ရွန္ဟိုင္းၿမိဳ႕ရွိ Disney အပန္းေျဖဥယ်ာဥ္ကို ႐ုတ္တရက္ Lockdonw လုပ္လိုက္ရာ လာေရာက္ လည္ပတ္သူမ်ား ပိတ္မိ

ရွန္ဟိုင္းၿမိဳ႕ရွိ Disney အပန္းေျဖဥယ်ာဥ္ကို ႐ုတ္တရက္ Lockdonw လုပ္လိုက္ရာ လာေရာက္ လည္ပတ္သူမ်ား ပိတ္မိ

ရွန္ဟိုင္းၿမိဳ႕ရွိ Disney အပန္းေျဖဥယ်ာဥ္ကို ႐ုတ္တရက္ Lockdonw လုပ္လိုက္ရာ လာေရာက္ လည္ပတ္သူမ်ား ပိတ္မိ

ရွန္ဟိုင္းၿမိဳ႕ရွိ Disney အပန္းေျဖဥယ်ာဥ္ကို ႐ုတ္တရက္ Lockdonw လုပ္လိုက္ရာ လာေရာက္ လည္ပတ္သူမ်ား ပိတ္မိ
တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕ရွိ Disney အပန္းေျဖဥယ်ဥ္ကို သမၼတရွီက်င့္ဖ်င္ အစိုးရ၏ COVID-19 လုံးဝကင္းစင္ေရး zero-Covid မူဝါဒအရ ႐ုတ္တရက္ lockdown လုပ္လိုက္ရာ လာေရာက္လည္ပတ္သူမ်ား ပိတ္မိေနခဲ့ၾကေၾကာင္း သိရသည္။Shanghai Disney အပန္းေျဖဥယ်ာဥ္အတြင္း ေရာက္ရွိေနသူအားလုံးကို COVID-19 ကူးစက္ခံရမႈ မရွိေၾကာင္း စစ္ေဆးမႈအေျဖ ျပသႏိုင္မွသာ အျပင္ထြက္ခြင့္ ျပဳမည္ဟု ဆိုသည္။

ရွန္ဟိုင္းၿမိဳ႕တြင္ ေအာက္တိုဘာလ (၂၉) ရက္ေန႔က ျပည္တြင္းကူးစက္မႈ (၁၀) ခု ေတြ႕ရွိရၿပီးေနာက္ ထိုသို႔ စီမံေဆာင္႐ြက္လာျခင္းလည္း ျဖစ္သည္။တ႐ုတ္အစိုးရ၏ zero-Covid မူဝါဒေၾကာင့္ လူဦးေရ သန္းႏွင့္ခ်ီ အႀကိမ္ႀကိမ္ lockdown ႀကဳံခဲ့ရၿပီး တစ္ခါတရံ ပုံမွန္ မဟုတ္သည့္ေနရာမ်ားတြင္ ပိတ္မိခဲ့ၾကေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံတြင္ ႐ုတ္တရက္ lockdonw လုပ္မႈေၾကာင့္ ဆြီဒင္ပရိေဘာလုပ္ငန္းႀကီး Ikea ၏ ရွန္ဟိုင္းဆိုင္ခြဲျဖစ္ရပ္ အပါအဝင္ ေဈးဆိုင္မ်ားႏွင့္ လုပ္ငန္းခြင္မ်ားမွ လူအမ်ား ထြက္ေျပးၾကသည့္ ျဖစ္ရပ္မ်ားလည္းရွိခဲ့သည္။တ႐ုတ္အလယ္ပိုင္း Zhengzhou ၿမိဳ႕ရွိ iPhone တပ္ဆင္ထုတ္လုပ္ေရး Foxconn စက္႐ုံကိုလည္း COVID-19 ကူးစက္မႈေၾကာင့္ lockdown လုပ္ခဲ့ရာ အလုပ္သမားမ်ား ထြက္ေျပးခဲ့ၾကေၾကာင္း သိရသည္။

အြန္လိုင္းဗီဒီယိုတစ္ခုတြင္ လူ (၁၀) ဦးက ထိုစက္႐ုံ၏ ၿခံစည္း႐ိုးအျပင္ဘက္ကို ခုန္ေက်ာ္ၿပီး ထြက္ေျပးခဲ့ေၾကာင္း ေတြ႕ရသည္။Shanghai Disney ဥယ်ာဥ္တြင္ ႐ုတ္တရက္ lockdown ေၾကာင့္ ပိတ္မိေနသူမ်ားမွာမူ The Happiest Place on Earth ဟု တင္စားထားသည့္ ဥယ်ာဥ္အတြင္းရွိ စီးနင္းစရာမ်ားကို ၎တို႔အတြက္ ဆက္လက္ လည္ပတ္ေပးထားရာ အျပင္မထြက္ႏိုင္ေသာ္လည္း ေျဖသိမ့္စရာရွိေသးသည္ဟု ဆိုသည္။
Shanghai Disney အပန္းေျဖဥယ်ာဥ္အျပင္ အနီးပတ္ဝန္းက်င္ရွိ ေဈးဆိုင္တန္းမ်ားကိုလည္း ေအာက္တိုဘာလ (၃၁) ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ (၁၁) နာရီခြဲမွစၿပီး ႐ုတ္တရက္ lockdown လုပ္လိုက္ျခင္း ျဖစ္သည္။
crd#TachileikNewsAgencySource: BBC
Unicodeရှန်ဟိုင်းမြို့ရှိ Disney အပန်းဖြေဥယျာဥ်ကို ရုတ်တရက် Lockdonw လုပ်လိုက်ရာ လာရောက် လည်ပတ်သူများ ပိတ်မိ
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Disney အပန်းဖြေဥယျဥ်ကို သမ္မတရှီကျင့်ဖျင် အစိုးရ၏ COVID-19 လုံးဝကင်းစင်ရေး zero-Covid မူဝါဒအရ ရုတ်တရက် lockdown လုပ်လိုက်ရာ လာရောက်လည်ပတ်သူများ ပိတ်မိနေခဲ့ကြကြောင်း သိရသည်။Shanghai Disney အပန်းဖြေဥယျာဥ်အတွင်း ရောက်ရှိနေသူအားလုံးကို COVID-19 ကူးစက်ခံရမှု မရှိကြောင်း စစ်ဆေးမှုအဖြေ ပြသနိုင်မှသာ အပြင်ထွက်ခွင့် ပြုမည်ဟု ဆိုသည်။
ရှန်ဟိုင်းမြို့တွင် အောက်တိုဘာလ (၂၉) ရက်နေ့က ပြည်တွင်းကူးစက်မှု (၁၀) ခု တွေ့ရှိရပြီးနောက် ထိုသို့ စီမံဆောင်ရွက်လာခြင်းလည်း ဖြစ်သည်။တရုတ်အစိုးရ၏ zero-Covid မူဝါဒကြောင့် လူဦးရေ သန်းနှင့်ချီ အကြိမ်ကြိမ် lockdown ကြုံခဲ့ရပြီး တစ်ခါတရံ ပုံမှန် မဟုတ်သည့်နေရာများတွင် ပိတ်မိခဲ့ကြကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ရုတ်တရက် lockdonw လုပ်မှုကြောင့် ဆွီဒင်ပရိဘောလုပ်ငန်းကြီး Ikea ၏ ရှန်ဟိုင်းဆိုင်ခွဲဖြစ်ရပ် အပါအဝင် ဈေးဆိုင်များနှင့် လုပ်ငန်းခွင်များမှ လူအများ ထွက်ပြေးကြသည့် ဖြစ်ရပ်များလည်းရှိခဲ့သည်။တရုတ်အလယ်ပိုင်း Zhengzhou မြို့ရှိ iPhone တပ်ဆင်ထုတ်လုပ်ရေး Foxconn စက်ရုံကိုလည်း COVID-19 ကူးစက်မှုကြောင့် lockdown လုပ်ခဲ့ရာ အလုပ်သမားများ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။
အွန်လိုင်းဗီဒီယိုတစ်ခုတွင် လူ (၁၀) ဦးက ထိုစက်ရုံ၏ ခြံစည်းရိုးအပြင်ဘက်ကို ခုန်ကျော်ပြီး ထွက်ပြေးခဲ့ကြောင်း တွေ့ရသည်။Shanghai Disney ဥယျာဥ်တွင် ရုတ်တရက် lockdown ကြောင့် ပိတ်မိနေသူများမှာမူ The Happiest Place on Earth ဟု တင်စားထားသည့် ဥယျာဥ်အတွင်းရှိ စီးနင်းစရာများကို ၎င်းတို့အတွက် ဆက်လက် လည်ပတ်ပေးထားရာ အပြင်မထွက်နိုင်သော်လည်း ဖြေသိမ့်စရာရှိသေးသည်ဟု ဆိုသည်။
Shanghai Disney အပန်းဖြေဥယျာဥ်အပြင် အနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင်တန်းများကိုလည်း အောက်တိုဘာလ (၃၁) ရက် ဒေသစံတော်ချိန် နံနက် (၁၁) နာရီခွဲမှစပြီး ရုတ်တရက် lockdown လုပ်လိုက်ခြင်း ဖြစ်သည်။
crd#TachileikNewsAgencySource: BBC

Crd




14

Crd

arkarta