Post Views:
9
ရွှေစျေး (၂၇) သိန်းအထက် ပြန်တက်ပြီ၊ စျေးကွက်ထဲမှာ ဝယ်လိုအားထက် ရောင်းလိုအားများနေ..
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ အခေါက်ရွှေကြမ်းခင်းဈေးက ကျပ်သိန်း (၂၀) ကျော်လာပြီး ပြင်ပပေါက်ဈေးက ကျပ် (၂၇) သိန်းအထက်ကို တရိပ်ရိပ် မြင့်တက်လာပါတယ်။ အတက်ဈေးတန်းဖြစ်နေလို့ ပြန်ရောင်းချသူတွေရှိလာပြီး သီတင်းကျွတ်ကာလနီးလာတာကြောင့် ရောင်းလိုအားများတာလို့လည်း ပြောဆိုကြပါတယ်။
ဒီနေ့အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီ ရွှေစျေးကွက်စဖွင့်ချိန် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၇ သိန်းအထက် ဆိုင်ရောင်းစျေးဖြစ်ပြီး ကျပ် ၂၇ သိန်းအောက် ပြန်ဝယ်ကာ ၁၅ ပဲရည်ကတော့ ကျပ် ၂၅ သိန်း ၀န်းကျင်မှာ အရောင်းအဝယ်လုပ်တယ်လို့ ရန်ကုန်မြို့ အောင်သမာဓိရွှေဆိုင်ရဲ့ စျေးနှုန်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေစျေး ကျပ် ၂၂ သိန်း ၀န်းကျင်အထိ ကျခဲ့ပြီး အခုလိုရွှေစျေးပြန်တက်လာချိန် ၀ယ်လိုအားထက် ရောင်းလိုအား ပြန်တက်လာသလို သီတင်းကျွတ်ကာလနီးလို့ အလှူအတန်းတွေလုပ်ဖို့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့က ရွှေဆိုင်တွေမှာ ရွှေထည်ရောင်းချမှုတွေများနေတယ်လို့ YGEA အသင်းကတော့ ပြောထားပါတယ်။
စျေးကွက်ထဲမှာတော့ စီးပွားရေးအခြေအနေတွေကြောင့် ရွှေစုဆောင်းလိုမှု လျော့ကျလာပြီး ၀ယ်လိုအားထက် ရောင်းလိုအားပိုမိုနေတဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ကမ္ဘာ့ရွှေစျေးကတော့ တစ်အောင်စကို ဒေါ်လာ ၁၇၀၀ ကျော်ကိုရောက်လာခဲ့ပြီး ရက်ပိုင်းအတွင်း ဒေါ်လာ ၆၀ နီးပါး မြင့်တက်လာခဲ့ကာ ကမ္ဘာ့ရွှေစျေးမြင့်တက်မှုနဲ့အတူ ပြည်တွင်းရွှေစျေးပါတက်လာတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၅ ရက်နံနက်ပိုင်း ကမ္ဘာ့ရွှေစျေးကတော့ တစ်အောင်စကို ၁၇၂၀ ဒေါ်လာထိမြင့်တက်လာပြီး ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ရွှေအဖွင့်စျေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၂၀၁၄၀၀၀ ကျပ် ဖြစ်ပါတယ်။
Crd