ရွှေစျေး သေချာပေါက်ထပ်ကျပါမယ်။ ရွှေတစ်ကျပ်သား သိန်း ၂၀ လောက်ထိ ကျနိုင်လား? ပြန်တက်နိုင်လား?

Post Views:
52
ရွှေစျေး သေချာပေါက်ထပ်ကျပါမယ်။ ရွှေတစ်ကျပ်သား သိန်း ၂၀ လောက်ထိ ကျနိုင်လား? ပြန်တက်နိုင်လား?
၂၀ တွေ ၂၂ တွေဆိုတာ အိမ်မက်သာဖြစ်တယ်။ ၂၇ အောက်ထိတော့ ဆင်းနိုင်ပေမည့် ၂၅၊ ၂၆ အောက်ကိုကျဖို့ လမ်းမမြင်သေးပါ။ ပြန်တက်ဖို့အတွက် အားယူနေတာ မဟုတ်တဲ့အတွက် ဒီနှစ်ထဲမှာတော့ ၃၀ အပေါ်ကို တော်ယုံနဲ့ပြန်မတက်နိုင်ဘူးလို့ မှန်းပါတယ်။
လောလောဆယ် ရွှေ ငွေ မြေ ကား လုံးဝ မဝယ်ပါနဲ့.. ထပ်ပြောပါမယ် (မဝယ်ပါနဲ့).. ကားက ဒေါ်လာနဲ့ ချိတ်တာ အခုဒေါ်လာစျေးလည်း ကျနေတယ်.. တစ်လလောက်စောင့်ပြီးမှဝယ်.. စောင့်နိုင်လေကောင်းလေပဲ.. ခြေတပ်လက်ရှိအိမ်စီးနေတဲ့ကားရှိရင်ရပြီ.. ပိုနေရင် အမြန်ထုတ်သာရောင်းပေါ့.. နောက်လထဲမှာကားစျေး ပြန်အေးသွားလိမ့်မယ်.. အခုက မူလစျေးထက် ဒေါ်လာကြောင့် အနည်းဆုံး အသေးဆို သိန်း ၂၀၀၊ ၃၀၀ အလတ်ကို ၅၀၀၊ ၆၀၀ အကြီးကို ၁၀၀၀၊ ၁၅၀၀ လောက် ဆွဲတင်ထားကြတာ မဝယ်နဲ့တော့ သေချာပေါက်ပြန်ကျကို ကျလာမှာ..
မြေသည် ရွှေစျေးနှင့်သာ ဆိုင်တယ်.. ဒေါ်လာနဲ့မဆိုင်ဘူး.. ရွှေစျေးတက်တဲ့အတွက် မြေစျေးလိုက်တက် ရွှေစျေးကျ လာတဲ့အပေါ်မှာ ဝယ်လက်လျော့ကျလာလိမ့်မယ်.. သို့သော် တက်နေတုန်း လုဝယ်နေကြတုန်း အိုက်တင်ဖမ်းကြပါလိမ့်မယ်.. တကယ်တမ်းတော့ ဟန်သာကွပ်နေရတာ အရူးမီးဝိုင်းနေပြီ.. ထုတ်ချင်နေကြပြီ.. တစ်အိအိနဲ့ မြေစျေးကျလာပါလိမ့်မယ်.. ကနဦး စရံငွေတစ်ရာလောက်ချထားပြီး ကစားဖို့ကောက်ထားတဲ့ ပွဲစားအငယ်တွေက တစ်လပဲအချိန်ရှိတဲ့အတွက် အရင်အမြန်ဆုံး လွှတ်ကြဖို့အတွက် လုပ်ရပါလိမ့်မယ်.. နောက်တစ်ဦး ဝယ်ရောင်းပွဲစားတွေက အများကြီးကောက်ထားတယ်.. ခံနိုင်တဲ့သူရှိသလို ငွေလိုလို့ မအောင်းနိုင်တော့တဲ့သူလည်းရှိတယ်.. တစ်ကွက်နှစ်ကွက် ဝယ်ထားပြီးဝင်ကစားတဲ့ သူတွေကကြောက်လို့ အမြန်ထုတ်ချင်တဲ့ သူတွေလည်းရှိလာမယ်.. အားလုံးကလူလည်တွေကြီးပဲ.. သူတို့အကွက်တွေကို ပေါင်းပြီး ထည့်ကြလိမ့်မယ်.. အ တဲ့သူ ခံရမှာပဲ.. ပါးနပ်တဲ့သူ စောင့်နိုင်တဲ့သူ အဆင်ပြေမယ်.. တော်ကီမှာယုံရင် မျှောရင်ပိုက်ဘောမိမယ်.. သိန်းတစ်ရာနှစ်ရာလောက်ချောင်တယ်ဆိုပြီး မဝယ်နဲ့ ၁ လခွဲ ၂ လလောက်မှာ တော်တော်ဆင်းသွားမှာပါ (Chit Kaung)
မှတ်ချက် (၁) ကားဈေးကတော့ ပါမစ်ချပေးခြင်းမချပေးခြင်းနဲ့ဘဲ ဆိုင်မယ် ထင်တယ်အကို။ ဟိုးအရင် ဦးသိန်းစိန်ခေတ်မတိုင်ခင်လေးကဆို ဖင်ကောက်တစီး သိန်း ၈၀၀ လောက်ထိကို ဖြစ်သွားတာအကို။ ဒေါ်လာဈေး 700 တပတ်လည်ပါဘဲ။ ဦးသိန်းစိန်လက်ထက် ပါမစ်ဖွင့် ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ခွင့်ပေးလိုက်တော့မှ မိုးထိခေါင်ခိုက်နေတဲ့ ကားဈေး ပြုတ်ကျတာပါအကို။ တကယ်တော့ မြန်မာပြည်က ကားဈေးက ပါမစ်ပေါ်မှာဘဲ မူတည်နေတာပါအကိုရေ။ (U Thiha Kyaw Thu)
မှတ်ချက် (၂) နိုင်ငံရေး မအေးချမ်းသမျှ မြန်မာကျပ်ငွေတန်ဖိုးမရှိ၊ ဒါကြောင့် ကျပ်ငွေအစား ကိုင်ထားရမယ့်ဟာတွေ အကုန်ဝယ်လိုအားအရ ဈေးတန်းအမြင့်သာ ဆက်ရှိနေပါမည်။ နိုင်ငံခြားငွေ ကန့်သတ်မှုအရ လိုအပ်လာမည့် ဒေါ်လာအတွက် နစက မည်သို့တာဝန်ယူနိုင်မည် မသဲကွဲမချင်း ကားကလည်းတင်သွင်းခွင့်အသစ်တွေ ထပ်ချပေးတောင် ဒေါ်လာလိုအပ်ချက်အရ ကျဖို့က ခက်ခဲမည်။ (မောင်မီဒီယာ)
မှတ်ချက် (၃) ငွေကြေးဖောင်းပွနေတယ်ဆိုတာ အခေါ်အဝေါ်တခုပါ.. တကယ်တော့ ငွေကြေးမလည်ပတ်တော့တာ.. ငွေကြေးရှားပါး ပြတ်လပ်တဲ့နေရာက ပြတ်ပြီး ငွေအစုလိုက်အပုံလိုက် အရောင်းအဝယ်ဖြစ်တဲ့နေရာက ဖြစ်နေမှာ.. နောက်တော့ အရာအားလုံး တဖြေးဖြေးနှေးကွေးသွားမှာပါ။ (U Aung Naing)
Crd
Crd