ရွှေစျေး ဘယ်ချိန်မှာ ဘယ်လောက်ထိ ကျပြီး ဘယ်ချိန်မှာ ပြန်တက်မလဲ

ရွှေစျေး ဘယ်ချိန်မှာ ဘယ်လောက်ထိ ကျပြီး ဘယ်ချိန်မှာ ပြန်တက်မလဲ






Post Views:
10

ရွှေစျေး ဘယ်ချိန်မှာ ဘယ်လောက်ထိ ကျပြီး ဘယ်ချိန်မှာ ပြန်တက်မလဲ..

လွန်ခဲ့တဲ့နှစ်ကာလတွေပြန်ကြည့်ရင် ရွှေစျေးက အတက်ဘက်မှာပဲ တောက်လျှောက်ရှိတာကို တွေ့ရတယ်။ ကိုဗစ် ကာလမတိုင်ခင် တစ်အောင်စ $၁၂၀၀ စွန်းစွန်းကနေစပြီး တောက်လျှောက်တက်လာတာ ၂၀၂၀ နဲ့ ၂၀၂၂ တွေမှာ $ ၂၀၀၀ ကျော်ထိ အထွတ်ထိပ်ကိုရောက်ခဲ့ဘူးတာတွေ့ ရတယ်။

အတက်အကျရှိပေမဲ့ ၂၀၂၂ မှာထိပ်ဆုံးစျေးက နေတောက်လျှောက်ပြန်ဆင်းလာတာ $၁၆၇၀ လောက်ထိ ရောက်နေတာတွေ့ရပြန်တယ်။ Investors တွေရဲ့ ရင်းနှီးမြှပ်နှံမှုမှာ ရွှေနဲ့ ဒေါ်လာကတော့ ပြောင်းပြန်သဘောဆောင်တယ်ထင်ပါတယ်။

လက်ရှိစျေး နဲ့ပညာရှင်တွေရဲ့အပြောကို ချိန်ဆကြည့်ရင် ရွှေစျေးက နိုဝင်ဘာလလယ်လောက်ဆို $၁၅၈၀ ဝန်းကျင်လောက်ထိ ရှိမှာပေါ့နော်။ ဒီတော့အမြင့်ဆုံးစျေးနဲ့ အနိမ့်ဆုံးစျေးကို ပြောပါဆိုရင် $၁၅၈၀ နဲ့ $ ၂၀၀၀ လို့ပြောရမှာပေါ့။

လက်ထဲမှာ ပိုက်ဆံရှိမနေပေမဲ့ patterns တွေကိုလေ့လာရတာ ဝါသနာဖြစ်လို့ပါ။ တစ်ဒေါ်လာ ၃၀၀၀ နဲ့တွက်ရင် တစ်ကျပ်သား (၂၅) သိန်းကနေ (၃၂) သိန်းဝန်းကျင်လို့ပဲ ပြောရမယ်ထင်ပါ့ဗျာ။ ဘာကိုကြည့်ပြီး ဘယ်လိုခန့်မှန်းချက်ထုတ်တယ်ဆိုတာ မသိပေမဲ့ ဆောင်းပါးရှင်တွေအဆိုအရတော့ နိုဝင်ဘာမှာ (ဒီနှစ်အတွက်) အနိမ့်ဆုံးစျေးကို ရောက်ပြီး ဒီဇင်ဘာထဲမှာ အမြင့်ဆုံးစျေးကိုပြန်ရောက်မယ်ဆိုသဗျ။ အဆုံးအဖြတ်က ပူတင်လည်းဖြစ်နိုင်သေးတယ်ဆိုတာ ကိုတော့ မေ့ထားလို့ မရဘူးပေါ့နော်ဗျာ။ (Kyaw San)

Crd




Crd

arkarta