ရွှေဈေးကွက် စောင့်ကြည့်ထိန်းသိမ်းရေး ကော်မတီမှ ​ရွှေကစားသူများအား စီစစ် အ​ရေးယူ​တော့မည်

ရွှေဈေးကွက် စောင့်ကြည့်ထိန်းသိမ်းရေး ကော်မတီမှ ​ရွှေကစားသူများအား စီစစ် အ​ရေးယူ​တော့မည်



Post Views:
9

မြန်မာပြည် ရွှေဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး ဆပ်မကော်မတီမှ ​ရွှေကစားသူများအား စီစစ်အ​ရေးယူ​တော့မည်..

ပြည်တွင်း ဒေါ်လာဈေးနှုန်းကို ထိန်းချုပ်နိုင်မှသာ မတည်မငြိမ်ဖြစ်နေသည့် ပြည်တွင်းရွှေဈေးနှုန်း တည်ငြိမ်လာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

“အစိုးရကလည်း ထိန်းတော့ ထိန်းပေးတာပဲကွ။ ထိန်းပေးပေမယ့်လည်း ဒီမှာက ဒေါ်လာဈေးကို မထိန်းနိုင်သေးဘူး။ ဒေါ်လာဈေးက မြောက်နေတဲ့အတွက် ဖြစ်သွားတာ။ ဒေါလာဈေး ထိန်းနိုင်မှ ရွေဈေးကငြိမ်မယ့်သဘောပေါ့။ အဲဒီသဘောပါပဲ” ဟု ဦးမျိုးမြင့်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းအတွင် အခေါက်ရွှေ တစ်ကျပ်သားလျင် ၂၂ သိန်း ဝန်းကျင်အထိ အကျက်ဘက်သို့ ဦးတည်ခဲ့သည့် ပြည်တွင်း ရွှေဈေးနှုန်းသည် ယနေ့ အောက်တိုဘာ (၅) ရက် နံနက်ပိုင်းတွင် (၂၇) သိန်းကျော်အထိ ပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။

ယနေ့ နံနက်ပိုင်း ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေ တစ်ကျပ်သားလျင် (၂၇၅၀၀၀၀) ကျပ် အရောင်းအဝယ် ပြုလုပ်ကြကြောင်း ရန်ကုန်ဈေးကွက်အတွင်းရှိ ရွှေအရောင်းကောင်တာအချို့မှ သိရသည်။ လက်ရှိတွင် ရွှေဈေးနှုန်း ပြန်တက်လာသည့်အတွက် ဈေးကွက်အတွင်း၌ ရောင်းလိုအားများနေသော်လည်း ထင်သလောက် အရောင်းအဝယ် မဖြစ်ကြောင်း ဦးမျိုးမြင့်က ဆိုသည်။

“အရောင်းအဝယ်က သိပ်မဖြစ်ပါဘူး။ ဈေးတွေသာ ကမ္ဘာ့ရွှေဈေးတက်လို့၊ ပြည်တွင်း ဒေါ်လာဈေးတက်လို့ ဈေးတွေမြင့်သွားတာပဲရှိတယ်။ တကယ်အရောင်းအဝယ်က သိပ်မဖြစ်ပါဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အကျဘက်သို့သွားနေသည့် ကမ္ဘာ့ရွှေဈေးနှုန်းမှာလည်း တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၇၀၀ အထက်သို့ ပြန်လည်ရောက်ရှိနေပြီး ယင်းသို့ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကလည်း ပြည်တွင်း ရွှေဈေးကို ရိုက်ခတ်မှုရှိကြောင်း သိရသည်။

ပြည်တွင်း နိုင်ငံခြားငွေလဲဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျင် ၃၀၅၀ ကျပ် ဝန်းကျင်အထိ ပြန်လည် မြင့်တက်နေပြီး ဗဟိုဘဏ်၏ ရည်ညွှန်းဈေးမှာ မပြောင်းလဲသောနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ် ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးအတက်အကျ ပြောင်းလဲနေမှုအပေါ်လိုက်၍ ပြည်တွင်းရွှေဈေးနှုန်းများအား အချိန်နှင့်အမျှ အတက်အကျပြုလုပ်ပြီး ရွှေဈေးတည်ငြိမ်မှုမရှိစေရန် စျေးကစားမှုများပြုလုပ်နေကြသည့် ရွှေအရောင်းအဝယ်သမားများ၊ ရွှေလုပ်ငန်း ရှင်များနှင့် ပွဲစားများအား စိစစ်ဖော်ထုတ်၍ လုပ်ငန်းလိုင်စင်များ ပိတ်သိမ်းခြင်းနှင့် အရေးယူခြင်းစသည်တို့ကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ရွှေဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး ဆပ်မကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Crd

Crd

arkarta