လက်မောင်းကြီးနဲ့ သစ်တုံးတွေကိုတောင် ချိုးပစ်နိုင်ပေမဲ့ အရသာရှိတဲ့ဟင်းလျာတွေကိုသာ ချက်ပြုတ်ရတာသဘောကျတဲ့ စားဖိုမှူးတစ်ဦး

လက်မောင်းကြီးနဲ့ သစ်တုံးတွေကိုတောင် ချိုးပစ်နိုင်ပေမဲ့ အရသာရှိတဲ့ဟင်းလျာတွေကိုသာ ချက်ပြုတ်ရတာသဘောကျတဲ့ စားဖိုမှူးတစ်ဦး

လက်မောင်းကြီးနဲ့ သစ်တုံးတွေကိုတောင် ချိုးပစ်နိုင်ပေမဲ့ အရသာရှိတဲ့ဟင်းလျာတွေကိုသာ ချက်ပြုတ်ရတာသဘောကျတဲ့ စားဖိုမှူးတစ်ဦး

သူချက်တဲ့အစားအသောက်တွေက အရသာမရှိဘူးလို့ ဖောက်သည်တွေဆီကနေ တစ်ခါမှ မကြားဖူးဘူးဆိုတဲ့ သတင်းမွှေးတဲ့ကောလဟာလများနှင့် အမေရိကန်အိမ်ဖြူတော် စားဖိုမှူးတစ်ဦးဖြစ်တဲ့ André Rush ဟာ သူ့ရဲ့အသွင်အပြင်ကြောင့် လတ်တလော လူအများ စိတ်ဝင်စားခြင်းကိုခံနေရပါတယ်။

စားဖိုမှူး Andre ရဲ့လက်မောင်းတစ်ဖက်ရဲ့လုံးပတ်ဟာ 60 စင်တီမီတာကျော်ရှိပြီး သူ့ရဲ့ပြောင်မြောက်တဲ့လက်မောင်းဖြင့် သစ်တုံးတွေကို ချိုးဖြတ်ပစ်နိုင်ပုံပေါ်ပေမယ့် Chef André ဟာ သူ့ရဲ့ကြွက်သားတွေနဲ့သန်မာတဲ့လက်မောင်းဖြင့်လည်း နူးညံ့တဲ့ချောကလက်ကိတ်မုန့်လှလှလေးတွေကို ဖန်တီးနိုင်ပါတယ်။

တကယ်တော့ Chef André ဟာ မူလက စစ်သားတစ်ဦးဖြစ်ပြီး အမေရိကန်စစ်တပ်အဖွဲ့ဝင်ဟောင်း၊ စားဖိုမှူး André သည်လည်း US Forces Korea အခြေစိုက်စခန်းများတွင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။စားဖိုမှူး André ဟာ စစ်သားဘဝကတည်းက ကိုယ်တိုင်ချက်ပြုတ်ခြင်းကိုဝါသနာတစ်ခုအဖြစ်သင်ကြားခဲ့ပြီး အမေရိကန်စစ်တပ်၏ အချက်အပြုတ်အဖွဲ့တွင် ကျွမ်းကျင်စွာ ချက်ပြုတ်တတ်လာခဲ့ပါတယ်။

ထို့နောက် အီရတ်စစ်ပွဲတွင် အမှုထမ်းပြီးနောက် စိတ်ဒဏ်ရာလွန်စိတ်ဖိစီးမှုရောဂါ (PTSD) ကို ခံစားခဲ့ရပြီး ဆေးရုံတက်ခဲ့ရပါတယ်။ထို့နောက်တွင် သူဟာ သူ့ရဲ့ပြောင်မြောက်သော ဟင်းချက်ကျွမ်းကျင်မှုကိုအသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်ကာကွယ်ရေးဌာနသို့ ဝင်ရောက်ခဲ့ပြီး စားဖိုမှူး André ဟာ ကာကွယ်ရေးဌာနမှတစ်ဆင့် အိမ်ဖြူတော်သို့ဝင်ရောက်သွားနိုင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှ ယခုအချိန်အထိ စားဖိုမှူး André ဟာ အမေရိကန်သမ္မတ၏ အပြောင်းအလဲလေးခုအတွင်း အိမ်ဖြူတော်မီးဖိုချောင်တွင် အလုပ်လုပ်နေခဲ့ပါတယ်။

ထို့ကြောင့် အင်တာနက်သုံးစွဲသူများစွာက စားဖိုမှူး André ရဲ့အသွင်ပြင်ကြောင့် ” အဲ့ဒါကြောင့် အမေရိကန်သမ္မတတွေက အရံဟင်းလျာတွေအကြောင်းကို ဘယ်တော့မှ complain မတပ်ခဲ့တဲ့အကြောင်းအရင်းဘဲနေမှာ ” လို့တောင်စနှောက်ကာ ကောလာဟလများစွာကိုလည်း ထွက်ပေါ်လာစေခဲ့ကြပါသေးတယ်။

Zawgyi

လက္ေမာင္းႀကီးနဲ႔ သစ္တုံးေတြကိုေတာင္ ခ်ိဳးပစ္ႏိုင္ေပမဲ့ အရသာရွိတဲ့ဟင္းလ်ာေတြကိုသာ ခ်က္ျပဳတ္ရတာသေဘာက်တဲ့ စားဖိုမႉးတစ္ဦး

သူခ်က္တဲ့အစားအေသာက္ေတြက အရသာမရွိဘူးလို႔ ေဖာက္သည္ေတြဆီကေန တစ္ခါမွ မၾကားဖူးဘူးဆိုတဲ့ သတင္းေမႊးတဲ့ေကာလဟာလမ်ားႏွင့္ အေမရိကန္အိမ္ျဖဴေတာ္ စားဖိုမႉးတစ္ဦးျဖစ္တဲ့ André Rush ဟာ သူ႔ရဲ႕အသြင္အျပင္ေၾကာင့္ လတ္တေလာ လူအမ်ား စိတ္ဝင္စားျခင္းကိုခံေနရပါတယ္။

စားဖိုမႉး Andre ရဲ႕လက္ေမာင္းတစ္ဖက္ရဲ႕လုံးပတ္ဟာ 60 စင္တီမီတာေက်ာ္ရွိၿပီး သူ႔ရဲ႕ေျပာင္ေျမာက္တဲ့လက္ေမာင္းျဖင့္ သစ္တုံးေတြကို ခ်ိဳးျဖတ္ပစ္ႏိုင္ပုံေပၚေပမယ့္ Chef André ဟာ သူ႔ရဲ႕ႂကြက္သားေတြနဲ႔သန္မာတဲ့လက္ေမာင္းျဖင့္လည္း ႏူးညံ့တဲ့ေခ်ာကလက္ကိတ္မုန႔္လွလွေလးေတြကို ဖန္တီးႏိုင္ပါတယ္။

တကယ္ေတာ့ Chef André ဟာ မူလက စစ္သားတစ္ဦးျဖစ္ၿပီး အေမရိကန္စစ္တပ္အဖြဲ႕ဝင္ေဟာင္း၊ စားဖိုမႉး André သည္လည္း US Forces Korea အေျခစိုက္စခန္းမ်ားတြင္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။စားဖိုမႉး André ဟာ စစ္သားဘဝကတည္းက ကိုယ္တိုင္ခ်က္ျပဳတ္ျခင္းကိုဝါသနာတစ္ခုအျဖစ္သင္ၾကားခဲ့ၿပီး အေမရိကန္စစ္တပ္၏ အခ်က္အျပဳတ္အဖြဲ႕တြင္ ကြၽမ္းက်င္စြာ ခ်က္ျပဳတ္တတ္လာခဲ့ပါတယ္။

ထို႔ေနာက္ အီရတ္စစ္ပြဲတြင္ အမႈထမ္းၿပီးေနာက္ စိတ္ဒဏ္ရာလြန္စိတ္ဖိစီးမႈေရာဂါ (PTSD) ကို ခံစားခဲ့ရၿပီး ေဆး႐ုံတက္ခဲ့ရပါတယ္။ထို႔ေနာက္တြင္ သူဟာ သူ႔ရဲ႕ေျပာင္ေျမာက္ေသာ ဟင္းခ်က္ကြၽမ္းက်င္မႈကိုအသိအမွတ္ျပဳသည့္အေနျဖင့္ အေမရိကန္ကာကြယ္ေရးဌာနသို႔ ဝင္ေရာက္ခဲ့ၿပီး စားဖိုမႉး André ဟာ ကာကြယ္ေရးဌာနမွတစ္ဆင့္ အိမ္ျဖဴေတာ္သို႔ဝင္ေရာက္သြားႏိုင္ခဲ့ပါတယ္။

၂၀၀၉ ခုႏွစ္မွ ယခုအခ်ိန္အထိ စားဖိုမႉး André ဟာ အေမရိကန္သမၼတ၏ အေျပာင္းအလဲေလးခုအတြင္း အိမ္ျဖဴေတာ္မီးဖိုေခ်ာင္တြင္ အလုပ္လုပ္ေနခဲ့ပါတယ္။

ထို႔ေၾကာင့္ အင္တာနက္သုံးစြဲသူမ်ားစြာက စားဖိုမႉး André ရဲ႕အသြင္ျပင္ေၾကာင့္ ” အဲ့ဒါေၾကာင့္ အေမရိကန္သမၼတေတြက အရံဟင္းလ်ာေတြအေၾကာင္းကို ဘယ္ေတာ့မွ complain မတပ္ခဲ့တဲ့အေၾကာင္းအရင္းဘဲေနမွာ ” လို႔ေတာင္စေႏွာက္ကာ ေကာလာဟလမ်ားစြာကိုလည္း ထြက္ေပၚလာေစခဲ့ၾကပါေသးတယ္။

Crd

arkarta