■ဆော်ဒီဘုရင်ကို သတ်ဖို့ မင်းသားဘင်ဆယ်လ်မန်က ကြိုးစားခဲ့ဖူးကြောင်း အေးဂျင့်ဟောင်းတစ်ဦးက ဖွင့်ချ

ဆော်ဒီမင်းသားမိုဟာမက်ဘင်ဆယ်လ်မန်ဟာ အဆိပ်လက်စွပ်ကို အသုံးပြုပြီး ဆော်ဒီဘုရင်ဟောင်း Abdullah ကို သတ်

ဖြတ်ဖို့ကြံစည်ခဲ့ဖူးတယ်လို့ ထော က်လှမ်းရေးဟောင်းတစ်ဦးက ဖွင့်ဟလိုက်ပါတယ်။ CBS နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပြီး Saad al-Jabri ဆိုတဲ့ အရာရှိဟောင်ဖြစ်ကာ ဘင်ဆယ်လ်မန်က သူ့ရဲ့ဖခင်ထီးနန်းဆက်ခံနိုင်ဖို့အတွက် သတ်ဖြတ်ဖို့ကြိုးစားခဲ့တာလို့ ဆိုပါတယ်။

ဒါဟာ ဆော်ဒီတော်ဝင်မိသားစုအတွင်းမှာ တင်းမာမှုတွေကို ဖြစ်ပေါ်စေမယ့် အကြောင်းအရာလည်းဖြစ်ပါတယ်။ ဆော်ဒီအစိုးရကတော့ Jabri ဟာ လုပ်ကြံဖန် တီးမှုဇာတ်လမ်းရှည်တွေကို ဖန်တီးသူတစ်ဦးလို့ ခေါ်ဆိုခဲ့ပေမယ့် Jabri က သူ့မှာ သက်သေအထောက်အထားအဖြစ် ရုပ်သံဖိုင်ရှိတယ်လို့ ပြောဆိုခဲ့ကာ ဘင်ဆယ်လ်မန်ကိုလည်း စိတ်ကျန်းမာရေးပြသနာရှိသူလို့ ပြောဆိုခဲ့ပါတယ်။

“၂၀၁၄ ခုနှစ်က ဘင်ဆယ်လ်မန်က သူ့ရဲ့ဝမ်းကွဲညီအကိုတော်စပ်သူ မင်းသား Mohammed bin Nayef ကို ပြောခဲ့တာပါ၊ ငါ ဘုရင် Abdullah ကို သတ်

ချင်တယ်လို့ သူပြောခဲ့ပါတယ်၊ ငါ့မှာ ရုရှားက အဆိပ်လက် စွပ်တစ်ကွင်းရထားတယ်၊ ဘုရင်နဲ့ လက်ဆွဲနှုတ်ဆက်ချိန်မှာ သူ့ကိုအဆုံးသတ်

ပစ်ဖို့လုံလောက်တယ်လို့ သူက ပြောခဲ့တာပါ၊ သူက ကြွားပြောတာပဲဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ဒါကို ကျွန်တော်တို့ အလေးအနက်ထားခဲ့ကြပါတယ်” လို့ Jabri က ပြောခဲ့ပါတယ်။

ဘုရင် Abdullah ဟာ ၂၀၁၅ မှာ ကွယ်လွန်ခဲ့ပြီး လက် ရှိဆော်ဒီဘုရင်ကတော့ သူ့ရဲ့ညီတော်စပ်သူလည်းဖြစ်၊ ဘင်ဆယ်လ်မန်ရဲ့အဖေလည်းဖြစ်ပါတယ်။ ဘင်ဆယ်လ်မန်ဟာ ဆော်ဒီကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတာဝန်ကို ရယူထားသူဖြစ်ကာ နိုင်ငံတွင်းမှာ သြဇာကြီးမားသူဖြစ်ပြီး သူတို့မိသားစုရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုဟာ ခန့်မှန်းမရနိုင်အောင်အထိ ရှိနေခဲ့ပါတယ်။

Jabri က ” ကျွန်တော့်မှာ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုရှိပါတယ်၊ သတင်းအချက်အလက်တွေပါဝင်ပြီး ဒါကိုထုတ်ပြန်မယ်ဆိုရင် သတ်

ပစ်မယ်လို့လည်း သူက ခြိမ်း ခြောက်ခဲ့ပါတယ်၊ အခု ကျနော့်သားသမီးတွေကို အကျဉ်းချထားပါတယ်” လို့ ပြောဆိုခဲ့ကာ အမေရိကန်သမ္မတနဲ့ အမေရိကန်ပြည်သူတွေက ကယ်တင်ပေးဖို့လည်း တောင်းဆိုခဲ့ကာ ဘင်ဆယ်လ်မန်ဟာ ဆော်ဒီပြည်သူတွေကို စာနာစိတ်မရှိအုပ်ချုပ်နေပြီး ကမ္ဘာကြီးနဲ့ အမေရိကန်ပြည်သူတွေကိုပါ ခြိမ်းခြောက်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘင်ဆယ်လ်မန်ဟာ ပြီးခဲ့တဲ့လအတွင်းကမှ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းကို ဝယ် ယူထားခဲ့သူဖြစ်ပါတယ်။ ဝါရှင်တန်က ဆော်ဒီသံရုံးကတော့ Jabri ကို “သူကိုယ်တိုင်နဲ့ မိသားစုခမ်းနည်းထည်ဝါစွာနေထိုင်ဖို့ ဘီလီယံနဲ့ချီတဲ့ငွေကြေးရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေပြီး နှောင့်ယှက်မှုတွေလုပ်ကြံဖန်တီးမှုတွေကို ပြုလုပ်ခဲ့ဖူးတဲ့ ဂုဏ်သိက္ခာမရှိတဲ့ အစိုးရအရာရှိဟောင်း” လို့ သမုတ်ခဲ့ပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။