လိုင်းပေါ်ကနေ ပစ္စည်းတွေခဏခဏမှာယူရင်း အိမ်တိုင်ရာရောက်ပို့ပေးသည့် Deliveryကောင်လေးနဲ့ ညားသွားခဲ့သော မိန်းကလေးရဲ့ဖူးစာ

လိုင်းပေါ်ကနေ ပစ္စည်းတွေခဏခဏမှာယူရင်း အိမ်တိုင်ရာရောက်ပို့ပေးသည့် Deliveryကောင်လေးနဲ့ ညားသွားခဲ့သော မိန်းကလေးရဲ့ဖူးစာ
ယနေ့ခေတ်တွင် ကိုယ်တိုင်အပြင်ထွက်မဝယ်တော့ပဲ Online Shopစနစ်ကို သုံးစွဲလာကြရာ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့်စနစ်လည်းရှိနေ၍
အရမ်းအဆင်ပြေလာခဲ့သည်။ သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၂၅နှစ်အရွယ် မိန်းကလေးတစ်ဦးသည်
အိမ်မှာနေရင်း လိုင်းပေါ်ကနေ ပစ္စည်းများစွာ မှာယူခဲ့ရင်းကနေ ပို့ဆောင်ရေးသမား ကောင်လေးချောချောနဲ့ တွေ့ဆုံခဲ့သည်။
မိန်းကလေးသည် ပစ္စည်းခဏခဏမှာယူတာကြောင့် ပို့ဆောင်ရေးသမားကလည်း သူမရဲ့အိမ်ကို ခနခနဝင်ထွက်ခဲ့ရာ မြင်ပါများပြီး
နှစ်ယောက်လုံးကလည်း Singleတွေပဲဖြစ်နေသေးတာကြောင့် ဖုန်းနဲ့ပဲတစ်ယောက်အကြောင်းတစ်ယောက် ပြောပြရင်းစကားတွေပြောခဲ့ကြသည်။
သူတို့နှစ်ဦးသည် အချိန်တိုလေးအတွင်းမှာပဲ ချစ်မိသွားကြကာ မိန်းကလေးရဲ့မိဘတွေကလည်း
ထိုပို့ဆောင်ရေးကောင်လေးက အလုပ်ကြိုးစားသည့်အပြင် ရုပ်ဖြောင့်နေခြင်းကြောင့် သဘောတူ၍ နှစ်ယောက်သားအဆင်ပြေခဲ့ကြပြီး
၂နှစ်အကြာမှာတော့ Deliveryကောင်လေးက ချစ်သူမိန်းကလေးအား လက်စွပ်လေးနဲ့အတူ ရိုမက်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့သည်။
Rain (For Ialinks) Credit
Unicode
Rain (For Ialinks) Credit
Crd
Crd