လက်ရာပြောင်မြောက်လွန်းတာကြောင့် စားသောက်ဆိုင်တွေကပင် နံရံမှာ ပန်းချီကားရေးဆွဲပေးရန် ကမ်းလှမ်းခြင်းကိုခံရသော ကောင်လေး

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
Unicode
လက်ရာပြောင်မြောက်လွန်းတာကြောင့် စားသောက်ဆိုင်တွေကပင် နံရံမှာ ပန်းချီကားရေးဆွဲပေးရန် ကမ်းလှမ်းခြင်းကိုခံရသော ကောင်လေး
အချို့သောကလေးငယ်များရဲ့ အရည်အချင်းသည် ထူးချွန်ပြောင်မြောက်လွန်းကာ လူကြီးမိဘများက မြေတောင်မြှောက်ပေး ပံ့ပိုးပေးပါက အောင်မြင်မှုကိုရရှိနိုင်သည်။
ယခုတွင်လည်း အင်္ဂလန်နိုင်ငံမှ အသက်၉နှစ်အရွယ် ကောင်လေးတစ်ဦးသည် ပန်းချီဆွဲရခြင်းကို အထူးနှစ်သက်ကာ သူ့ရဲ့ကျောင်းသုံးစာအုပ်တွေပေါ်မှာ ရေးဆွဲလေ့ရှိသည်။
ကောင်လေးရဲ့ မိဘနှစ်ပါးသည် ကျောင်းတက်ချိန်နေအတွင်း စာသေချာလိုက်မကြည့်ပဲ ပုံဆွဲဆော့နေပေမယ့် မဆူမဆဲပဲ ကျောင်းပိတ်သောအခါ ပန်းချီသင်တန်းသို့ ပို့ပေးခဲ့သည်။
ကောင်လေးရဲ့လက်ရာကို မြင်သောအခါ ပန်းချီဆရာမှ သဘောကျပြီး လိုင်းပေါ်မျှဝေခဲ့ရာ စားသောက်ဆိုင်တစ်ဆိုင်က တွေ့ရှိပြီး
ဆိုင်အတွင်းရှိနံရံတွေပေါ်မှာ ပန်းချီပုံလေးတွေရေးဆွဲပေးရန်အတွက် ကမ်းလှမ်းခဲ့တာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဝင်ငွေရရှိခဲ့သည်။
Rain (For Ialinks) Credit
Crd