





Rain (For Ialinks)

Unicode

လမ်းဘေးမှာအခြားဘဲတစ်ပွေနဲ့ ကြည်နူးစွာဖက်နေသော ချစ်သူမိန်းကလေးအားမျက်စိနဲ့တပ်အပ်မြင်ခဲ့ပေမယ့် ဆူပူတာမျိုးမလုပ်ပဲ လက်အုပ်ချီပြီးထိုင်ကန်တော့ခဲ့သည့်ကောင်လေး

လောကကြီးတွင် လူသားတို့သည် စိတ်ဓာတ်အမျိုးမျိုးရှိကြရာ ချစ်သူဘဝမှာပဲဖြစ်ဖြစ် အိမ်ထောင်သည်ဘဝမှာဖြစ်ဖြစ် ကိုယ်ကျင့်တရားကောင်းမွန်စွာဖြင့် တစ်ဦးပေါ်တစ်ဦး သစ္စာရှိနေမှသာလျှင် ရေရှည်လက်တွဲနိုင်မည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ ကောင်လေးတစ်ဦးသည် အပြင်ထွက်လာရင်း လမ်းဘေးတစ်နေရာမှာ သူ့ရဲ့ချစ်သူမိန်းကလေးကို အခြားယောကျာ်းတစ်ယောက်နဲ့ ချိန်းတွေ့ပြီး ပွေ့ဖက်နေကြတာကို ရင်နာနာနဲ့ မြင်တွေ့ခဲ့ရသည်။

ကောင်လေးသည် သူ့ရဲ့ချစ်သူမိန်းကလေးမှ သူ့အပေါ်သစ္စာမရှိ ဖောက်ပြန်နေတာကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရသော်လည်း ဆူပူကာရန်တွေ့တာမျိုးမလုပ်ပဲ သူနဲ့လက်မထပ်ခင်စိတ်ရင်းအမှန်ကို အစောသိလိုက်ရ၍ ကျေးဇူးတင်သည့်အနေနဲ့ လက်အုပ်ချီပြီးတော့ ထိုင်ကန်တော့ခဲ့သည်။

ကောင်လေးမှ ကြေကွဲစွာလှည့်ထွက်သွားပေမယ့် ကိုယ့်ရဲ့အမှားကိုမသိတဲ့မိန်းကလေးသည် လိုက်တောင်းပန်ဖို့နေနေသာ ရည်းစားအသစ်နဲ့ပင် ပွေ့ဖက်နေတာမလွှတ်ပဲဖြစ်နေခြင်းက အံ့အားသင့်စရာကောင်းလှသည်။

Rain (For Ialinks)

Crd

Crd

arkarta