လက္ရွိ၌ ယူကရိန္းအား အႀကီးဆုံး လက္နက္ေပးပို႔သည့္ ႏိုင္ငံမွာ ေနတိုးနဲ႔ အေမရိကန္တို႔ မဟုတ္ဘဲ ႐ုရွားႏိုင္ငံျဖစ္ေန

Post Views:
9

လက္ရွိ၌ ယူကရိန္းအား အႀကီးဆုံး လက္နက္ေပးပို႔သည့္ ႏိုင္ငံမွာ ေနတိုးနဲ႔ အေမရိကန္တို႔ မဟုတ္ဘဲ ႐ုရွားႏိုင္ငံျဖစ္ေန
လက္ရွိ၌ ႐ုရွသည္ ယူကရိန္း၏ အႀကီးဆုံး လက္နက္ေပးပို႔သည့္ ႏိုင္ငံျဖစ္ေနၿပီး ယူကရိန္း တင့္ကားတပ္၏ ထက္ဝက္သည္ ႐ုရွတို႔ထံမွ သိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း ပူတင္၏ အသက္ ၇၀ ေမြးေန႔တြင္ ထုတ္ေဖာ္လာခဲ့သည္။
ခါကိဗ္တြင္ ၿပီးခဲ့သည့္ လက ႐ုရွစစ္တပ္မ်ားကို ယူကရိန္းက အၿပီးအပိုင္ ေခ်မႈန္းလိုက္ျခင္းအားျဖင့္ တင့္ကား ၄၀၀ ေက်ာ္၊ သံခ်ပ္ကာကား ၆၀၀ ခန႔္ႏွင့္ ဘက္စုံသုံး ဒုံးပစ္စနစ္မ်ားကို အသုံးျပဳႏိုင္ဆဲ သို႔မဟုတ္ ျပင္ဆင္အသုံးျပဳ၍ ရသည့္ အေနအထားျဖင့္ သိမ္းပိုက္ရရွိခဲ့သည္.
ထိုအတြက္ ႐ုရွစစ္လက္နက္ပစၥည္းမ်ား အေျမာက္အျမား သိမ္းပိုက္လိုက္ႏိုင္ျခင္းသည္ ႐ုရွက ယူကရိန္းသို႔ အမ်ားဆုံး လက္နက္ေထာက္ပံ့ေနသည္ဟုပင္ ေျပာဆိုႏိုင္ၿပီး အျခားေသာ မဟာမိတ္အားလုံး၏ ေထာက္ပံ့ေပးမႈထက္ပင္ ေက်ာ္လြန္ကာ ႐ုရွထံမွ စစ္လက္နက္မ်ား ယူကရိန္းက ရရွိျခင္းပင္ ျဖစ္ေတာ့သည္။
ယူကရိန္း တင့္ကားတပ္၏ ထက္ဝက္သည္ စိတ္ဓာတ္ပ်က္ျပားေသာ ႐ုရွစစ္သားမ်ား ထားရစ္ခဲ့ၾကသည့္ တင့္ကားမ်ား ျဖစ္ေနဖြယ္ရွိသည္ဟု ၿဗိတိန္စစ္ေထာက္လွမ္းေရးက ယုံၾကည္ထားသည္။
“ျပန္လည္ျပဳျပင္ဖန္တီးေသာ သို႔မဟုတ္ သိမ္းဆည္းရရွိေသာ ႐ုရွစစ္လက္နက္မ်ားသည္ ယူကရိန္း၏ စစ္လက္နက္အင္အား၏ အခ်ိဳးအစား ေတာ္ေတာ္မ်ားမ်ားကို လက္ရွိတြင္ ျဖည့္ဆည္းေပးထားျခင္း ျဖစ္ေၾကာင္း” ယေန႔ နံနက္ပိုင္းက ကာကြယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ဆိုထားသည္။
“က်ဴးေက်ာ္စစ္ျဖစ္ခ်ိန္ကစၿပီး ယူကရိန္းဟာ ႐ုရွရဲ႕ ပင္မတိုက္ခိုက္ေရးတင့္ကား အနည္းဆုံး ၄၄၀ နဲ႔ အျခား သံခ်ပ္ကာယာဥ္ ၆၅၀ နီးပါးကို သိမ္းပိုက္ရရွိထားတယ္”ဟု ယင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။
“လက္ရွိ ယူကရိန္းရဲ႕ တိုက္ပြဲဝင္ တင့္ကား ထက္ဝက္ေက်ာ္ဟာ သိမ္းဆည္းရမိတဲ့ ယာဥ္ေတြနဲ႔ စုဖြဲ႕ထားတာ ျဖစ္ႏိုင္တယ္”ဟု ယင္းက ဆိုသည္။
“႐ုရွစစ္သားေတြရဲ႕ တပ္မဆုတ္ခင္နဲ႔ အရႈံးမေပးခင္ စစ္လက္နက္ပစၥည္းေတြကို ဖ်က္ဆီးပစ္ဖို႔ ပ်က္ကြက္ခဲ့တာဟာ ေလ့က်င့္သား မဝတာနဲ႔ တိုက္ပြဲစည္းမ်ဥ္း ေလ်ာ့ရဲတာေတြကို မီးေမာင္းထိုး ျပသေနတယ္”ဟု ယင္း ထုတ္ျပန္ခ်က္တြင္ ဆိုထားသည္။
“ျပင္းျပင္းထန္ထန္ ဖိစီးမႈေအာက္မွာ ဖြဲ႕စည္းထားၿပီး စစ္သားေတြ စိတ္ဓာတ္ ပိုပ်က္ျပားလာေနတာနဲ႔အတူ ႐ုရွဟာ အႀကီးစားစစ္လက္နက္ေတြ ဆက္လက္ၿပီး ဆုံးရႈံးဖို႔ ရွိေနတယ္”ဟု ယင္းက ဆိုသည္။
ယူကရိန္းသည္ ႐ုရွထံမွ ပင္မတိုက္ပြဲဝင္ တင့္ကား စုစုေပါင္း ၄၂၁ စင္း သိမ္းဆည္းရမိခဲ့ကာ အျခား မဟာမိတ္အားလုံး ေထာက္ပံ့ထားေသာ စင္းေရ ၃၂၀ ထက္ပင္ ေက်ာ္လြန္မ်ားျပားေနေၾကာင္း The Wall Street Journal မွ အကဲျဖတ္မ်ားက ေျပာၾကသည္။
သံခ်ပ္ကာယာဥ္မ်ား သိမ္းပိုက္ရရွိမႈ စာရင္းသည္ ပို၍ အရွက္ရစရာ ျဖစ္ၿပီး ႐ုရွထံမွ ၄၄၅ စီး သိမ္းဆည္းရထားျခင္းေၾကာင့္ မဟာမိတ္မ်ား ေထာက္ပံ့သည့္ စီးေရ ၂၁၀ ထက္ ႏႈိင္းယွဥ္ႏိုင္သည္။
HIMARS ကဲ့သို႔ေသာ ဘက္စုံသုံး ေလာင္ခ်ာစနစ္ႏွင့္ ပတ္သက္လွ်င္မူ အေနာက္အုပ္စု ေထာက္ပံ့ထားသည္က ႐ုရွထံ သိမ္းပိုက္ရမိသည္ထက္ သာလြန္ေသာ္လည္း အေနာက္အုပ္စု ေထာက္ပံ့သည္က ၇၀ ခုျဖစ္ၿပီး ႐ုရွထံမွ သိမ္းပိုက္ႏိုင္သည္က ၄၄ ခု ရွိထားသည္ႏွင့္ ႏႈိင္းယွဥ္ၾကည့္ႏိုင္မည္ ျဖစ္သည္။
Crd
Mizzima – News in Burmese
Unicode
လက်ရှိ၌ ယူကရိန်းအား အကြီးဆုံး လက်နက်ပေးပို့သည့် နိုင်ငံမှာ နေတိုးနဲ့ အမေရိကန်တို့ မဟုတ်ဘဲ ရုရှားနိုင်ငံဖြစ်နေ
လက်ရှိ၌ ရုရှသည် ယူကရိန်း၏ အကြီးဆုံး လက်နက်ပေးပို့သည့် နိုင်ငံဖြစ်နေပြီး ယူကရိန်း တင့်ကားတပ်၏ ထက်ဝက်သည် ရုရှတို့ထံမှ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း ပူတင်၏ အသက် ၇၀ မွေးနေ့တွင် ထုတ်ဖော်လာခဲ့သည်။
ခါကိဗ်တွင် ပြီးခဲ့သည့် လက ရုရှစစ်တပ်များကို ယူကရိန်းက အပြီးအပိုင် ချေမှုန်းလိုက်ခြင်းအားဖြင့် တင့်ကား ၄၀၀ ကျော်၊ သံချပ်ကာကား ၆၀၀ ခန့်နှင့် ဘက်စုံသုံး ဒုံးပစ်စနစ်များကို အသုံးပြုနိုင်ဆဲ သို့မဟုတ် ပြင်ဆင်အသုံးပြု၍ ရသည့် အနေအထားဖြင့် သိမ်းပိုက်ရရှိခဲ့သည်.
ထိုအတွက် ရုရှစစ်လက်နက်ပစ္စည်းများ အမြောက်အမြား သိမ်းပိုက်လိုက်နိုင်ခြင်းသည် ရုရှက ယူကရိန်းသို့ အများဆုံး လက်နက်ထောက်ပံ့နေသည်ဟုပင် ပြောဆိုနိုင်ပြီး အခြားသော မဟာမိတ်အားလုံး၏ ထောက်ပံ့ပေးမှုထက်ပင် ကျော်လွန်ကာ ရုရှထံမှ စစ်လက်နက်များ ယူကရိန်းက ရရှိခြင်းပင် ဖြစ်တော့သည်။
ယူကရိန်း တင့်ကားတပ်၏ ထက်ဝက်သည် စိတ်ဓာတ်ပျက်ပြားသော ရုရှစစ်သားများ ထားရစ်ခဲ့ကြသည့် တင့်ကားများ ဖြစ်နေဖွယ်ရှိသည်ဟု ဗြိတိန်စစ်ထောက်လှမ်းရေးက ယုံကြည်ထားသည်။
“ပြန်လည်ပြုပြင်ဖန်တီးသော သို့မဟုတ် သိမ်းဆည်းရရှိသော ရုရှစစ်လက်နက်များသည် ယူကရိန်း၏ စစ်လက်နက်အင်အား၏ အချိုးအစား တော်တော်များများကို လက်ရှိတွင် ဖြည့်ဆည်းပေးထားခြင်း ဖြစ်ကြောင်း” ယနေ့ နံနက်ပိုင်းက ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
“ကျူးကျော်စစ်ဖြစ်ချိန်ကစပြီး ယူကရိန်းဟာ ရုရှရဲ့ ပင်မတိုက်ခိုက်ရေးတင့်ကား အနည်းဆုံး ၄၄၀ နဲ့ အခြား သံချပ်ကာယာဉ် ၆၅၀ နီးပါးကို သိမ်းပိုက်ရရှိထားတယ်”ဟု ယင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
“လက်ရှိ ယူကရိန်းရဲ့ တိုက်ပွဲဝင် တင့်ကား ထက်ဝက်ကျော်ဟာ သိမ်းဆည်းရမိတဲ့ ယာဉ်တွေနဲ့ စုဖွဲ့ထားတာ ဖြစ်နိုင်တယ်”ဟု ယင်းက ဆိုသည်။
“ရုရှစစ်သားတွေရဲ့ တပ်မဆုတ်ခင်နဲ့ အရှုံးမပေးခင် စစ်လက်နက်ပစ္စည်းတွေကို ဖျက်ဆီးပစ်ဖို့ ပျက်ကွက်ခဲ့တာဟာ လေ့ကျင့်သား မဝတာနဲ့ တိုက်ပွဲစည်းမျဉ်း လျော့ရဲတာတွေကို မီးမောင်းထိုး ပြသနေတယ်”ဟု ယင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
“ပြင်းပြင်းထန်ထန် ဖိစီးမှုအောက်မှာ ဖွဲ့စည်းထားပြီး စစ်သားတွေ စိတ်ဓာတ် ပိုပျက်ပြားလာနေတာနဲ့အတူ ရုရှဟာ အကြီးစားစစ်လက်နက်တွေ ဆက်လက်ပြီး ဆုံးရှုံးဖို့ ရှိနေတယ်”ဟု ယင်းက ဆိုသည်။
ယူကရိန်းသည် ရုရှထံမှ ပင်မတိုက်ပွဲဝင် တင့်ကား စုစုပေါင်း ၄၂၁ စင်း သိမ်းဆည်းရမိခဲ့ကာ အခြား မဟာမိတ်အားလုံး ထောက်ပံ့ထားသော စင်းရေ ၃၂၀ ထက်ပင် ကျော်လွန်များပြားနေကြောင်း The Wall Street Journal မှ အကဲဖြတ်များက ပြောကြသည်။
သံချပ်ကာယာဉ်များ သိမ်းပိုက်ရရှိမှု စာရင်းသည် ပို၍ အရှက်ရစရာ ဖြစ်ပြီး ရုရှထံမှ ၄၄၅ စီး သိမ်းဆည်းရထားခြင်းကြောင့် မဟာမိတ်များ ထောက်ပံ့သည့် စီးရေ ၂၁၀ ထက် နှိုင်းယှဉ်နိုင်သည်။
HIMARS ကဲ့သို့သော ဘက်စုံသုံး လောင်ချာစနစ်နှင့် ပတ်သက်လျှင်မူ အနောက်အုပ်စု ထောက်ပံ့ထားသည်က ရုရှထံ သိမ်းပိုက်ရမိသည်ထက် သာလွန်သော်လည်း အနောက်အုပ်စု ထောက်ပံ့သည်က ၇၀ ခုဖြစ်ပြီး ရုရှထံမှ သိမ်းပိုက်နိုင်သည်က ၄၄ ခု ရှိထားသည်နှင့် နှိုင်းယှဉ်ကြည့်နိုင်မည် ဖြစ်သည်။
Crd
Mizzima – News in Burmese
Crd
Crd