♦♦♦အမေရိကန်ရဲ့ နူကလီးယားရေငုပ်သင်္ဘောအချက် အလက်တွေ မြေပဲထောပတ်အသားညှပ်ပေါင်မုန့်အတွင်းမှာဝှက်ပီး ရောင်းစားမှုကြောင့် ရေတပ်အရာရှိနဲ့ဇနီးသည် ဖမ်းဆီးခံရ

အမေရိကန်ရေတပ်အင်ဂျင်နီယာတစ်ဦးနဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့ဟာ နူကလီးယားလျှို့ဝှက်ချက်တွေကို နိုင်ငံခြားတိုင်းပြည်တစ်ခုဆီ ရောင်းချဖို့အတွက် ကြိုးစားခဲ့တာကြောင့် အရေးယူခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။Jonathan Toebbe နဲ့ သူ့ရဲ့ဇနီး Diana တို့ဖြစ်ပြီး အနောက်ဗာဂျီးနီးယားပြည်နယ်မှာ စနေနေ့က ဖမ်းဆီးခဲ့တယ်လို့ တရားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ အမေရိကန်ရဲ့ နူကလီးယားရေငုပ် သင်္ဘောဒီဇိုင်းကို ရောင်းချဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ဒီအချက်အလက်တွေကို မြေပဲထောပတ်အသားညှပ်ပေါင်မုန့်အတွင်းမှာ ဝှက်ခဲ့တယ်လို့ BBC က ဆိုပါတယ်။ နိုင်ငံခြားတိုင်းပြည်တစ်ခုကို ကိုယ်စားပြုသူလို့ ယူဆရတဲ့သူတစ်ဦးဆီ ရောင်းချဖို့ ကြိုးစားနေဆဲမှာ အဖမ်းခံလိုက်ရတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူတို့ရောင်းချဖို့ကြိုးစားခဲ့သူဟာ FBI အေးဂျင့်တစ်ဦးဖြစ်နေတယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။ တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ Toebbe နဲ့ သူ့ရဲ့ဇနီးဟာ အသက် ၄၂ နှစ်နဲ့ ၄၅ နှစ်အရွယ်လို့ သိရပြီး သူတို့ကို အဏုမြူစွမ်းအင်အက်ဥပဒေအရ တရားစွဲဆိုထားတယ်လို့ ပါဝင်ပါတယ်။ Toebbe ဟာ ကန်ရေတပ်ရဲ့ နူကလီးယးတွန်းအားပေးရေးအစီအစဉ်မှာ အလုပ်လုပ်ခဲ့သူစြဖ််ပါတယ်။

၂၀၂၀ ခုနှစ်၊ ဧပြီလအတွင်းမှာ သူက ကန့်သတ်ထားတဲ့ ဒေတာအချက်အလက်တွေပါဝင်တဲ့ အထုပ်တစ်ထုပ်ကို နိုင်ငံခြားအစိုးရတစ်ခုဆီ ပေးပို့ခဲ့ပြီး သူ့ဆီကနေ နော က်ထပ်အချက်အလက်မှတ်တမ်းတွေ ဝယ်ယူနိုင်ကြော င်းလည်း မက်ဆေ့ချ်တစ်ခုပေးပို့ခဲ့ပါတယ်။ ကြားဖြတ်ဖတ်ရှုလို့မရတဲ့ နည်းလမ်းနဲ့ သူဟာ အီးမေးလ်တွေ ပို့ခဲ့ပြီး သူပို့နေတဲ့သူဟာ အခြားတိုင်းပြည်ကလူလို့ထင် မှတ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ FBI အေးဂျင့်တစ်ဦးဖြစ်နေခဲ့ပါတယ်။

၇ လအကြာမှာတော့ သူတို့ဇနီးမောင်နှံနှစ်ဦးဟာ လျှို့ ဝှက်သတင်းအချက်အလက်တွေအတွက် ဒေါ်လာတစ်သိန်းနဲ့ သဘောတူညီမှုရယူခဲ့ပြီး ဒီနှစ်ဇွန်လအတွင်းမှာ ဒေတာတွေလွှဲပြောင်းပေးဖို့ အနောက်ဗာဂျီးနိးယားကို ခရီးထွက်ခဲ့ကြပါတယ်။ သူတို့ဟာ SD Card ကို အ သားညှပ်ပေါင်မုန့်အတွင်း ထည့်သွင်းခဲ့ကာ သတ်မှတ်ထားတဲ့နေရာတစ်ခုမှာ ထားခဲ့တယ်လို့ စစ်ဆေးမေးမြန်းမှုမှာ ဖွင့်ဟခဲ့ပါတယ်။

အဆိုပါ SD Card ကို FBI က ရယူခဲ့ပြီးနောက် ငွေလွှဲပေးခဲ့ပြီး ဖွင့်ကြည့်ဖို့အတွက် လျှိုု့ဝှက်ကုတ်ကို သူတို့က ထပ်မံပေးပို့ခဲ့ပြီး ကြည့်ရှုခဲ့ချိန်မှာတော့ ရေငုပ်သင်္ဘောနူကလီးယားဓာတ်ပေါင်းဖိုတွေနဲ့ပတ်သက်တဲ့ ကန့်သတ်အချက်အလက်တွေပါဝင်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ သြဂုတ်လအတွင်းမှာလည်း သူတို့ဟာ နောက်တစ်ကြိမ်ရောင်းစားမှုလုပ်ခဲ့ပြီး ပီကေအတွင်းထည့် သွင်းခဲ့တာဖြစ်ပါတယ်။ စနေနေ့မှာတော့ သူတို့ကို ဖမ်း ဆီးခဲ့ပြီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

♦♦♦အေမရိကန္ရဲ့ ႏူကလီးယားေရငုပ္သေဘၤာအခ်က္ အလက္ေတြ ေျမပဲေထာပတ္အသားညႇပ္ေပါင္မုန႔္အတြင္းမွာဝွက္ပီး ေရာင္းစားမႈေၾကာင့္ ေရတပ္အရာရွိနဲ႔ဇနီးသည္ ဖမ္းဆီးခံရ

အေမရိကန္ေရတပ္အင္ဂ်င္နီယာတစ္ဦးနဲ႔ သူ႔ရဲ့ဇနီးျဖစ္သူတို႔ဟာ ႏူကလီးယားလၽွို႔ဝွက္ခ်က္ေတြကို နိုင္ငံျခားတိုင္းျပည္တစ္ခုဆီ ေရာင္းခ်ဖို႔အတြက္ ႀကိဳးစားခဲ့တာေၾကာင့္ အေရးယူခံရမယ့္ အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။Jonathan Toebbe နဲ႔ သူ႔ရဲ့ဇနီး Diana တို႔ျဖစ္ၿပီး အေနာက္ဗာဂ်ီးနီးယားျပည္နယ္မွာ စေနေန႔က ဖမ္းဆီးခဲ့တယ္လို႔ တရားေရးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

သူတို႔ႏွစ္ဦးဟာ အေမရိကန္ရဲ့ ႏူကလီးယားေရငုပ္ သေဘၤာဒီဇိုင္းကို ေရာင္းခ်ဖို႔ ႀကိဳးစားခဲ့တယ္လို႔ စြပ္စြဲခံထားရၿပီး ဒီအခ်က္အလက္ေတြကို ေျမပဲေထာပတ္အသားညႇပ္ေပါင္မုန႔္အတြင္းမွာ ဝွက္ခဲ့တယ္လို႔ BBC က ဆိုပါတယ္။ နိုင္ငံျခားတိုင္းျပည္တစ္ခုကို ကိုယ္စားျပဳသူလို႔ ယူဆရတဲ့သူတစ္ဦးဆီ ေရာင္းခ်ဖို႔ ႀကိဳးစားေနဆဲမွာ အဖမ္းခံလိုက္ရတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္လည္း သူတို႔ေရာင္းခ်ဖို႔ႀကိဳးစားခဲ့သူဟာ FBI ေအးဂ်င့္တစ္ဦးျဖစ္ေနတယ္လို႔ BBC က ေဖာ္ျပခဲ့ပါတယ္။ တရားေရးဌာနရဲ့ ထုတ္ျပန္ခ်က္မွာေတာ့ Toebbe နဲ႔ သူ႔ရဲ့ဇနီးဟာ အသက္ ၄၂ ႏွစ္နဲ႔ ၄၅ ႏွစ္အရြယ္လို႔ သိရၿပီး သူတို႔ကို အဏုျမဴစြမ္းအင္အက္ဥပေဒအရ တရားစြဲဆိုထားတယ္လို႔ ပါဝင္ပါတယ္။ Toebbe ဟာ ကန္ေရတပ္ရဲ့ ႏူကလီးယးတြန္းအားေပးေရးအစီအစဥ္မွာ အလုပ္လုပ္ခဲ့သူျစဖ္္ပါတယ္။

၂၀၂၀ ခုႏွစ္၊ ဧၿပီလအတြင္းမွာ သူက ကန႔္သတ္ထားတဲ့ ေဒတာအခ်က္အလက္ေတြပါဝင္တဲ့ အထုပ္တစ္ထုပ္ကို နိုင္ငံျခားအစိုးရတစ္ခုဆီ ေပးပို႔ခဲ့ၿပီး သူ႔ဆီကေန ေနာ က္ထပ္အခ်က္အလက္မွတ္တမ္းေတြ ဝယ္ယူနိုင္ေၾကာ င္းလည္း မက္ေဆ့ခ်္တစ္ခုေပးပို႔ခဲ့ပါတယ္။ ၾကားျဖတ္ဖတ္ရႈလို႔မရတဲ့ နည္းလမ္းနဲ႔ သူဟာ အီးေမးလ္ေတြ ပို႔ခဲ့ၿပီး သူပို႔ေနတဲ့သူဟာ အျခားတိုင္းျပည္ကလူလို႔ထင္ မွတ္ခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ FBI ေအးဂ်င့္တစ္ဦးျဖစ္ေနခဲ့ပါတယ္။

၇ လအၾကာမွာေတာ့ သူတို႔ဇနီးေမာင္ႏွံႏွစ္ဦးဟာ လၽွို႔ ဝွက္သတင္းအခ်က္အလက္ေတြအတြက္ ေဒၚလာတစ္သိန္းနဲ႔ သေဘာတူညီမႈရယူခဲ့ၿပီး ဒီႏွစ္ဇြန္လအတြင္းမွာ ေဒတာေတြလႊဲေျပာင္းေပးဖို႔ အေနာက္ဗာဂ်ီးနိးယားကို ခရီးထြက္ခဲ့ၾကပါတယ္။ သူတို႔ဟာ SD Card ကို အ သားညႇပ္ေပါင္မုန႔္အတြင္း ထည့္သြင္းခဲ့ကာ သတ္မွတ္ထားတဲ့ေနရာတစ္ခုမွာ ထားခဲ့တယ္လို႔ စစ္ေဆးေမးျမန္းမႈမွာ ဖြင့္ဟခဲ့ပါတယ္။

အဆိုပါ SD Card ကို FBI က ရယူခဲ့ၿပီးေနာက္ ေငြလႊဲေပးခဲ့ၿပီး ဖြင့္ၾကည့္ဖို႔အတြက္ လၽွိုု႔ဝွက္ကုတ္ကို သူတို႔က ထပ္မံေပးပို႔ခဲ့ၿပီး ၾကည့္ရႈခဲ့ခ်ိန္မွာေတာ့ ေရငုပ္သေဘၤာႏူကလီးယားဓာတ္ေပါင္းဖိုေတြနဲ႔ပတ္သက္တဲ့ ကန႔္သတ္အခ်က္အလက္ေတြပါဝင္ေနတာကိုေတြ႕ရွိခဲ့ရပါတယ္။ ၾသဂုတ္လအတြင္းမွာလည္း သူတို႔ဟာ ေနာက္တစ္ႀကိမ္ေရာင္းစားမႈလုပ္ခဲ့ၿပီး ပီေကအတြင္းထည့္ သြင္းခဲ့တာျဖစ္ပါတယ္။ စေနေန႔မွာေတာ့ သူတို႔ကို ဖမ္း ဆီးခဲ့ၿပီး တရားစြဲဆိုထားတယ္လို႔ သိရပါတယ္။

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။