျခာက္မႈကို ဘယ္ေလာက္ထိ ျမႇင့္တင္ေပးႏိုင္လဲဆိုတာကို ဆက္ၾကည့္လိုက္ရေအာင္ပါ။ ၂၀၁၈ ခုႏွစ္ ႏိုင္ငံပိုင္ မိန္႔ခြန္းမွာ

ပူတင္ ပထမဆုံး မိတ္ဆက္ခဲ့တဲ့ န်ဴကလီးယား ဒုံးပ်ံနည္းပညာရဲ႕ ေနာက္မ်ိဳးဆက္ Sarmat ဒုံးက်ည္ဟာ အရွည္ ၁၁၆ ေပ (35.3 မီတာ) ရွိၿပီး အေလးခ်ိန္ တန္ ၂၂၀ (200 မက္ထရစ္တန္) ရွိပါတယ္။ ႐ုရွားဟာ ၂၀၀၀ ခုႏွစ္ အေစာပိုင္းကတည္းက န်ဴဒုံးက်ည္ေတြကို စတင္တီထြင္ခဲ့ၿပီး MIRV (Multiple Independently Targetable Re-Entry Vehicles) လို႔ လူသိမ်ားေသာ အေပါ့စားန်ဴကလီးယားထိပ္ဖူး ၁၅ ခုအထိ သယ္ေဆာင္ထားႏိုင္တဲ့ ဒုံးက်ည္ေတြကို ဦးစြာ ဖန္တီးႏိုင္ခဲ့ပါတယ္။ MIRV ေတြဟာ ၁၉၆၀ ခုႏွစ္မ်ားအေစာပိုင္းကတည္းက ပထမဆုံးျပဳလုပ္ခဲ့ေသာ ဒုံးက်ည္အမ်ိဳးအစားျဖစ္ၿပီး ဒုံးက်ည္အမ်ားအျပားကို ပစ္မွတ္မ်ားသို႔ ထိပ္ဖူးအမ်ားအျပား

ေပးပို႔ႏိုင္ေစရန္ ဒီဇိုင္းထုတ္ထားတဲ့ လက္နက္မ်ိဳးပါ။ Sarmat ဒုံးက်ည္ကို NATO မွ Satan လို႔ အမည္ေပးထားတဲ့ သက္ႀကီး႐ြယ္အို Sovet-ေခတ္ R-36 သို႔မဟုတ္ Voevoda ရဲ႕ လက္ရွိ တိုက္ခ်င္းပစ္ဒုံးက်ည္ကို အစားထိုးရန္အတြက္ တီထြင္ထားျခင္းျဖစ္ၿပီး အေပါ့စား ထိပ္ဖူး ၁၀ ခု အထိရွိတဲ့ MIRV အျဖစ္ ဖန္တီးႏိုင္ပါတယ္။ ထို႔အျပင္ ဒုံးက်ည္အသစ္ဟာ ခန္႔မွန္းေျခအကြာအေဝး မိုင္ ၆၂၀၀ ႏွင့္ ၁၁၁၈၀ ၾကား (10,000 မွ 18,000 ကီလိုမီတာ) ကို ေရာက္ရွိႏိုင္ၿပီး Voevoda ထက္စာရင္ အေတာ္ေလးကို

ထိေရာက္တိုးတက္မႈရွိေၾကာင္း US and International Strateg for Strateg မွ ေလ့လာခ်က္မ်ားအရ သိရပါတယ္။ အခုႏွစ္အေစာပိုင္းက စမ္းသပ္မႈမွာ ႐ုရွားက Sarmat ကို Plesetsk Cosmodrome မွ လႊတ္တင္ခဲ့ၿပီး သူ႔ရဲ႕ “စမ္းသပ္ထိပ္ဖူးမ်ား” ဟာ Kamchatka ကြၽန္းဆြယ္ရွိ Kura Missile Test Range က သတ္မွတ္ထားတဲ့ ပစ္မွတ္မ်ားကို ထိမွန္ခဲ့ေၾကာင္း

ကာကြယ္ေရးဝန္ႀကီးဌာနက သတင္းေဖာ္ျပခဲ့ပါတယ္။ စမ္းသပ္မႈအၿပီးမွာေတာ့ ဒီန်ဴဒုံးက်ည္သည္ ေခတ္မီ ဒုံးက်ည္ကာကြယ္ေရး နည္းလမ္းအားလုံးကို ေက်ာ္လႊားႏိုင္တယ္လို႔ ပူတင္က ဂုဏ္ယူစြာ ေျပာၾကားခဲ့ပါေတာ့တယ္။ Sarmat ရဲ႕ အစိတ္အပိုင္းမ်ားကို ျပည္တြင္း၌သာ သီးသန္႔ ထုတ္လုပ္ထားေၾကာင္းလည္း ပူတင္က အေလးေပးေျပာၾကားခဲ့ပါတယ္။ ပူတင္ရဲ႕အဆိုအရ ဒီလက္နက္မ်ိဳးဟာ န်ဴထိပ္ဖူးေတြရဲ႕ အစုလိုက္အၿပဳံလိုက္ ထုတ္လုပ္မႈကို ပိုမိုလြယ္ကူေစၿပီး ႐ုရွားရဲ႕မဟာဗ်ဴဟာေျမာက္ ဒုံးပ်ံတပ္ဖြဲ႕အတြက္

ေထာက္ပံ့ေပးျခင္း လုပ္ငန္းစဥ္ကို အရွိန္ျမႇင့္ေပးႏိုင္မယ္လို႔ သိရပါတယ္။ Silo-based ဒုံးပ်ံတစ္ခုတည္းကို ႏႈိင္းယွဥ္ၾကည့္ရင္ကိုပဲ ႐ုရွားဒုံးပ်ံသစ္ဟာ ေၾကာက္မက္ဖြယ္ေကာင္းလွပါတယ္။ CSIS ရဲ႕ အဆိုအရ အျမင့္ဆုံး payload 1.425 megatons ရွိတဲ့ US Minuteman III နဲ႔ ႏႈိင္းယွဥ္ရင္ေတာင္ အၾကမ္းအားျဖင့္ TNT 50 megatons ရွိတဲ့ အထြက္ႏႈန္းျဖင့္ အျမင့္ဆုံး payload ကို စတင္ႏိုင္ပါတယ္။ အလားတူ စိုးရိမ္စရာမွာ ႐ုရွားက အခိုင္အမာ ဆိုထားတဲ့ အသံထက္ျမန္တဲ့

စြမ္းရည္မွာ Mach 5 (တစ္နာရီလွ်င္ ၃၈၃၆ မိုင္) ထက္ အခ်ိဳ႕ေသာ ဒုံးက်ည္မ်ားကို အရွိန္ျမႇင့္ႏိုင္တယ္လို႔ ဆိုလိုပါတယ္။ ယခုအခ်ိန္မွာ ႐ုရွားနဲ႔ တ႐ုတ္ႏွစ္ႏိုင္ငံစလုံးက အသံထက္ျမန္ေသာ စြမ္းရည္ရွိတဲ့ ဒုံးက်ည္မ်ား အေျမာက္အမ်ား ပိုင္ဆိုင္ထားၾကပါတယ္။ ၂၀၁၀ ခုႏွစ္မွ စတင္၍ US ကလည္း မတူညီတဲ့ အသံထက္ျမန္ေသာ ဒုံးပ်ံစမ္းသပ္မႈေပါင္း ၁၇ ႀကိမ္ ျပဳလုပ္ခဲ့ၿပီး ၁၀ ႀကိမ္ ေအာင္ျမင္ခဲ့ပါတယ္။ ဒါေပမယ့္ ပိုႀကီးတဲ့ အျမင့္ဆုံး အထြက္ႏႈန္းနဲ႔ ပိုျမန္တဲ့ ဒုံးက်ည္ေတြက ႐ုရွားကို ပထမဆုံး တိုက္ခိုက္မႈကို

အသာစီး ရႏိုင္တယ္လို႔ မဆိုလိုပါဘူး။ အျခားေသာ US ICBMs မ်ားျဖစ္ၾကတဲ့ UGM-133 Trident II D5 ဒုံးက်ည္ ေတြကလည္း ၁၂၄၀ မိုင္ မွ ၇၄၆၀ မိုင္ (ကီလိုမီတာ 2,000 မွ 12,000 ကီလိုမီတာ) အတြင္း ထိပ္ဖူး ရွစ္ခုအထိ ပစ္လႊတ္ႏိုင္တဲ့ MIRVs ေတြကို ေရငုပ္သေဘၤာမ်ားမွာ တပ္ဆင္ထားၾကၿပီး ကမာၻေပၚရွိ မည္သည့္ေနရာကိုမဆို ၿခိမ္းေျခာက္ႏိုင္စြမ္း

ရွိေနပါတယ္။ ႐ုရွားမွာ ကမာၻ႔အႀကီးဆုံး န်ဴကလီးယားလက္နက္မ်ား အမ်ားဆုံး ပိုင္ဆိုင္ထားေပမဲ့ တစ္ဖက္မွာလည္း အလြန္အမင္း ပ်က္စီးႏိုင္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြလည္း ရွိေနႏိုင္ပါတယ္။ အဖ်က္စြမ္းအား တိုးလာေပမဲ့လည္း ႐ုရွားဒုံးပ်ံအသစ္ဟာ ႐ုရွား လက္ရွိန်ဴကလီးယား ေဘးထြက္ဆိုးက်္ိုး အႏၲရာယ္ကို အနည္းငယ္ တိုးေစလာတာကေတာ့ အေသအခ်ာပါ။ ဒီအႏၲရာယ္ကိုေတာ့

အေမရိကန္ကလည္း ဒုံTrident န်ဴကလီးယား အဟန္႔အတား ေရငုပ္သေဘၤာမ်ားနဲ႔ ေျဖရွင္းသြားဖို႔ ျပင္ဆင္ထားပါတယ္။ အခ်ဳပ္ဆိုရရင္ေတာ့ ကမာၻ႔န်ဴကလီးယား ထိပ္ဖူးေပါင္း ၁၃,၀၈၀ ခန္႔ရွိသည့္အနက္ ႐ုရွားက ၆,၂၅၇ စင္းရွိၿပီး အေမရိကန္က ၅,၅၅၀ ရွိသည္ဟု ႐ုရွားႏိုင္ငံ လက္နက္ထိန္းခ်ဳပ္ေရးအသင္းရဲ႕ အဆိုအရ သိရပါတယ္။ တတိယေျမာက္ န်ဴကလီယား ထိပ္ဖူးအမ်ားဆုံးရွိတဲ့ ႏိုင္ငံမွာ ၃၅၀ အေရအတြက္နဲ႔ တ႐ုတ္ႏိုင္ငံျဖစ္ပါတယ္။

crd-

ယူနီကုတ္

လုပ်မယ် လုပ်ပစ်မယ် တကဲကဲ ခြိမ်းခြောက်နေတဲ့ ပူတင်ရဲ့ အပြင်းထန်ဆုံး နျူလက်နက်ဟာ အဖျက်စွမ်းအား ဘယ်လောက်ကြီးလဲ

ဒီနှစ်အစောပိုင်းမှာပဲ ရုရှားဟာ ကမ္ဘာတစ်ဝှမ်းရှိ နေရာတိုင်းကို နျူကလီးယား ထိပ်ဖူးများ ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်အသစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး နျူလက်နက်တွေကို မြောက်များစွာ ပူတင်က ပိုင်ဆိုက်ထားပါတယ်။ ဒါကြောင့် ရုရှားတို့ရဲ့ နျူလက်နက် ပိုင်ဆိုင်မှုထဲက အဖျက်စွမ်းအား အပြင်းထန်ဆုံး တိုက်ချင်းပစ် ဒုံးကျည်အသစ် “RS-28 Sarmat” ဟာ ဘယ်လောက်ထိ ဖျက်စီးပစ်နိုင်လဲဆိုတာကို ဆွေးနွေးဖော်ပြသွားချင်ပါတယ်။ အမေရိကန်တွေကတောင် “သေမင်း စေတန် ၂” လို့ ခေါ်ဆိုရတဲ့

ရုရှားတို့ရဲ့ ဒီနျူလက်နက်ဟာ ကမ္ဘာပေါ်က ဘယ်နျူလက်နဲ့မှ မတုပနိုင်ကြောင်းနဲ့ သူတို့ရဲ့နောက်ဆုံးပေါ် နျူနည်းပညာကို ကြွားလုံးထုတ်နိုင်ခဲ့တဲ့ အဆင့်ပါပဲ။ ဒါဟာ ပူတင်အနေနဲ့ ရုရှားကို ခြိမ်းခြောက်မှုတွေ မလုပ်ခင် ရန်ဘက်တွေကို “နှစ်ခါစဉ်းစား” လုပ်ပါလို့ ရာဇသံပေးတာလည်းဖြစ်တယ်လို့ အမေရိကန်ဆောင်းပါးက ဖော်ပြထားခဲ့ဖူးပါတယ်။ ဒါဆိုရင်တော့ ဒီနျူဒုံးကျည်ဟာ ရုရှားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို ဘယ်လောက်ထိ မြှင့်တင်ပေးနိုင်လဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ။ ၂၀၁၈ ခုနှစ် နိုင်ငံပိုင် မိန့်ခွန်းမှာ

ပူတင် ပထမဆုံး မိတ်ဆက်ခဲ့တဲ့ နျူကလီးယား ဒုံးပျံနည်းပညာရဲ့ နောက်မျိုးဆက် Sarmat ဒုံးကျည်ဟာ အရှည် ၁၁၆ ပေ (35.3 မီတာ) ရှိပြီး အလေးချိန် တန် ၂၂၀ (200 မက်ထရစ်တန်) ရှိပါတယ်။ ရုရှားဟာ ၂၀၀၀ ခုနှစ် အစောပိုင်းကတည်းက နျူဒုံးကျည်တွေကို စတင်တီထွင်ခဲ့ပြီး MIRV (Multiple Independently Targetable Re-Entry Vehicles) လို့ လူသိများသော အပေါ့စားနျူကလီးယားထိပ်ဖူး ၁၅ ခုအထိ သယ်ဆောင်ထားနိုင်တဲ့ ဒုံးကျည်တွေကို ဦးစွာ ဖန်တီးနိုင်ခဲ့ပါတယ်။ MIRV တွေဟာ ၁၉၆၀ ခုနှစ်များအစောပိုင်းကတည်းက ပထမဆုံးပြုလုပ်ခဲ့သော ဒုံးကျည်အမျိုးအစားဖြစ်ပြီး ဒုံးကျည်အများအပြားကို ပစ်မှတ်များသို့ ထိပ်ဖူးအများအပြား

ပေးပို့နိုင်စေရန် ဒီဇိုင်းထုတ်ထားတဲ့ လက်နက်မျိုးပါ။ Sarmat ဒုံးကျည်ကို NATO မှ Satan လို့ အမည်ပေးထားတဲ့ သက်ကြီးရွယ်အို Sovet-ခေတ် R-36 သို့မဟုတ် Voevoda ရဲ့ လက်ရှိ တိုက်ချင်းပစ်ဒုံးကျည်ကို အစားထိုးရန်အတွက် တီထွင်ထားခြင်းဖြစ်ပြီး အပေါ့စား ထိပ်ဖူး ၁၀ ခု အထိရှိတဲ့ MIRV အဖြစ် ဖန်တီးနိုင်ပါတယ်။ ထို့အပြင် ဒုံးကျည်အသစ်ဟာ ခန့်မှန်းခြေအကွာအဝေး မိုင် ၆၂၀၀ နှင့် ၁၁၁၈၀ ကြား (10,000 မှ 18,000 ကီလိုမီတာ) ကို ရောက်ရှိနိုင်ပြီး Voevoda ထက်စာရင် အတော်လေးကို

ထိရောက်တိုးတက်မှုရှိကြောင်း US and International Strateg for Strateg မှ လေ့လာချက်များအရ သိရပါတယ်။ အခုနှစ်အစောပိုင်းက စမ်းသပ်မှုမှာ ရုရှားက Sarmat ကို Plesetsk Cosmodrome မှ လွှတ်တင်ခဲ့ပြီး သူ့ရဲ့ “စမ်းသပ်ထိပ်ဖူးများ” ဟာ Kamchatka ကျွန်းဆွယ်ရှိ Kura Missile Test Range က သတ်မှတ်ထားတဲ့ ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း

ကာကွယ်ရေးဝန်ကြီးဌာနက သတင်းဖော်ပြခဲ့ပါတယ်။ စမ်းသပ်မှုအပြီးမှာတော့ ဒီနျူဒုံးကျည်သည် ခေတ်မီ ဒုံးကျည်ကာကွယ်ရေး နည်းလမ်းအားလုံးကို ကျော်လွှားနိုင်တယ်လို့ ပူတင်က ဂုဏ်ယူစွာ ပြောကြားခဲ့ပါတော့တယ်။ Sarmat ရဲ့ အစိတ်အပိုင်းများကို ပြည်တွင်း၌သာ သီးသန့် ထုတ်လုပ်ထားကြောင်းလည်း ပူတင်က အလေးပေးပြောကြားခဲ့ပါတယ်။ ပူတင်ရဲ့အဆိုအရ ဒီလက်နက်မျိုးဟာ နျူထိပ်ဖူးတွေရဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုကို ပိုမိုလွယ်ကူစေပြီး ရုရှားရဲ့မဟာဗျူဟာမြောက် ဒုံးပျံတပ်ဖွဲ့အတွက်

ထောက်ပံ့ပေးခြင်း လုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးနိုင်မယ်လို့ သိရပါတယ်။ Silo-based ဒုံးပျံတစ်ခုတည်းကို နှိုင်းယှဉ်ကြည့်ရင်ကိုပဲ ရုရှားဒုံးပျံသစ်ဟာ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ CSIS ရဲ့ အဆိုအရ အမြင့်ဆုံး payload 1.425 megatons ရှိတဲ့ US Minuteman III နဲ့ နှိုင်းယှဉ်ရင်တောင် အကြမ်းအားဖြင့် TNT 50 megatons ရှိတဲ့ အထွက်နှုန်းဖြင့် အမြင့်ဆုံး payload ကို စတင်နိုင်ပါတယ်။ အလားတူ စိုးရိမ်စရာမှာ ရုရှားက အခိုင်အမာ ဆိုထားတဲ့ အသံထက်မြန်တဲ့

စွမ်းရည်မှာ Mach 5 (တစ်နာရီလျှင် ၃၈၃၆ မိုင်) ထက် အချို့သော ဒုံးကျည်များကို အရှိန်မြှင့်နိုင်တယ်လို့ ဆိုလိုပါတယ်။ ယခုအချိန်မှာ ရုရှားနဲ့ တရုတ်နှစ်နိုင်ငံစလုံးက အသံထက်မြန်သော စွမ်းရည်ရှိတဲ့ ဒုံးကျည်များ အမြောက်အများ ပိုင်ဆိုင်ထားကြပါတယ်။ ၂၀၁၀ ခုနှစ်မှ စတင်၍ US ကလည်း မတူညီတဲ့ အသံထက်မြန်သော ဒုံးပျံစမ်းသပ်မှုပေါင်း ၁၇ ကြိမ် ပြုလုပ်ခဲ့ပြီး ၁၀ ကြိမ် အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် ပိုကြီးတဲ့ အမြင့်ဆုံး အထွက်နှုန်းနဲ့ ပိုမြန်တဲ့ ဒုံးကျည်တွေက ရုရှားကို ပထမဆုံး တိုက်ခိုက်မှုကို

အသာစီး ရနိုင်တယ်လို့ မဆိုလိုပါဘူး။ အခြားသော US ICBMs များဖြစ်ကြတဲ့ UGM-133 Trident II D5 ဒုံးကျည် တွေကလည်း ၁၂၄၀ မိုင် မှ ၇၄၆၀ မိုင် (ကီလိုမီတာ 2,000 မှ 12,000 ကီလိုမီတာ) အတွင်း ထိပ်ဖူး ရှစ်ခုအထိ ပစ်လွှတ်နိုင်တဲ့ MIRVs တွေကို ရေငုပ်သင်္ဘောများမှာ တပ်ဆင်ထားကြပြီး ကမ္ဘာပေါ်ရှိ မည်သည့်နေရာကိုမဆို ခြိမ်းခြောက်နိုင်စွမ်း

ရှိနေပါတယ်။ ရုရှားမှာ ကမ္ဘာ့အကြီးဆုံး နျူကလီးယားလက်နက်များ အများဆုံး ပိုင်ဆိုင်ထားပေမဲ့ တစ်ဖက်မှာလည်း အလွန်အမင်း ပျက်စီးနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေနိုင်ပါတယ်။ အဖျက်စွမ်းအား တိုးလာပေမဲ့လည်း ရုရှားဒုံးပျံအသစ်ဟာ ရုရှား လက်ရှိနျူကလီးယား ဘေးထွက်ဆိုးကျိုး အန္တရာယ်ကို အနည်းငယ် တိုးစေလာတာကတော့ အသေအချာပါ။ ဒီအန္တရာယ်ကိုတော့

အမေရိကန်ကလည်း ဒုံTrident နျူကလီးယား အဟန့်အတား ရေငုပ်သင်္ဘောများနဲ့ ဖြေရှင်းသွားဖို့ ပြင်ဆင်ထားပါတယ်။ အချုပ်ဆိုရရင်တော့ ကမ္ဘာ့နျူကလီးယား ထိပ်ဖူးပေါင်း ၁၃,၀၈၀ ခန့်ရှိသည့်အနက် ရုရှားက ၆,၂၅၇ စင်းရှိပြီး အမေရိကန်က ၅,၅၅၀ ရှိသည်ဟု ရုရှားနိုင်ငံ လက်နက်ထိန်းချုပ်ရေးအသင်းရဲ့ အဆိုအရ သိရပါတယ်။ တတိယမြောက် နျူကလီယား ထိပ်ဖူးအများဆုံးရှိတဲ့ နိုင်ငံမှာ ၃၅၀ အရေအတွက်နဲ့ တရုတ်နိုင်ငံဖြစ်ပါတယ်။

crd-

Crd

Crd

arkarta