လာမယ့် တနင်္ဂနွေနေ့ညမှာ သွေးရောင်လွှမ်းတဲ့ လအပြည့် ကြတ်တာကို ကမ္ဘာတဝှမ်းက မြင်တွေ့ရမည်

သွေးရောင်လွှမ်းတဲ့ လအပြည့် ကြတ်တာကို ကမ္ဘာတဝှမ်းက မြင်တွေ့ရမည်..

လာမယ့် မေလ ၁၅ ရက်နေ့ တနင်္ဂနွေနေ့မှာ လဟာ ကမ္ဘာဂြိုလ်နဲ့ တစ်တန်းတည်းနေရာသို့ ဝင်ရောက်လာကာ လအပြည့်ကြတ်တာကို ကမ္ဘာတစ်ဝှမ်းက မြင်တွေ့ရမှာ ဖြစ်ကြောင်း အမေရိကန် အာကာသအေဂျင်စီ နာဆာက ပြောကြားလိုက်ပါတယ်။

လဟာ ကမ္ဘာကြီးရဲ့ အရိပ်ထဲကို တနင်္ဂနွေ နေ့ ည ၉နာရီခွဲပြီး နောက်ပိုင်း စတင် ဝင်ရောက်မှာ ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းလကြတ်တာ ကို စတင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ လရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ကမ္ဘာကြီးရဲ့ အရိပ်က ဖုံးလွှမ်းထားမှာ ဖြစ်ကြောင်း နာဆာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ကမ္ဘာ့အရိပ်ထဲသို့ လတစ်စိတ်တစ်ပိုင်း ဝင်ရောက်လာချိန်မှာ ဖြစ်ပေါ်မယ့် လတစိတ်တပိုင်းကြတ်တာကို တနင်္ဂနွေနေ့ ည ၁၀ နာရီခွဲအထိ (အရှေ့တိုင်းစံတော်ချိန်) မြင်တွေ့ရမှာ ဖြစ်ပါတယ်။

လတစ်ခုလုံး ကမ္ဘာကြီးရဲ့ အရိပ်ထဲသို့ ဝင်ရောက်ချိန် လအပြည့်ကြတ်ပြီး သွေးရောင်လွှမ်းနေတဲ့ပုံစံ ကို ည ၁၁ နာရီ ခွဲပြီးချိန်နောက်ပိုင်းမှာ မြင်တွေ့ကြရမယ်လို့ နာဆာက ပြောကြားပါတယ်။

လအပြည့်ကြတ်ခြင်းဟာ တနင်္လာနေ့ နံနက် ၁ နာရီ မထိုးခင်ပြီးဆုံးမှာဖြစ်ပြီး တစ်စိတ်တစ်ပိုင်း လကြတ်မှုဟာ နံနက် ၂ နာရီ ခွဲမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ အမေရိကန် အရှေ့ပိုင်းထက်ဝက်မှာ နေထိုင်သူတွေ နဲ့ တောင်အမေရိက မှာ နေထိုင်သူများအားလုံးဟာ လကြတ်ခြင်း အဆင့်တစ်ဆင့်ချင်းစီကို မြင်တွေ့ကြရမှာဖြစ်ပြီး လအပြည့် ကြတ်ခြင်းကို အာဖရိက ၊ အနောက်ဥရောပ ၊ ဗဟိုနဲ့ တောင်အမေရိက ၊ မြောက်အမေရိကဒေသ အများစုက မြင်တွေ့ကြရမှာ ဖြစ်ကြောင်း နာဆာက ပြောကြားပါတယ်။

နေရယ် ကမ္ဘာရယ် လရယ် တစ်တန်းတည်း ကျနေတဲ့ အနေအထားမှာ လက ကမ္ဘာရဲ့ အရိပ်ထဲ ဝင်ရောက်ချိန်မှာ လကြတ်ခြင်း ဖြစ်ပေါ်ပါတယ်။ လကြတ်ချိန် ကမ္ဘာ့လေထုထဲမှာ တိမ်များ သို့မဟုတ် အမှုန်အမွှားများ ပို ရှိလေလေ လရဲ့ အရောင်ဟာ ပိုနီမြန်းလာလေဖြစ်ကြောင်း နာဆာ ကပြောကြားပါတယ်။

Crd